တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕တြင္ ေရႊႏွင့္လက္ကိုင္ဖုန္း ခိုးယူလာသည္ဟု သံသယရွိသူကို ဖမ္းဆီးရမိ

တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕တြင္ ေရႊႏွင့္လက္ကိုင္ဖုန္း ခိုးယူလာသည္ဟု သံသယရွိသူကို ဖမ္းဆီးရမိ
ဇူလိုင် 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္၊ စြပ္ပေလာင္းေက်းရြာတြင္ ေရႊႏွင့္ လက္ကိုင္ ဖုန္းတုိ႔ ခိုးယူလာသည္ဟု ယူဆရသည့္ အမ်ိဳးသားတစ္ဦးကို ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၂၂)ရက္ေန႔ ညေန (၆)နာရီေက်ာ္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ႏွင့္ တပ္ဖြဲ႕ဝင္မ်ားသည္ စြပ္ပေလာင္းေက်းရြာသို႔ ေရာက္ရိွေနစဥ္ ျပည္ေထာင္စု ကားလမ္းမအတုိင္း မုိင္းျဖတ္ဘက္မွ က်ိဳင္းတံုဘက္သို႔ လမ္းေလွ်ာက္ လာသည့္ မသကၤာဖြယ္ အမ်ိဳးသားတစ္ဦးကို ေတြ႔ရ၍ စစ္ေဆးရာ ၎၏ ေဘးလြယ္အိတ္အတြင္းမွ မိန္းမကိုင္ ပိုက္ဆံအိတ္တစ္လံုး၊ လက္ကိုင္ဖုန္း(၂)လံုး၊ ဦးကိုန အမည္ပါ အိမ္ေထာင္စုစာရင္းစာရြက္ (၁)ရြက္၊ မအီၾကဴမာႏွင့္ ေမာင္ယာလဲအမည္ပါ ႏုိင္ငံသားစိစစ္ေရးကဒ္(၂)ခု၊ ေရႊဆြဲႀကိဳး(၁)ကံုးႏွင့္ ေရႊဝယ္ေဘာင္ခ်ာတို႔ကို စစ္ေဆးေတြ႔ရိွရၿပီး အဆိုပါ ပစၥည္းမ်ားႏွင့္ပတ္သက္၍ ေျပာဆိုႏုိင္ျခင္းမရိွသျဖင့္ ခိုးယူလာသည္ဟု ယူဆကာ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိရသည္။

ခိုးမႈျဖင့္ မသကၤာသည့္ ဇင္မ်ိဳးထြန္းအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၅၄ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း -  ကိုသာ
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ စွပ်ပလောင်းကျေးရွာတွင် ရွှေနှင့် လက်ကိုင် ဖုန်းတို့ ခိုးယူလာသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့ ညနေ (၆)နာရီကျော်က ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဖြတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များသည် စွပ်ပလောင်းကျေးရွာသို့ ရောက်ရှိနေစဉ် ပြည်ထောင်စု ကားလမ်းမအတိုင်း မိုင်းဖြတ်ဘက်မှ ကျိုင်းတုံဘက်သို့ လမ်းလျှောက် လာသည့် မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို တွေ့ရ၍ စစ်ဆေးရာ၎င်း၏ ဘေးလွယ်အိတ်အတွင်းမှ မိန်းမကိုင် ပိုက်ဆံအိတ်တစ်လုံး၊ လက်ကိုင်ဖုန်း(၂)လုံး၊ ဦးကိုန အမည်ပါ အိမ်ထောင်စုစာရင်းစာရွက် (၁)ရွက်၊ မအီကြူမာနှင့် မောင်ယာလဲအမည်ပါ နိုင်ငံသားစိစစ်ရေးကဒ်(၂)ခု၊ ရွှေဆွဲကြိုး(၁)ကုံးနှင့် ရွှေဝယ်ဘောင်ချာတို့ကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါ ပစ္စည်းများနှင့်ပတ်သက်၍ ပြောဆိုနိုင်ခြင်းမရှိသဖြင့် ခိုးယူလာသည်ဟု ယူဆကာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ခိုးမှုဖြင့် မသင်္ကာသည့် ဇင်မျိုးထွန်းအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ကိုသာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~