ရွမ္းျပည္နယ္အေရွ႕ပိုင္းအတြင္းရွိ ၿမိဳ႕မ်ားအနက္ တာခ်ီလိတ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈ အျမင့္ဆံုးျဖစ္ေန

ရွမ္းျပည္နယ္အေရွ႕ပိုင္းအတြင္းရွိ ၿမိဳ႕မ်ားအနက္ တာခ်ီလိတ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈ အျမင့္ဆံုးျဖစ္ေန
ဇူလိုင် 20, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသတြင္ တာခ်ီလိတ္ၿမိဳ႕နယ္က ၂၀၁၈ ခုႏွစ္အတြင္း ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈ အျမင့္ဆံုးျဖစ္ေနၿပီး အသက္(၁၅)ႏွစ္အထက္လူနာမ်ား ပိုမ်ားလာေၾကာင္း သိရသည္။

“ ရွမ္းျပည္နယ္အေရွ႕ပိုင္း (၁၀)ၿမိဳ႕နယ္ထဲမွာ တာခ်ီလိတ္က အမ်ားဆံုးျဖစ္ေနတယ္။ မုိင္းတံုက ဒုတိယ လုိက္တယ္။ တာခ်ီလိတ္က လူဦးေရထူထပ္တာေရာ၊ ၿမိဳ႕ျပဆန္တာေရာဆိုေတာ့ ျဖစ္ပြားမႈႏႈန္း ျမင့္တာလည္း ပါ ပါတယ္။ ဒီႏွစ္မွာ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈ ျမင့္တက္ႏုိင္တယ္လို႔ ႏွစ္စကတည္းက စာဝင္တာေၾကာင့္ အရင္ႏွစ္ေတြထက္ အသိပညာေပးေတြ ပိုၿပီးလုပ္ေဆာင္ဖို႔ အစည္းအေဝးမွာ ညိႇႏိႈင္းၾကၿပီးေတာ့ က်န္းမာေရးဌာန အားလံုးကလည္း လုပ္ၾကပါတယ္။ ရာသီဥတု ေျပာင္းလဲလာတာေၾကာင့္လည္း ျခင္ေပါက္ပြားမႈ ပိုမ်ားလာတယ္ ေျပာရမယ္”ဟု တာခ်ီလိတ္ခရိုင္ ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ ခုႏွစ္ ႏွစ္ဆန္းမွစ၍ ဇူလိုင္လ(၂၀)ရက္ေန႔အထိ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေသြးလြန္ တုပ္ေကြးလူနာ စုစုေပါင္း (၂၁၆) ဦးရိွေနၿပီး အသက္(၁၅)ႏွစ္အထက္ လူႀကီးမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ၂၀၁၇ ခုနွစ္က မုိင္းတံုၿမိဳ႕နယ္၌ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈ အမ်ားဆံုးျဖစ္ခဲ့သျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ေရး အသိပညာေပးလုပ္ငန္းမ်ားကို ၂၀၁၈ ခုႏွစ္ ႏွစ္ဆန္းကတည္းက တိုးျမႇင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ေရး အသိပညာေပးေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ေနရာ တာခ်ီလိတ္ၿမိဳ႕ရိွ ကုတင္ (၁၀၀)ဆံ့ ျပည္သူ႔ေဆးရံုတြင္ ဇူလုိင္လ(၂၀)ရက္ေန႔က က်င္းပရာ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာန ျပည္နယ္ဦးစီးဌာနမွဴး ေဒါက္တာေဇာ္လင္း၊ တာခ်ီလိတ္ခရိုင္ ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္း၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕ (ရပကန)မွ ေဒါက္တာဘစိုးသက္၊ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုမွ သမားေတာ္ ေဒါက္တာ ေနလင္းေအာင္ႏွင့္ ကေလးအထူးကုဆရာဝန္ ေဒါက္တာ ေက်ာ္စြြာျမင့္တို႔က ေသြးလြန္တုပ္ေကြးပညာေပးရွင္းလင္းေဟာေျပာၿပီး တက္ေရာက္ လာသူမ်ားက ေမးျမန္းသည္မ်ားကို ေျဖၾကားခဲ့သည္။

ေသြးလြန္တုပ္ေကြးေရာဂါမွာ ေရာဂါပိုးသယ္ေဆာင္သည့္ျခင္အကိုက္ခံရျခင္းေၾကာင့္ ျဖစ္ပြားသျဖင့္ ျခင္အကိုက္မခံရရန္ႏွင့္ မိမိတို႔ဝန္းက်င္ရိွ ေရထည့္သြင္းသိုေလွာင္သည့္ေနရာမ်ား၊ ေရတင္က်န္သည့္ ေနရာမ်ားတြင္ ျခင္ေပါက္ပြားမႈမရိွေစရန္ လုပ္ေဆာင္ျခင္းျဖင့္ ေရာဂါကို ကာကြယ္ႏုိင္ၿပီး ေသြးလြန္ တုပ္ေကြးေရာဂါျဖစ္သည္ဟု ယူဆပါက ေဆးရံု၊ေဆးခန္းမ်ားသို႔ အခ်ိန္မီျပသရန္ လိုအပ္ေၾကာင္း သတိေပးထားသည္။

Tachileik News Agency
ဓါတ္ပံု - ဦးသိန္းေရႊ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် တာချီလိတ်မြို့နယ်က ၂၀၁၈ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်နပြေီး အသက်(၁၅)နှစ်အထက်လူနာများ ပိုများလာကြောင်း သိရသည်။

“ ရှမ်းပြည်နယ်အရှေ့ပိုင်း (၁၀)မြို့နယ်ထဲမှာ တာချီလိတ်က အများဆုံးဖြစ်နေတယ်။ မိုင်းတုံက ဒုတိယ လိုက်တယ်။ တာချီလိတ်က လူဦးရေထူထပ်တာရော၊ မြို့ပြဆန်တာရောဆိုတော့ ဖြစ်ပွားမှုနှုန်း မြင့်တာလည်း ပါ ပါတယ်။ ဒီနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်နိုင်တယ်လို့ နှစ်စကတည်းက စာဝင်တာကြောင့် အရင်နှစ်တွေထက် အသိပညာပေးတွေ ပိုပြီးလုပ်ဆောင်ဖို့ အစည်းအဝေးမှာ ညှိနှိုင်းကြပြီးတော့ ကျန်းမာရေးဌာန အားလုံးကလည်း လုပ်ကြပါတယ်။ ရာသီဥတု ပြောင်းလဲလာတာကြောင့်လည်း ခြင်ပေါက်ပွားမှု ပိုများလာတယ် ပြောရမယ်”ဟု တာချီလိတ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ ခုနှစ် နှစ်ဆန်းမှစ၍ ဇူလိုင်လ(၂၀)ရက်နေ့အထိ တာချီလိတ်မြို့နယ်အတွင်း သွေးလွန် တုပ်ကွေးလူနာ စုစုပေါင်း (၂၁၆) ဦးရှိနပြေီး အသက်(၁၅)နှစ်အထက် လူကြီးများလည်း ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၀၁၇ ခုနှစ်က မိုင်းတုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့သဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် နှစ်ဆန်းကတည်းက တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲများ လုပ်ဆောင်နေရာ တာချီလိတ်မြို့ရှိ ကုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဇူလိုင်လ(၂၀)ရက်နေ့က ကျင်းပရာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာဇော်လင်း၊ တာချီလိတ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ (ရပကန)မှ ဒေါက်တာဘစိုးသက်၊ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ သမားတော် ဒေါက်တာ နေလင်းအောင်နှင့် ကလေးအထူးကုဆရာဝန် ဒေါက်တာ ကျော်စွာမြင့်တို့က သွေးလွန်တုပ်ကွေးပညာပေးရှင်းလင်းဟောပြောပြီး တက်ရောက် လာသူများက မေးမြန်းသည်များကို ဖြကြေားခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါမှာ ရောဂါပိုးသယ်ဆောင်သည့်ခြင်အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသဖြင့် ခြင်အကိုက်မခံရရန်နှင့် မိမိတို့ဝန်းကျင်ရှိ ရေထည့်သွင်းသိုလှောင်သည့်နေရာများ၊ ရေတင်ကျန်သည့် နေရာများတွင် ခြင်ပေါက်ပွားမှုမရှိစေရန် လုပ်ဆောင်ခြင်းဖြင့် ရောဂါကို ကာကွယ်နိုင်ပြီး သွေးလွန် တုပ်ကွေးရောဂါဖြစ်သည်ဟု ယူဆပါက ဆေးရုံ၊ဆေးခန်းများသို့ အချိန်မီပြသရန် လိုအပ်ကြောင်း သတိပေးထားသည်။

Tachileik News Agency
ဓာတ်ပုံ - ဦးသိန်းရွှေ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~