တာခ်ီလိတ္သို႔ ခုိးဝင္လာသည့္ ထုိင္းႏုိင္ငံသားႏွင့္ ကူညီသူတို႔ကို လဝကဥပေဒျဖင့္ အေရးယူထား

တာခ်ီလိတ္သို႔ ခုိးဝင္လာသည့္ ထုိင္းႏုိင္ငံသားႏွင့္ ကူညီသူတို႔ကို လဝကဥပေဒျဖင့္ အေရးယူထား
ဇူလိုင် 4, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ခိုးဝင္လာသည့္ ထုိင္းႏုိင္ငံသားႏွင့္ ေခၚေဆာင္လာသူတို႔အား ၿမိဳ႕အဝင္တြင္ ပူးေပါင္းအဖြဲ႕က စစ္ေဆးေနစဥ္ ၎တို႔အားတင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂)ရက္ေန႔ နံနက္ (၁၀)နာရီခြဲဝန္းက်င္၌  မုိင္းကိုးေက်းရြာဘက္မွ တာခ်ီလိတ္ၿမိဳ႕ဘက္သို႔ ေမာင္းဝင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား တာဝန္က်အရာရိွမ်ားကစစ္ေဆးရာ အဆိုပါေမာ္ေတာ္ယာဥ္တြင္  ႏိုင္ငံျဖတ္ေက်ာ္ခြင့္အေထာက္အထားမပါသည့္ ထုိင္းႏုိင္ငံသားႏွင့္ ေခၚေဆာင္လာသည့္အမ်ိဳးသားတို႔အား ေတြ႔ရ၍ စစ္ေဆးေနစဥ္ ၎တို႔အား တင္ေဆာင္လာသည့္ Hilux Revo အမ်ိဳးအစားခဲေရာင္ယာဥ္က ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း သိရသည္။

ယာဥ္ေပၚလိုက္ပါလာသည့္ အေထာက္အထားမဲ့ ထုိင္းႏုိုင္ငံသားအား စစ္ေဆးရာ ထိုင္းႏုိင္ငံ မုန္ဖဲၿမိဳ႕၊ ကေဆာရြာတြင္ေနထိုင္သည့္ အသက္(၃၀)အရြယ္ ဆူဝပ္ခ်ိဳင္းဆိုသူျဖစ္ေၾကာင္း သိရၿပီး ၎သည္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၅)ရက္ေန႔တြင္ မယ္ဆုိင္ၿမိဳ႕မွတစ္ဆင့္ ျမန္မာ - ထုိင္းနယ္စပ္ မယ္ဆုိင္ေခ်ာင္းကို တရားမဝင္ျဖတ္ကူးၿပီး တာခ်ီလိတ္ၿမိဳ႕မွ အိုက္ပီးဆိုသူႏွင့္အတူ မယ္ယန္းေက်းရြာသို႔ သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မယ္ယန္းရိွ ၿခံတစ္ၿခံတြင္ (၅)ရက္ခန္႔ေနထုိင္ခဲ့ၿပီး ဇူလုိင္လ (၁)ရက္ေန႔တြင္ အုိက္ပီးႏွင့္အတူ ယန္းခမ္းရြာသို႔ သြားေရာက္ၿပီးေနာက္ ဇူလိုင္လ (၂)ရက္ေန႔တြင္ ယန္းခမ္းမွ မယ္ယန္းသို႔ ကားႀကံဳျဖင့္ျပန္လာစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရိွရသည္ဟု သိရသည္။

တရားမဝင္ ဝင္ေရာက္လာသည့္ ထုိင္းႏုိင္ငံသား ဆူဝပ္ခ်ိဳင္းနွင့္ ခိုးဝင္လာသူအား အားေပးကူညီသည့္ အုိက္ပီးတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၁၅/၂၀၁၈၊ လဝကအက္ ၁၃(၁)/ ၁၃(၅)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်သို့ ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားနှင့် ကူညီသူတို့ကို လဝကဥပဒေဖြင့် အရေးယူထား
*********************************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားနှင့် ခေါ်ဆောင်လာသူတို့အား မြို့အဝင်တွင် ပူးပေါင်းအဖွဲ့က စစ်ဆေးနေစဉ် ၎င်းတို့အားတင်ဆောင်လာသည့် မော်တော်ယာဉ် မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်၌ မိုင်းကိုင်းကျေးရွာဘက်မှ တာချီလိတ်မြို့ဘက်သို့ မောင်းဝင်လာသည့် မော်တော်ယာဉ်တစ်စီးအား တာဝန်ကျအရာရှိများက စစ်ဆေးရာ အဆိုပါမော်တော်ယာဉ်တွင်  နိုင်ငံဖြတ်ကျော်ခွင့်အထောက်အထားမပါသည့် ထိုင်းနိုင်ငံသားနှင့် ခေါ်ဆောင်လာသည့်အမျိုးသားတို့အား တွေ့ရ၍ စစ်ဆေးနေစဉ် ၎င်းတို့အား တင်ဆောင်လာသည့် Hilux Revo အမျိုးအစားခဲရောင်ယာဉ်က မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ယာဉ်ပေါ်လိုက်ပါလာသည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားအား စစ်ဆေးရာ ထိုင်းနိုင်ငံ မုန်ဖဲမြို့၊ ကဆောရွာတွင်နေထိုင်သည့် အသက်(၃၀)အရွယ် ဆူဝပ်ချိုင်းဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းသည် ၂၀၁၈ ခုနှစ် ဇွန်လ (၂၅)ရက်နေ့တွင် မယ်ဆိုင်မြို့မှတစ်ဆင့် မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းကို တရားမဝင်ဖြတ်ကူးပြီး တာချီလိတ်မြို့မှ အိုက်ပီးဆိုသူနှင့်အတူ မယ်ယန်းကျေးရွာသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မယ်ယန်းရှိ ခြံတစ်ခြံတွင် (၅)ရက်ခန့်နေထိုင်ခဲ့ပြီး ဇူလိုင်လ (၁)ရက်နေ့တွင် အိုက်ပီးနှင့်အတူ ယန်းခမ်းရွာသို့ သွားရောက်ပြီးနောက် ဇူလိုင်လ (၂)ရက်နေ့တွင် ယန်းခမ်းမှ မယ်ယန်းသို့ ကားကြုံဖြင့်ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။

တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား ဆူဝပ်ချိုင်းနှင့် ခိုးဝင်လာသူအား အားပေးကူညီသည့် အိုက်ပီးတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၁၅/၂၀၁၈၊ လဝကအက် ၁၃(၁)/ ၁၃(၅)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~