မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေများနဲ့ လူငယ်များရှိနေတယ်လို့ ခန့်မှန်းထားတဲ့နေရာကို ဆက်လက်သွားနေကြောင်း (၁၀)ရက်မြောက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်

မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေများနဲ့ လူငယ်များရှိနေတယ်လို့ ခန့်မှန်းထားတဲ့နေရာကို ဆက်လက်သွားနေကြောင်း (၁၀)ရက်မြောက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်
ဇူလိုငျ 2, 2018
By Tachileik News Agency
လက်ရှိအချိန်ထိ ဂူအတွင်းမှာ ရေစုပ်စက် (၁၅)လုံးနဲ့ ရေစုပ်ထုတ်ခြင်းကို ဆက်တိုက် လုပ်နေပြီး ဂူထဲက ရေ(၁)စင်တီမီတာကျဖို့ အချိန်တစ်နာရီကြာတယ်လို့ ဆိုပါတယ်။
ပြင်ပက ကယ်ဆယ်ရေးအဖွဲ့တွေ၊ ကလေးမိဘတွေ၊ သတင်းဌာနတွေ အပါအဝင် အားလုံးက ပင်ပန်းနေကြသလို အထဲမှာ ပိတ်မိနေတဲ့ ကလေးတွေ အားအင်ချိနဲ့ ပင်ပန်းနေကြမှာဖြစ်တဲ့အတွက် ရှာဖွေ ကယ်ဆယ်ရေးကို နိုင်ငံတကာက အဖွဲ့တွေနဲ့အတူ လျင်လျင်မြန်မြန်ဖြစ်အောင် လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။
 
ဒီသတင်းစာရှင်းလင်းပွဲ အပြီးမှာ အထဲက ကလေးတွေ အသက်ရှင်နေအုံးမယ်လို့ မျှော်လင့်ပါ သလားဆိုတာနဲ့ ကလေးတွေကိုတွေ့ရင် ချက်ချင်းခေါ်ထုတ်လာမှာလားလို့ သတင်းထောက်တွေက ခရိုင်အုပ်ချုပ်ရေးမှူးကို မေးခဲ့အခါမှာ ဆရာဝန်တွေရဲ့ ခန့်မှန်းထားချက်အရဆိုရင် ကလေးတွေဟာ ဂူထဲကရေကိုပဲ သောက်ပြီး တစ်လလောက်အထိ အသက်ရှိနေနိုင်သေးတယ်လို့ ပြောတာကြောင့် သူတို့အနေနဲ့ အသက်ရှင် နေအုန်းမယ်လို့ မျှော်လင့်ထားကြောင်းနဲ့ ကလေးတွေကို တွေ့ခဲ့ရင် သူတို့ဟာ အချိန်ကြာမြင့်စွာ ဂူအတွင်း ပိတ်မိနေတာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာနဲ့ အမြင်အာရုံက အလင်းရောင်ကို လက်ခံဖို့မှာ ပြဿနာတွေ ရှိနိုင်တာကြောင့် ချက်ချင်း အပြင်ကို ထုတ်လို့ မရသေးဘဲ အထဲမှာ ကုသမှု အရင်လုပ်ပြီးမှ အပြင်ကို ထုတ်လာရမှာ ဖြစ်တယ်လို့ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး နလုန်းဆတ် အိုစထာနကွန်းက သတင်းထောက်တွေကို ဖြေကြားသွားခဲ့ခြင်း ဖြစ်ပါတယ်။ 
ကလေးတွေရှိတယ်လို့ မျှော်မှန်းထားတဲ့နေရာကို ရောက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဇူလိုင်လ(၂)ရက်နေ့ ညပိုင်းအထိ  ကြိုးစားနေဆဲဖြစ်ပြီး ကလေးတွေရဲ့ အခြေအနေကို မျှော်မှန်းပြီး ပြင်ဆင်မှုတွေ လုပ်နေကြတာလို့ သိရပါတယ်။
သတင်း - စည်သူမောင်
ဓါတ်ပုံ - ဇောင်းညီ

~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဂူအတွင်း လူငယ်(၁၃)ဦး ပိတ်မိပျောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေး (၁၀)ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ(၂)ရက်နေ့ ညနေ (၄)နာရီခွဲကျော်မှာ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး အပါအဝင် တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲကို လုပ်ဆောင်ရာမှာ လက်ရှိကယ်ဆယ်ရေး လုပ်နေရတဲ့ အခြေအနေကိုသာ ရှင်းလင်းသွားပြီးတော့ ကလေးတွေရှိနေတဲ့ နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ သွားနေဆဲပဲလို့ ဆိုပါတယ်။

အမျိုးသားဥယျာဉ်ထိန်းသိမ်းရေးနဲ့ ဆည်မြောင်းဌာနတို့ အကူအညီနဲ့ ဂူအတွင်းဝင်မယ့် စိမ့်စမ်းချောင်း နှစ်ခုကို ရေလမ်းကြောင်း လွှဲပြောင်းနိုင်ခဲ့တဲ့ အပြင် ပတ်ဝန်းကျင်ကျေးရွာသားတွေ အတည်ပြုမှုနဲ့ ဂူထဲဝင်မယ့် ချောင်းတစ်ခုကိုလည်း ရေလမ်းကြောင်း လွှဲပေးနိုင်ခဲ့တာကြောင့် ဂူထဲရှိ ရေတွေ လျော့ကျလာတယ်လို့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နလုန်းဆတ် အိုစထာနကွန်း က ပြောပါတယ်။

လက်ရှိအချိန်ထိ ဂူအတွင်းမှာ ရေစုပ်စက် (၁၅)လုံးနဲ့ ရေစုပ်ထုတ်ခြင်းကို ဆက်တိုက် လုပ်နပြေီး ဂူထဲက ရေ(၁)စင်တီမီတာကျဖို့ အချိန်တစ်နာရီကြာတယ်လို့ ဆိုပါတယ်။

 ကလေးတွေရှိရာကို ဂူလမ်းကြောင်းဆုံရာကနေ အသွားလမ်းမှာရှိနေတဲ့ ပစောက်ပုံလိုဏ်ဂူထဲမှာ ရေတွေရှိနေရင် အဲဒီနေရာကို ကျော်ဖြတ်ဖို့ ခက်ခဲနေကာ ရေငုပ်ပြီး တစ်ဖက်ကုန်းကမူကို ဖောက်ထွက်နိုင်မှသာလျှင် အန္တရာယ်ကင်းနိုင်မယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ နှာခေါင်းအထိ၊ ခေါင်းအထိ ရေတွေဆက်ရှိနေမယ်ဆိုရင် ကလေးတွေကို ကယ်ထုတ်နိုင်ဖို့ မလွယ်ဘဲ အန္တရာယ် အလွန်များပြီး စွန့်စားရမယ့် အလုပ်ဖြစ်တာကြောင့် အဲဒီနေရာမှာ ဂူကြမ်းပြင်အထိ ရေမကျန်မှသာလျှင် စိတ်ချရမယ့် အခြေအနေလို့ ဆိုပါတယ်။

ဒါကြောင့် ဂူအတွင်းက ရေတွေက ကယ်ဆယ်ရေး အတွက် အဓိက အဟန့်အတား ဖြစ်နေတာကြောင့် ရေစုပ်ထုတ်ရေးကို အဓိက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြင်ပက ကယ်ဆယ်ရေးအဖွဲ့တွေ၊ ကလေးမိဘတွေ၊ သတင်းဌာနတွေ အပါအဝင် အားလုံးက ပင်ပန်းနကြေသလို အထဲမှာ ပိတ်မိနေတဲ့ ကလေးတွေ အားအင်ချိနဲ့ ပင်ပန်းနကြေမှာဖြစ်တဲ့အတွက် ရှာဖွေ ကယ်ဆယ်ရေးကို နိုင်ငံတကာက အဖွဲ့တွေနဲ့အတူ လျင်လျင်မြန်မြန်ဖြစ်အောင် လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲ အပြီးမှာ အထဲက ကလေးတွေ အသက်ရှင်နေအုံးမယ်လို့ မျှော်လင့်ပါ သလားဆိုတာနဲ့ ကလေးတွေကိုတွေ့ရင် ချက်ချင်းခေါ်ထုတ်လာမှာလားလို့ သတင်းထောက်တွေက ခရိုင်အုပ်ချုပ်ရေးမှူးကို မေးခဲ့အခါမှာ ဆရာဝန်တွေရဲ့ ခန့်မှန်းထားချက်အရဆိုရင် ကလေးတွေဟာ ဂူထဲကရေကိုပဲ သောက်ပြီး တစ်လလောက်အထိ အသက်ရှိနေနိုင်သေးတယ်လို့ ပြောတာကြောင့် သူတို့အနေနဲ့ အသက်ရှင် နေအုန်းမယ်လို့ မျှော်လင့်ထားကြောင်းနဲ့ ကလေးတွေကို တွေ့ခဲ့ရင် သူတို့ဟာ အချိန်ကြာမြင့်စွာ ဂူအတွင်း ပိတ်မိနေတာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာနဲ့ အမြင်အာရုံက အလင်းရောင်ကို လက်ခံဖို့မှာ ပြဿနာတွေ ရှိနိုင်တာကြောင့် ချက်ချင်း အပြင်ကို ထုတ်လို့ မရသေးဘဲ အထဲမှာ ကုသမှု အရင်လုပ်ပြီးမှ အပြင်ကို ထုတ်လာရမှာ ဖြစ်တယ်လို့ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး နလုန်းဆတ် အိုစထာနကွန်းက သတင်းထောက်တွေကို ဖြကြေားသွားခဲ့ခြင်း ဖြစ်ပါတယ်။

ကလေးတွေရှိတယ်လို့ မျှော်မှန်းထားတဲ့နေရာကို ရောက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဇူလိုင်လ(၂)ရက်နေ့ ညပိုင်းအထိ ကြိုးစားနေဆဲဖြစ်ပြီး ကလေးတွေရဲ့ အခြေအနေကို မျှော်မှန်းပြီး ပြင်ဆင်မှုတွေ လုပ်နကြေတာလို့ သိရပါတယ်။

သတင်း - စည်သူမောင်
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~