မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသူများ ရှိနိုင်မည့်နေရာကို ဒီနေ့ရောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ထိုင်းဒုဝန်ကြီးချုပ်ဆို https://www.tachileik.net/2018/07/Cave8.html

မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသူများ ရှိနိုင်မည့်နေရာကို ဒီနေ့ရောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ထိုင်းဒုဝန်ကြီးချုပ်ဆို https://www.tachileik.net/2018/07/Cave8.html
ဇူလိုင် 2, 2018
By Tachileik News Agency


ဒီမနက်မှာ ရေတပ်အထူး အဖွဲ့ဟာ ကလေးတွေရှိနိုင်တဲ့ ဖတ္တရားကမ်းခြေနဲ့ နီးကပ်နေပြီဖြစ်တဲ့ ဂူအဝင် လမ်းကြောင်းဆုံရာကို ရောက်နေပြီး ရှေ့ဆက်ဝင်ဖို့အတွက် ကျဉ်းမြောင်းတဲ့ ဂူလမ်းကြောင်း အတွင်း ရေစီး သန်နေတာကြောင့် အခက်အခဲတော့ ဖြစ်နေရတယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို အနီးကပ် စောင့်ကြည့်နေတဲ့ ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ပရာဝပ်က ပြောကြားလိုက်ပါတယ်။



ထမ့်လွမ်ခွန်နမ့် နန်းနွမ်အမျိုးသားဥယျာဉ်ထဲက ထမ့်လွမ်ဂူအတွင်း ဇွန်လ (၂၃)ရက်နေ့ကတည်းက ပိတ်မိနေသူ (၁၃)ဦးကို ထိုင်းရေတပ်အထူးအဖွဲ့ အပါအဝင် အခြားတပ်ဖွဲ့များနဲ့အတူ နိုင်ငံတကာက ကယ်ဆယ်ရေးသမားတွေပါ ပူးပေါင်းရှာဖွေနေကြတာဖြစ်ပါတယ်။

Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းရေတပ်အထူးအဖွဲ့ဟာ မယ်ဆိုင်ဂူအတွင်း ကလေးတွေရှိတယ်လို့ ခန့်မှန်းထားတဲ့နေရာကို ဒီနေ့ ရောက်နိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ် ပရာဝပ် ဝန်ဆုဝမ်းက ရှာဖွေရေး (၁၀)ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ (၂)ရက်နေ့မှာ ဘန်ကောက်မှာ ပြောကြားလိုက်တယ်လို့ ThaiPBSမှာ ဖော်ပြထားပါတယ်။

ဒီမနက်မှာ ရေတပ်အထူး အဖွဲ့ဟာ ကလေးတွေရှိနိုင်တဲ့ ဖတ္တရားကမ်းခြေနဲ့ နီးကပ်နပြေီဖြစ်တဲ့ ဂူအဝင် လမ်းကြောင်းဆုံရာကို ရောက်နပြေီး ရှေ့ဆက်ဝင်ဖို့အတွက် ကျဉ်းမြောင်းတဲ့ ဂူလမ်းကြောင်း အတွင်း ရေစီး သန်နေတာကြောင့် အခက်အခဲတော့ ဖြစ်နေရတယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို အနီးကပ် စောင့်ကြည့်နေတဲ့ ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ပရာဝပ်က ပြောကြားလိုက်ပါတယ်။

ဂူလမ်းကြောင်းဆုံရာနဲ့ ဖတ္တရားကမ်းခြေကို ကျယ်ပြန့်တဲ့ ရေထုက တားဆီးနေတာဖြစ်ပါတယ်။

ပိတ်မိနေသူ လူငယ်(၁၃)ဦးလုံးကို ခန့်မှန်းထားတဲ့နေရာမှာပဲ ရှိနေဖို့ မျှော်လင့်တယ်လို့လည်း ဗိုလ်ချုပ်ပရာဝပ်က ပြောပါတယ်။

ထမ့်လွမ်ခွန်နမ့် နန်းနွမ်အမျိုးသားဥယျာဉ်ထဲက ထမ့်လွမ်ဂူအတွင်း ဇွန်လ (၂၃)ရက်နေ့ကတည်းက ပိတ်မိနေသူ (၁၃)ဦးကို ထိုင်းရေတပ်အထူးအဖွဲ့ အပါအဝင် အခြားတပ်ဖွဲ့များနဲ့အတူ နိုင်ငံတကာက ကယ်ဆယ်ရေးသမားတွေပါ ပူးပေါင်းရှာဖွေနကြေတာဖြစ်ပါတယ်။

Tachileik News Agency
Photo crd: Thai PBS , Thairath

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~