ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ လက္နက္ႏွင့္ က်ည္အိမ္မ်ား ဖမ္းဆီးရမိ

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ လက္နက္ႏွင့္ က်ည္အိမ္မ်ား ဖမ္းဆီးရမိ
ဇူလိုင် 12, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္း တာခ်ီလိတ္ - မိုင္းဆတ္ ၿမိဳ႕ေရွာင္လမ္းေပၚရွိ ေဟြရဲပူးေပါင္းစစ္ေဆးေရး ဂိတ္တြင္ ေသနတ္ႏွင့္က်ည္အိမ္မ်ားကို ဖမ္းဆီးရမိ၍ တာခ်ီလိတ္ၿမိဳရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဇူလိုင္လ(၁၂)ရက္ေန႔ နံနက္(၃)နာရီေက်ာ္အခ်ိန္က  ေဟြရဲပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ပူးေပါင္း အဖြဲ႔ျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္ အဆိုပါ ဂိတ္၏ ေရွ႕လမ္းမေပၚသို႔ ေဟြရဲရြာဘက္မွ တာခ်ီလိတ္ဘက္သို႔ အိုက္မြန္းဆိုသူ ေမာင္းလာေသာ ကားတစ္စီးအား ရပ္တန္႔စစ္ေဆးရွာေဖြရာက ေသနတ္ႏွင့္ က်ည္အိမ္မ်ားကို ရွာေဖြေတြ႔ရွိ သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔မွ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာ ယာဥ္၏ ဘယ္ဘက္ရွိ ေရွ႕ထိုင္ခံုေအာက္တြင္ ထိုးထားသည့္ Ak-47 ေသနတ္အရွည္ (၂)လက္ ႏွင့္ ယာဥ္ေနာက္ခန္း ထိုင္ခံုကူရွင္အေနာက္တြင္ ၎က်ည္အိမ္ (၁၅)ခု အျပင္ ယာဥ္ေမာင္းေဘးရွိ တူးေဘာက္အတြင္းမွ ၎က်ည္(၈)ေတာင့္ထည့္ထားသည့္ က်ည္အိမ္(၁)ခုတို႔အား ရွာေဖြေတြ႔ရွိရေၾကာင္း သိရသည္။

ရွာေဖြေတြ႔ရွိရသည့္ ပစၥည္းမ်ားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္က သက္ေသမ်ားေရွ႕တြင္ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့ၿပီး အသက္(၂၇)ႏွစ္၀န္းက်င္ရွိ အိုက္မြန္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၃၀/၂၀၁၈၊ ရွမ္းလက္နက္ ၁၂(က)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်တွင်း တာချီလိတ် - မိုင်းဆတ် မြို့ရှောင်လမ်းပေါ်ရှိ ဟွေရဲပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် သေနတ်နှင့်ကျည်အိမ်များကို ဖမ်းဆီးရမိ၍ တာချီလိတ်မြိုရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့ နံနက်(၃)နာရီကျော်အချိန်က ဟွေရဲပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်စဉ် အဆိုပါ ဂိတ်၏ ရှေ့လမ်းမပေါ်သို့ ဟွေရဲရွာဘက်မှ တာချီလိတ်ဘက်သို့ အိုက်မွန်းဆိုသူ မောင်းလာသော ကားတစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာက သေနတ်နှင့် ကျည်အိမ်များကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ ယာဉ်၏ ဘယ်ဘက်ရှိ ရှေ့ထိုင်ခုံအောက်တွင် ထိုးထားသည့် Ak-47 သေနတ်အရှည် (၂)လက် နှင့် ယာဉ်နောက်ခန်း ထိုင်ခုံကူရှင်အနောက်တွင်၎င်းကျည်အိမ် (၁၅)ခု အပြင် ယာဉ်မောင်းဘေးရှိ တူးဘောက်အတွင်းမှ၎င်းကျည်(၈)တောင့်ထည့်ထားသည့် ကျည်အိမ်(၁)ခုတို့အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ရှာဖွေတွေ့ရှိရသည့် ပစ္စည်းများအား တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်က သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး အသက်(၂၇)နှစ်ဝန်းကျင်ရှိ အိုက်မွန်းအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၃၀/၂၀၁၈၊ ရှမ်းလက်နက် ၁၂(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~