မယ်ဆိုင်ဂူ ဧရိယာ သန့်ရှင်းရေးသို့ စေတနာ့ လုပ်အားပေး (၄၀၀၀)ကျော် သန့်ရှင်းရေး ပြုလုပ်နေ

မယ်ဆိုင်ဂူ ဧရိယာ သန့်ရှင်းရေးသို့ စေတနာ့ လုပ်အားပေး (၄၀၀၀)ကျော် သန့်ရှင်းရေး ပြုလုပ်နေ
ဇူလိုငျ 14, 2018
By Tachileik News Agency


ဂူ၏ ဧရိယာအတွင်း စေတနာရှင် လုပ်အားပေးများဖြင့် သန့်ရှင်းရေးအား ဇူလိုင်လ(၁၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပြုလုပ် သွားမည်ဖြစ်ပြီး၊ ဂူအား ကမ္ဘာလှည့်ခရီးသွားများအထိ လာရောက် လည်ပတ်နိုင်ရန် အတွက် အကြီးစားပြုပြင်မှုကို ပြုပြင်မှုကာလ (၆)လ သတ်မှတ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂူဧရိယာတွင် စုပေါင်း သန့်ရှင်းရေးပြုလုပ်နေလျှက်ရှိရာ အသက်အငယ်ဆုံးအနေဖြင့် အသက်(၇)နှစ်အရွယ်မှ လူကြီးအရွယ်အထိ ပါဝင်ပြီး စုစုပေါင်း အင်အား(၄၀၀၀)ကျော်မှ ဇူလိုင်လ(၁၁)နှင့်(၁၂)ရက်နေ့များက စာရင်းပေးကာ ယနေ့တွင် လာရောက်၍ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။


အဆိုပါ ဂူအတွင်းသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက စ၍  တောဝက်ဘောလုံးအသင်း၏ ကစားသမား လူငယ်(၁၂)ဦးနှင့် နည်းပြ(၁)ဦး စုစုပေါင်း လူငယ်(၁၃)ဦးတို့ ၀င်ရောက်သွားရာမှ ဂူအတွင်း ရေကြီးလာမှုများကြောင့် ပြန်မထွက်လာနိုင်တော့ဘဲ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေ ကယ်ဆယ်မှုများ ပုလုပ်ရာ ဂူအတွင်းမှ လူငယ်များအား ဇူလိုင်လ(၂)ရက်နေ့ ညပိုင်းက ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဇူလိုင်လ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၃)ရက်တိတိ ခွဲထုတ်ကယ်ဆယ်ခဲ့ရပြီးနောက် ယခုအခါမှာ လူငယ်(၁၃)ဦးမှာ ချင်းရိုင်းဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေလျှက်ရှိပြီး ကျန်းမာရေး ကောင်းမွန်နေလျှက်ရှိသည်။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြင်ရှိ ထမ့်လွမ်ဂူနှင့် ပတ်သက်၍ လူငယ်(၁၃)ဦး ကယ်ဆယ်ရေး အပြီးတွင် အဆိုပါ ဧရိယာအတွင်း သဘာဝပတ်ဝန်းကျင် အနေအထား အရ မူလ အတိုင်းပြန်လည် ထိန်းသိမ်းရေး အတွက် စေတနာရှင် လုပ်အားပေးများဖြင့် ဇူလိုင်လ(၁၄)ရက်နေ့က စတင် ဆောင်ရွက်ရာ ချင်းရိုင်း၊ မယ်ဆိုင် နှင့် နီးစပ်ရာ မြို့များမှ အင်အား(၄၀၀၀)ကျော် လာရောက်၍ ဆောင်ရွက်နေကြောင်း သိရသည်။

ဂူ၏ ဧရိယာအတွင်း စေတနာရှင် လုပ်အားပေးများဖြင့် သန့်ရှင်းရေးအား ဇူလိုင်လ(၁၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပြုလုပ် သွားမည်ဖြစ်ပြီး၊ ဂူအား ကမာ္ဘလှည့်ခရီးသွားများအထိ လာရောက် လည်ပတ်နိုင်ရန် အတွက် အကြီးစားပြုပြင်မှုကို ပြုပြင်မှုကာလ (၆)လ သတ်မှတ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂူဧရိယာတွင် စုပေါင်း သန့်ရှင်းရေးပြုလုပ်နေလျှက်ရှိရာ အသက်အငယ်ဆုံးအနဖြေင့် အသက်(၇)နှစ်အရွယ်မှ လူကြီးအရွယ်အထိ ပါဝင်ပြီး စုစုပေါင်း အင်အား(၄၀၀၀)ကျော်မှ ဇူလိုင်လ(၁၁)နှင့်(၁၂)ရက်နေ့များက စာရင်းပေးကာ ယနေ့တွင် လာရောက်၍ လုပ်ဆောင်နကြခြေင်း ဖြစ်သည်။

လက်ရှိတွင် ထမ့်လွမ်ဂူဧရိယာ နှင့် ဂူအတွင်းသို့ ဝင်ရောက်လည်ပတ်ခွင့်ကို ယာယီ ပိတ်ထားလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဂူအတွင်းသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက စ၍ တောဝက်ဘောလုံးအသင်း၏ ကစားသမား လူငယ်(၁၂)ဦးနှင့် နည်းပြ(၁)ဦး စုစုပေါင်း လူငယ်(၁၃)ဦးတို့ ဝင်ရောက်သွားရာမှ ဂူအတွင်း ရကြေီးလာမှုများကြောင့် ပြန်မထွက်လာနိုင်တော့ဘဲ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေ ကယ်ဆယ်မှုများ ပုလုပ်ရာ ဂူအတွင်းမှ လူငယ်များအား ဇူလိုင်လ(၂)ရက်နေ့ ညပိုင်းက ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဇူလိုင်လ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၃)ရက်တိတိ ခွဲထုတ်ကယ်ဆယ်ခဲ့ရပြီးနောက် ယခုအခါမှာ လူငယ်(၁၃)ဦးမှာ ချင်းရိုင်းဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေလျှက်ရှိပြီး ကျန်းမာရေး ကောင်းမွန်နေလျှက်ရှိသည်။

Tachileik News Agency
Photo: စည်သူမောင်၊ the government Public Relations Department, Office of the Prime Minister

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~