ဘီးလင်းတွင် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်စဉ် ရေထဲမျောပါ ပျောက်ဆုံးသွားသည့် တပ်မတော်သား (၃)ဦးအတွက် မွန်ပြည်နယ်အစိုးရက ထောက်ပံ့ငွေ ကျပ်သိန်း(၆၀)ပေးအပ်

ဘီးလင်းတွင် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်စဉ် ရေထဲမျောပါ ပျောက်ဆုံးသွားသည့် တပ်မတော်သား (၃)ဦးအတွက် မွန်ပြည်နယ်အစိုးရက ထောက်ပံ့ငွေ ကျပ်သိန်း(၆၀)ပေးအပ်
ဇူလိုငျ 28, 2018
By Tachileik News Agency



ဘီးလင်းမြို့နယ်တွင် မိုးရေချိန်(၁၀.၀၄) လက်မ ရွာသွန်းခဲ့သဖြင့် ဇူလိုင်လ(၂၆)ရက်နေ့မှစ၍ ရေကြီးနစ်မြုပ်သဖြင့် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ပြီး ဒေသတွင်း လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တပ်မတော်၊ ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့များက ဇူလိုင်လ(၂၈)ရက်နေ့အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး (၂)ခုနှင့် ပြည်နယ်(၂)ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့်ကိစ္စနှင့်ပတ်သက်၍ နေပြည်တော်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအပါအဝင် ပြည်ထောင်စုဝန်ကြီးများလည်း အစည်းအဝေးကျင်းပနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - MZ ၊ MOI



~~~~~~~~⊰❂ unicode ~~~~~~~~

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် ပျောက်ဆုံးသွားသော တပ်မတော်သား (၃) ဦးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ငွေ ကျပ်သိန်း(၆၀)ကို ဇူလိုင်လ(၂၈)ရက်နေ့တွင် ပေးအပ်လိုက်ကြောင်း သိရသည်။

ခလရ (၂) ကျိုက်ထိုမှ တပ်မတော်သားသုံးဦးသည် ဇူလိုင်လ (၂၇) ရက်နေ့က ဘီးလင်းမြို့၌ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ရေစီးနှင့်အတူ မျောပါပျောက်ဆုံး သွားခဲ့ကြရာ အဆိုပါ တပ်မတော်သား (၃) ဦးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ထောက်ပံ့ငွေ ကျပ်သိန်း(၆၀)ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမိုးအောင်ထံ ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် မိုးရေချိန်(၁၀.ဝ၄) လက်မ ရွာသွန်းခဲ့သဖြင့် ဇူလိုင်လ(၂၆)ရက်နေ့မှစ၍ ရကြေီးနစ်မြုပ်သဖြင့် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ပြီး ဒေသတွင်း လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တပ်မတော်၊ ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့များက ဇူလိုင်လ(၂၈)ရက်နေ့အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး (၂)ခုနှင့် ပြည်နယ်(၂)ခုတွင် ရကြေီးရေလျှံမှုများ ဖြစ်ပွားနေသည့်ကိစ္စနှင့်ပတ်သက်၍ နပြေည်တော်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအပါအဝင် ပြည်ထောင်စုဝန်ကြီးများလည်း အစည်းအဝေးကျင်းပနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - MZ၊ MOI

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~