မယ္ဆိုင္ဂူအတြင္းက လူငယ္(၁၃)ဦးကို ရွာေဖြေတြ႔ရွိပါက အေရးေပၚ ေဆး၀ါးကုသေပးရန္အတြက္ ဂူဧရိယအတြင္း က်န္းမာေရးေဆးကုသခန္း အဆင္သင့့္ ျပင္ဆင္ထားရွိ

မယ္ဆိုင္ဂူအတြင္းက လူငယ္(၁၃)ဦးကို ရွာေဖြေတြ႔ရွိပါက အေရးေပၚ ေဆး၀ါးကုသေပးရန္အတြက္ ဂူဧရိယအတြင္း က်န္းမာေရးေဆးကုသခန္း အဆင္သင့့္ ျပင္ဆင္ထားရွိ
ဇူလိုင် 2, 2018
By Tachileik News Agency

ဂူအတြင္း ပိတ္မိေနတဲ့ လူငယ္(၁၃)ဦးကို ေတြ႔ရိွခ်ိန္မွာ ေဆးရံုမပို႔မီ အေရးေပၚကုသမႈ လုပ္ေဆာင္ႏုိင္ရန္ လိုအပ္လာပါက ဂူအနီးဝန္းက်င္ရိွ ကယ္ဆယ္ေရးစခန္း ဧရိယာမွာ ခြဲစိတ္ကုသမႈအတြက္ ပိုးသတ္ထားတဲ့ အေရးေပၚ ကုသေရးစခန္းမ်ားကို အဆင္သင့္ ဖြင့္လွစ္ထားရွိေၾကာင္း သိရပါတယ္။

အဆိုပါ အေရးေပၚ ေဆးကုသခန္းမ်ားမွာ အေရးေပၚကုသမႈ အတြက္ လုိအပ္တဲ့ ပစၥည္းကိရိယာ အစံုအလင္ျဖင့္ ေဆာင္ရြက္ထားျခင္းျဖစ္ၿပီး လက္ရိွ ဇူလိုင္လ(၂)ရက္ေန႔ ညေနပိုင္းအခ်ိန္ထိ ကေလးမ်ားကို ရွာေဖြေတြ႔ရိွျခင္း ရိွ၊မရိွနဲ႔ ပတ္သက္ၿပီး ကေလးမ်ားရွိ ႏိုင္မယ္လို႔ ခန္႔မွန္းထားတဲ့ ေနရာကို ေရငုပ္အဖြဲ႔က မေရာက္ႏိုင္ေသးဘဲ ႀကိဳးစားသြားေရာက္ေနတယ္လို႔ သတင္းထုတ္ျပန္ပါတယ္။

မယ္ဆိုင္ဂူဧရိယာအတြင္း ဖြင့္လွစ္ထားရွိတဲ့ ကယ္ဆယ္ေရးစခန္းမွ ကေလးမ်ားကို ေဆးရံုပို႔မယ့္ ရဟတ္ယာဥ္မ်ား၊ လူနာတင္ယာဥ္မ်ား၊ ကေလးတစ္ဦးစီ အတြက္ ေဆးတပ္ဖြဲ႕တစ္ဖြဲ႕စီျဖင့္ အသင့္ ေစာင့္ဆုိင္းေနၾကၿပီး ခ်င္းရိုင္းေဆးရံုမွာလည္း အဆင္သင့္ ျပင္ဆင္ေစာင့္ဆုိင္းေနၾကတယ္လုိ႔ သိရပါတယ္။

ဇြန္လ(၃၀)ရက္ေန႔က စတင္ၿပီး ဇူလိုင္လ(၂)ရက္ေန႔အတြင္ က်န္းမာေရးအပိုင္းက႑က အထူးျပင္ဆင္ေလ့က်င့္မႈေတြ ျပဳလုပ္ထားၿပီး က်န္းမာေရးေစာင့္ေရွာက္မႈအပိုင္းအတြက္ အဆင္သင့္ျဖစ္ထားၿပီျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိမွာေတာ့ ရွာေဖြေရး အဖြဲ႔မ်ားဟာ ဂူအတြင္း ၀င္ေရာက္ရွာေဖြမႈမ်ား ျပဳလုပ္လွ်က္ နည္းတူ  ဂူအျပင္ ေတာေတာင္စပ္မ်ားမွ တဆင့္လည္း ရွာေဖြမႈမ်ားကိုလည္း ျပဳလုပ္ေနလွ်က္ရွိရာမွာ ဒီေန႔မွာေတာ့ ခန္႔မွန္းထားတဲ့ေနရာကို  ေရာက္ႏုိင္မယ္လို႔ ယံုၾကည္တဲ့ အေၾကာင္း ထုိင္းႏုိင္ငံဒုတိယဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ပရာဝပ္ ဝန္ဆုဝမ္းက ရွာေဖြေရး (၁၀)ရက္ေျမာက္ေန႔ျဖစ္တဲ့ ဇူလုိင္လ (၂)ရက္ေန႔မွာ ဘန္ေကာက္မွာ ေျပာၾကားလုိက္တယ္လို႔ ThaiPBSမွာ ေဖၚျပထားပါတယ္။

Tachileik News Agency
Photo crd; ข่าวทหาร


~~~~~~~~⊰❂ unicode ~~~~~~~~


ဂူအတွင်း ပိတ်မိနေတဲ့ လူငယ်(၁၃)ဦးကို တွေ့ရှိချိန်မှာ ဆေးရုံမပို့မီ အရေးပေါ်ကုသမှု လုပ်ဆောင်နိုင်ရန် လိုအပ်လာပါက ဂူအနီးဝန်းကျင်ရှိ ကယ်ဆယ်ရေးစခန်း ဧရိယာမှာ ခွဲစိတ်ကုသမှုအတွက် ပိုးသတ်ထားတဲ့ အရေးပေါ် ကုသရေးစခန်းများကို အဆင်သင့်ဖွင့်လှစ်ထားရှိကြောင်း သိရပါတယ်။

အဆိုပါ အရေးပေါ် ဆေးကုသခန်းများမှာ အရေးပေါ်ကုသမှု အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာ အစုံအလင်ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး လက်ရှိ ဇူလိုင်လ(၂)ရက်နေ့ ညနေပိုင်းအချိန်ထိ ကလေးများကို ရှာဖွေတွေ့ရှိခြင်း ရှိ၊မရှိနဲ့ ပတ်သက်ပြီး ကလေးများရှိ နိုင်မယ်လို့ ခန့်မှန်းထားတဲ့ နေရာကို ရေငုပ်အဖွဲ့က မရောက်နိုင်သေးဘဲ ကြိုးစားသွားရောက်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မယ်ဆိုင်ဂူဧရိယာအတွင်း ဖွင့်လှစ်ထားရှိတဲ့ ကယ်ဆယ်ရေးစခန်းမှ ကလေးများကို ဆေးရုံပို့မယ့် ရဟတ်ယာဉ်များ၊ လူနာတင်ယာဉ်များ၊ ကလေးတစ်ဦးစီ အတွက် ဆေးတပ်ဖွဲ့တစ်ဖွဲ့စီဖြင့် အသင့် စောင့်ဆိုင်းနကြပြေီး ချင်းရိုင်းဆေးရုံမှာလည်း အဆင်သင့် ပြင်ဆင်စောင့်ဆိုင်းနကြေတယ်လို့ သိရပါတယ်။

ဇွန်လ(၃၀)ရက်နေ့က စတင်ပြီး ဇူလိုင်လ(၂)ရက်နေ့အတွင် ကျန်းမာရေးအပိုင်းကဏ္ဍက အထူးပြင်ဆင်လေ့ကျင့်မှုတွေ ပြုလုပ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းအတွက် အဆင်သင့်ဖြစ်ထားပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ရှာဖွေရေး အဖွဲ့များဟာ ဂူအတွင်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်လျှက် နည်းတူ ဂူအပြင် တောတောင်စပ်များမှ တဆင့်လည်း ရှာဖွေမှုများကိုလည်း ပြုလုပ်နေလျှက်ရှိရာမှာ ဒီနေ့မှာတော့ ခန့်မှန်းထားတဲ့နေရာကို ရောက်နိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ် ပရာဝပ် ဝန်ဆုဝမ်းက ရှာဖွေရေး (၁၀)ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ (၂)ရက်နေ့မှာ ဘန်ကောက်မှာ ပြောကြားလိုက်တယ်လို့ ThaiPBSမှာ ဖော်ပြထားပါတယ်။

Tachileik News Agency
Photo crd; ข่าวทหาร

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~