သရုပ္ေဆာင္ ေအာင္ရဲေထြး ေသဆံုးမႈႏွင့္ ပတ္သက္၍ အမႈရုပ္သိမ္းခြင့္ျပဳျခင္းႏွင့္ ဆက္ႏႊယ္မႈမ်ားကို စံုစမ္းစစ္ေဆးရန္ သမၼတညႊန္ၾကား

သရုပ္ေဆာင္ ေအာင္ရဲေထြး ေသဆံုးမႈႏွင့္ ပတ္သက္၍ အမႈရုပ္သိမ္းခြင့္ျပဳျခင္းႏွင့္ ဆက္ႏႊယ္မႈမ်ားကို စံုစမ္းစစ္ေဆးရန္ သမၼတညႊန္ၾကား
ဇူလိုင် 31, 2018
By Tachileik News Agency
ရန္ကုန္ အေရွ႕ပိုင္းခရိုင္တရားရုံးက ေအာင္ရဲေထြးေသဆံုးမႈႏွင့္ ပတ္သက္၍ အမႈ႐ုပ္သိမ္းခြင့္ျပဳလုိက္ျခင္း၏ ေနာက္ခံအေၾကာင္းရင္းမ်ား၊ အျခားဆက္ႏြယ္ပတ္သက္မႈမ်ားကို ဥပေဒႏွင့္အညီ မွန္မွန္ကန္ကန္ ေဆာင္ရြက္ေရးအတြက္ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္၊ ျပည္ေထာင္စု ေ႐ွ႕ေနခ်ဳပ္ႏွင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မ႐ွင္ ဥကၠဌတုိ႔အား ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၃၁)ရက္ေန႔တြင္ ႏုိင္ငံေတာ္သမၼတက သမၼတအိမ္ေတာ္၌ လမ္းညႊန္မွာၾကားေၾကာင္း သိရသည္။

လူမႈကြန္ရက္တြင္ ဟာသဗီဒီယိုမ်ားျဖင့္ လူသိမ်ားသူ သရုပ္ေဆာင္ ေအာင္ရဲေထြး ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး ရာဇဝတ္က်င့္ထုံးဥပေဒ ၄၉၄(က)အရအမႈကို ရုပ္သိမ္းခြင့္ျပဳလုိက္သည့္ ရန္ကုန္အေရွ႕ပိုင္း ခရိုင္တရားရုံး၏ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၅) ရက္ေန႔က အမိန္႔ခ်မွတ္မႈေၾကာင့္ တရားစီရင္ေရးႏွင့္ ရုပ္သိမ္းလႊာ တင္သြင္းသူမ်ားကို ေဝဖန္ျပစ္တင္မႈမ်ား ထြက္ေပၚေနျခင္းျဖစ္သည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္သမၼတႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္တို႔က စိစစ္ ေမးျမန္းမႈမ်ား ေဆာင္ရြက္ခဲ့ၿပီးေနာက္ အမႈကို ဆက္လက္စစ္ေဆးရန္အတြက္ တိုင္းေဒသႀကီး တရားလႊတ္ေတာ္သို႔ တင္ျပရန္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရုံးက တိုင္းေဒသႀကီးဥပေဒခ်ဳပ္ထံ ဇူလုိင္လ(၃၀)ရက္ေန႔က ညႊန္ၾကားထားေၾကာင္း သိရသည္။

ယင္းအမႈအား ဆက္လက္စစ္ေဆးပါက တရားလိုျပ သက္ေသ (၂၂) ဦးအနက္ ထြက္ဆိုခ်က္ေပးရန္ က်န္ေနသည့္ သက္ေသ(၈)ဦးကို ဆက္လက္ စစ္ေဆးရမည္ျဖစ္ၿပီး အဆိုပါ အမႈႏွင့္ပတ္သက္၍ ဖမ္းဆီးထားသူ (၃)ဦးမွာ တရားရံုးက လႊတ္ေပးလုိက္ၿပီးေနာက္ ျပည္ပသို႔ ထြက္ခြာသြားၿပီျဖစ္သျဖင့္ ႏုိင္ငံတကာရဲတပ္ဖြဲ႕ႏွင့္ ခ်ိတ္ဆက္ဖမ္းဆီးေရး ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမႈအား ရုပ္သိမ္းရန္ ရုပ္သိမ္းလႊာကို ေသဆံုးသူေအာင္ရဲေထြး၏ မိသားစုက တင္ျပလာၿပီး တရားလိုျပ သက္ေသ (၁၄) ဦး၏ ထြက္ဆိုခ်က္မ်ားတြင္ ခိုင္လုံသည့္ သက္ေသ ထြက္ဆိုခ်က္ ေပၚေပါက္ျခင္း မရွိသည့္ အတြက္ တိုင္းေဒသႀကီး ဥပေဒခ်ဳပ္က အမႈကို ရုပ္သိမ္းရန္ ရုပ္သိမ္းလႊာ တင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေအာင္ရဲေထြးသည္ ၂၀၁၈ ခုႏွစ္ ႏွစ္သစ္ကူးညတြင္ ရန္ကုန္ၿမိဳ႕ရိွ The One Entertainment တြင္ လူတစ္စုက ထိုးႀကိတ္ကန္ေၾကာက္မႈေၾကာင့္ ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးတြင္ ဇန္နဝါရီလ(၂)ရက္ေန႔၌ ေသဆံုးသြားခဲ့သျဖင့္ အဆုိပါ အမႈႏွင့္ပတ္သက္၍ သန္းထြဋ္ေအာင္(ခ)သားႀကီး၊ ျပည့္ၿဖိဳးေအာင္(ခ)ေအာင္ေလးႏွင့္  ေက်ာ္ေဇာ(ခ)ေက်ာ္ေဇာ္ဟန္တို႔အား တရားစြဲဆိုစစ္ေဆးေနရာမွ ဇူလုိင္လ(၂၅)ရက္ေန႔တြင္ အမႈကို ရုပ္သိမ္းခြင့္ျပဳလုိက္ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက အောင်ရဲထွေးသေဆုံးမှုနှင့် ပတ်သက်၍ အမှုရုပ်သိမ်းခွင့်ပြုလိုက်ခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွယ်ပတ်သက်မှုများကို ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေးအတွက် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌတို့အား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတက သမ္မတအိမ်တော်၌ လမ်းညွှန်မှာကြားကြောင်း သိရသည်။

လူမှုကွန်ရက်တွင် ဟာသဗီဒီယိုများဖြင့် လူသိများသူ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က)အရအမှုကို ရုပ်သိမ်းခွင့်ပြုလိုက်သည့် ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး၏ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့က အမိန့်ချမှတ်မှုကြောင့် တရားစီရင်ရေးနှင့် ရုပ်သိမ်းလွှာ တင်သွင်းသူများကို ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်နခြေင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က စိစစ် မေးမြန်းမှုများ ဆောင်ရွက်ခဲ့ပြီးနောက် အမှုကို ဆက်လက်စစ်ဆေးရန်အတွက် တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်ပြရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီးဥပဒေချုပ်ထံ ဇူလိုင်လ(၃၀)ရက်နေ့က ညွှန်ကြားထားကြောင်း သိရသည်။

ယင်းအမှုအား ဆက်လက်စစ်ဆေးပါက တရားလိုပြ သက်သေ (၂၂) ဦးအနက် ထွက်ဆိုချက်ပေးရန် ကျန်နေသည့် သက်သေ(၈)ဦးကို ဆက်လက် စစ်ဆေးရမည်ဖြစ်ပြီး အဆိုပါ အမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ (၃)ဦးမှာ တရားရုံးက လွှတ်ပေးလိုက်ပြီးနောက် ပြည်ပသို့ ထွက်ခွာသွားပြီဖြစ်သဖြင့် နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဖမ်းဆီးရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုအား ရုပ်သိမ်းရန် ရုပ်သိမ်းလွှာကို သေဆုံးသူအောင်ရဲထွေး၏ မိသားစုက တင်ပြလာပြီး တရားလိုပြ သက်သေ (၁၄) ဦး၏ ထွက်ဆိုချက်များတွင် ခိုင်လုံသည့် သက်သေ ထွက်ဆိုချက် ပေါ်ပေါက်ခြင်း မရှိသည့် အတွက် တိုင်းဒေသကြီး ဥပဒေချုပ်က အမှုကို ရုပ်သိမ်းရန် ရုပ်သိမ်းလွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ရဲထွေးသည် ၂၀၁၈ ခုနှစ် နှစ်သစ်ကူးညတွင် ရန်ကုန်မြို့ရှိ The One Entertainment တွင် လူတစ်စုက ထိုးကြိတ်ကန်ကြောက်မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီလ(၂)ရက်နေ့၌ သေဆုံးသွားခဲ့သဖြင့် အဆိုပါ အမှုနှင့်ပတ်သက်၍ သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် ကျော်ဇော(ခ)ကျော်ဇော်ဟန်တို့အား တရားစွဲဆိုစစ်ဆေးနေရာမှ ဇူလိုင်လ(၂၅)ရက်နေ့တွင် အမှုကို ရုပ်သိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~