လားရႈိးၿမိဳ႕ နမ့္ေလာင္းေခ်ာင္းအတြင္း ကားႏွင့္အတူ က်သြားသည့္ အမ်ဳိးသားတစ္ဦးအား (၂)ရက္ေက်ာ္တြင္ ပုပ္ပြလွ်က္ျဖင့္ ေရထဲတြင္ ေတြ႔ရွိ

လားရႈိးၿမိဳ႕ နမ့္ေလာင္းေခ်ာင္းအတြင္း ကားႏွင့္အတူ က်သြားသည့္ အမ်ဳိးသားတစ္ဦးအား (၂)ရက္ေက်ာ္တြင္ ပုပ္ပြလွ်က္ျဖင့္ ေရထဲတြင္ ေတြ႔ရွိ
ဇူလိုင် 31, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕တြင္ ဇူလိုင္လ (၂၈) ရက္ေန႔ ညပိုင္းက ကားႏွင့္အတူ  ေရေခ်ာင္းထဲေမွ်ာပါ သြားသည့္ အမ်ဳိးသား၏ အေလာင္းကို ဇူလိုင္လ (၃၁) ရက္ နံနက္ပိုင္းတြင္ ျပန္လည္ ေတြ႔ရိွၿပီျဖစ္ေၾကာင္း သိရသည္။

၎အား ဇူလုိင္လ(၂၉)ရက္ေန႔ကတည္းက ရွာေဖြေနၾကျခင္းျဖစ္ၿပီး ဇူလုိင္လ (၃၁)ရက္ေန႔ နံနက္ပိုင္းတြင္ ရပ္ကြက္ (၁၂) သံမဏိဆည္အနီးတြင္ ပလပ္စတစ္ေကာက္သည့္ လင္မယားႏွစ္ဦးက ေရထဲ၌ အမ်ိဳးသားအေလာင္းကို ေတြ႔ရသျဖင့္ သက္ဆုိင္ရာသို႔ အေၾကာင္းၾကားခဲ့ရာ ၾကက္ေျခနီအဖြဲ႔ႏွင့္ လူမႈႈကူညီေရး အဖြဲ႔မ်ားက ဆယ္ယူခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။

"မနက္ (၈ ) နာရီေလာက္မွာ ေတြ႔တာ။ ဆယ္တာကေတာ့ လူမႈကူညီေရးအဖြဲ႔ေတြ အမ်ားႀကီး ပါ ပါတယ္။ ကၽြန္ေတာ္တို႔  အသင္းကားနဲ႔သြားၿပီး သယ္ေပးခ့ဲတာ ျဖစ္ပါတယ္"ဟု ေကာင္းဆာ ပရဟိတ အဖြဲ႔မွ ကိုမ်ိဳးမင္းေအာင္ က တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးသြားသူမွာ ၿငိမ္းေက်ာ္ဦး (ခ)ကိုခ်ိဳ ဆိုသူျဖစ္ေၾကာင္း သိရၿပီး  ဇူလိုင္လ (၂၈) ရက္ေန႔ ည (၁၁) နာရီ၀န္းက်င္က လားရႈိးၿမိဳ႕ အေဝရာလမ္းရွိ နမ့္ေလာင္းေခ်ာင္းကူးတံတားအား ျဖတ္သန္းစဥ္ ေခ်ာင္းအတြင္း ျပဳတ္က်ခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဇူလိုင်လ (၂၈) ရက်နေ့ ညပိုင်းက ကားနှင့်အတူ ရေချောင်းထဲမျှောပါ သွားသည့် အမျိုးသား၏ အလောင်းကို ဇူလိုင်လ (၃၁) ရက် နံနက်ပိုင်းတွင် ပြန်လည် တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။

၎င်းအား ဇူလိုင်လ(၂၉)ရက်နေ့ကတည်းက ရှာဖွေနကြခြေင်းဖြစ်ပြီး ဇူလိုင်လ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက် (၁၂) သံမဏိဆည်အနီးတွင် ပလပ်စတစ်ကောက်သည့် လင်မယားနှစ်ဦးက ရေထဲ၌ အမျိုးသားအလောင်းကို တွေ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ ကြက်ခြေနီအဖွဲ့နှင့် လူမှုကူညီရေး အဖွဲ့များက ဆယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မနက် (၈ ) နာရီလောက်မှာ တွေ့တာ။ ဆယ်တာကတော့ လူမှုကူညီရေးအဖွဲ့တွေ အများကြီး ပါ ပါတယ်။ ကျွန်တော်တို့ အသင်းကားနဲ့သွားပြီး သယ်ပေးခဲ့တာ ဖြစ်ပါတယ်"ဟု ကောင်းဆာ ပရဟိတ အဖွဲ့မှ ကိုမျိုးမင်းအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသွားသူမှာ ငြိမ်းကျော်ဦး (ခ)ကိုချို ဆိုသူဖြစ်ကြောင်း သိရပြီး ဇူလိုင်လ (၂၈) ရက်နေ့ ည (၁၁) နာရီဝန်းကျင်က လားရှိုးမြို့ အဝေရာလမ်းရှိ နမ့်လောင်းချောင်းကူးတံတားအား ဖြတ်သန်းစဉ် ချောင်းအတွင်း ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~