မယ္ဆိုင္ဂူအတြင္း ျဖစ္စဥ္မွ ထြက္ေပၚလာသည့္ ေတာဝက္ေဘာလံုး အသင္းနည္းျပႏွင့္ အသင္းဝင္ (၃)ဦးတို႔အား ထိုင္းႏိုင္ငံသား ျဖစ္ခြင့္ေပးရန္ ေမြးစာရင္း အေထာက္အထားမ်ား စစ္ေဆးေန

မယ္ဆိုင္ဂူအတြင္း ျဖစ္စဥ္မွ ထြက္ေပၚလာသည့္ ေတာဝက္ေဘာလံုး အသင္းနည္းျပႏွင့္ အသင္းဝင္ (၃)ဦးတို႔အား ထိုင္းႏိုင္ငံသား ျဖစ္ခြင့္ေပးရန္ ေမြးစာရင္း အေထာက္အထားမ်ား စစ္ေဆးေန
ဇူလိုင် 14, 2018
By Tachileik News Agency

မယ္ဆိုင္ဂူအတြင္း ရွာေဖြ ကယ္ဆယ္ေရးႏွင့္ ပတ္သက္၍ ေပၚေပါက္လာသည့္ ေတာဝက္ေဘာလံုး အသင္းနည္းျပႏွင့္ အသင္းဝင္ (၃)ဦးတို႔အား ထိုင္းႏုိင္ငံသားျဖစ္ခြင့္ ေပးႏုိင္ရန္ လိုအပ္သည့္ ေမြးစာရင္း အေထာက္္အထားမ်ားကို မယ္ဆုိင္မွ တာဝန္ရိွသူမ်ားက စစ္ေဆးေနေၾကာင္း သိရသည္။

မယ္ဆုိင္ဂူ အတြင္းမွ ကယ္ဆယ္ခဲ့သည့္ အသက္(၂၅)ႏွစ္အရြယ္နည္းျပ၊ အသက္ (၁၃)ႏွစ္၊ (၁၄)ႏွစ္ႏွင့္ (၁၆)ႏွစ္ အသီးသီးရိွသည့္ ေတာဝက္ေဘာလံုးအသင္းဝင္မ်ားမွာ တုိင္းရင္းသားမ်ား  ျဖစ္ေၾကာင္း သိရသည္။

ေတာဝက္ေဘာလံုးအသင္းတြင္ အသင္းဝင္ (၆၀)ခန္႔ရိွေနၿပီး အမ်ားစုမွာ မယ္ဆုိင္ဂူမွ ကယ္တင္ခဲ့သည့္ ကေလး(၄)ဦးကဲ့သို႔ ႏုိင္ငံမဲ့မ်ားျဖစ္သည္ဟု မယ္ဆုိင္ၿမိဳ႕တာဝန္ရိွသူက ေျပာၾကားေၾကာင္း သိရသည္။

ေတာဝက္အသင္းက ခ်င္းရိုင္းခရိုင္အုပ္စုေဘာလံုးပြဲတြင္ အႏုိင္ရခဲ့သည့္ လြန္ခဲ့သည့္ ႏွစ္လကတည္းက အဆိုပါ ေဘာလံုးအသင္းမွ ႏုိင္ငံမဲ့အသင္းသား (၁၀)ဦးကို ႏုိင္ငံသားကိစၥႏွင့္ ပတ္သက္၍ ေတြ႔ဆံုခဲ့ဖူးေၾကာင္း သိရသည္။

၎တို႔ အားလံုးမွာ ထုိင္းႏုိင္ငံတြင္ ေမြးဖြားခဲ့သူမ်ားျဖစ္ၿပီး ထုိင္းနုိင္ငံတြင္း ေမြးဖြားေၾကာင္း ေထာက္ခံ ခ်က္မ်ားျဖင့္ ႏုိင္ငံသားျဖစ္ခြင့္ ေလွ်ာက္ထားျခင္းမ်ား လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း သိရသည္။

ေမြးစာရင္းအေထာက္အထား၊ ေမြးစာရင္း မရႏုိင္သူမ်ား အေနျဖင့္ ထိုင္းနုိင္ငံတြင္း ေမြးဖြားေၾကာင္း သားဖြား၊ အိမ္နီးခ်င္း၊ ေက်းရြာအႀကီးအကဲ၏ ေထာက္ခံခ်က္ျဖင့္ ေလွ်ာက္ထား တင္ျပႏုိင္ၿပီး အေထာက္အထား ခိုင္လံုသူမ်ားအား ၂၀၁၆ ခုႏွစ္က ခ်မွတ္လုိက္သည့္စည္းမ်ဥ္းအသစ္အရ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ႏုိင္ငံသားေပးခြင့္ရိွေၾကာင္း သိရသည္။

မယ္ဆုိင္ေဆးရံုတြင္ ေမြးဖြားခဲ့သည့္ ႏုိင္ငံမဲ့ကေလးတစ္ဦးမွာ ေမြးစာရင္းမွ မိဘႏွင့္ မိဘရင္းနာမည္ မတူသျဖင့္ အျခားေထာက္ခံခ်က္ ရယူရျခင္းရိွခဲ့ဖူးေၾကာင္း သိရၿပီး မယ္ဆုိင္ဂူမွ ကယ္ထုတ္လာသည့္ ႏုိင္ငံမဲ့ကေလးမ်ား၏ ေမြးစာရင္း အေထာက္အထားမွာလည္း ျပည့္စံုျခင္း မရိွေသးသျဖင့္ အျခား အေထာက္အထားရယူရန္ လိုအပ္ေနေၾကာင္း သိရသည္။

ယင္းအျပင္ ခရိုင္အဆင့္အေနျဖင့္ အသက္ (၁၈)ႏွစ္ေအာက္ကိုသာ ႏုိင္ငံသားျဖစ္ခြင့္ အတည္ျပဳနိုင္ၿပီး အသက္(၁၈)ႏွစ္ေက်ာ္ပါက ျပည္နယ္အဆင့္က အတည္ျပဳေပးရန္ လုိအပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

မယ္ဆုိင္ဂူအတြင္း ျဖစ္စဥ္မွာ ထြက္ေပၚခဲ့သည့္ အဆိုပါ လူငယ္(၄)ဦး၏ ႏိုင္ငံသားျဖစ္ခြင့္ႏွင့္ ပတ္သက္သည့္ ကိစၥမွာ ျဖစ္ရိုးျဖစ္စဥ္သာျဖစ္ၿပီး ထုိင္းနိုင္ငံအတြင္း ႏုိင္ငံမဲ့ကေလးေပါင္း (၃၅၀၀)ခန္႔မွာ ႏုိင္ငံသားျဖစ္ခြင့္အတြက္ ေစာင့္ဆုိင္းေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: ThaiPBS



~~~~~~~~⊰❂ unicode ~~~~~~~~


မယ်ဆိုင်ဂူအတွင်း ရှာဖွေ ကယ်ဆယ်ရေးနှင့် ပတ်သက်၍ ပေါ်ပေါက်လာသည့် တောဝက်ဘောလုံး အသင်းနည်းပြနှင့် အသင်းဝင် (၃)ဦးတို့အား ထိုင်းနိုင်ငံသားဖြစ်ခွင့် ပေးနိုင်ရန် လိုအပ်သည့် မွေးစာရင်း အထောက်အထားများကို မယ်ဆိုင်မှ တာဝန်ရှိသူများက စစ်ဆေးနေကြောင်း သိရသည်။

မယ်ဆိုင်ဂူ အတွင်းမှ ကယ်ဆယ်ခဲ့သည့် အသက်(၂၅)နှစ်အရွယ်နည်းပြ၊ အသက် (၁၃)နှစ်၊ (၁၄)နှစ်နှင့် (၁၆)နှစ် အသီးသီးရှိသည့် တောဝက်ဘောလုံးအသင်းဝင်များမှာ တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။

တောဝက်ဘောလုံးအသင်းတွင် အသင်းဝင် (၆၀)ခန့်ရှိနပြေီး အများစုမှာ မယ်ဆိုင်ဂူမှ ကယ်တင်ခဲ့သည့် ကလေး(၄)ဦးကဲ့သို့ နိုင်ငံမဲ့များဖြစ်သည်ဟု မယ်ဆိုင်မြို့တာဝန်ရှိသူက ပြောကြားကြောင်း သိရသည်။

တောဝက်အသင်းက ချင်းရိုင်းခရိုင်အုပ်စုဘောလုံးပွဲတွင် အနိုင်ရခဲ့သည့် လွန်ခဲ့သည့် နှစ်လကတည်းက အဆိုပါ ဘောလုံးအသင်းမှ နိုင်ငံမဲ့အသင်းသား (၁၀)ဦးကို နိုင်ငံသားကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံခဲ့ဖူးကြောင်း သိရသည်။

၎င်းတို့ အားလုံးမှာ ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သူများဖြစ်ပြီး ထိုင်းနိုင်ငံတွင်း မွေးဖွားကြောင်း ထောက်ခံ ချက်များဖြင့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခြင်းများ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

မွေးစာရင်းအထောက်အထား၊ မွေးစာရင်း မရနိုင်သူများ အနဖြေင့် ထိုင်းနိုင်ငံတွင်း မွေးဖွားကြောင်း သားဖွား၊ အိမ်နီးချင်း၊ ကျေးရွာအကြီးအကဲ၏ ထောက်ခံချက်ဖြင့် လျှောက်ထား တင်ပြနိုင်ပြီး အထောက်အထား ခိုင်လုံသူများအား ၂၀၁၆ ခုနှစ်က ချမှတ်လိုက်သည့်စည်းမျဉ်းအသစ်အရ ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံသားပေးခွင့်ရှိကြောင်း သိရသည်။

မယ်ဆိုင်ဆေးရုံတွင် မွေးဖွားခဲ့သည့် နိုင်ငံမဲ့ကလေးတစ်ဦးမှာ မွေးစာရင်းမှ မိဘနှင့် မိဘရင်းနာမည် မတူသဖြင့် အခြားထောက်ခံချက် ရယူရခြင်းရှိခဲ့ဖူးကြောင်း သိရပြီး မယ်ဆိုင်ဂူမှ ကယ်ထုတ်လာသည့် နိုင်ငံမဲ့ကလေးများ၏ မွေးစာရင်း အထောက်အထားမှာလည်း ပြည့်စုံခြင်း မရှိသေးသဖြင့် အခြား အထောက်အထားရယူရန် လိုအပ်နေကြောင်း သိရသည်။

ယင်းအပြင် ခရိုင်အဆင့်အနဖြေင့် အသက် (၁၈)နှစ်အောက်ကိုသာ နိုင်ငံသားဖြစ်ခွင့် အတည်ပြုနိုင်ပြီး အသက်(၁၈)နှစ်ကျော်ပါက ပြည်နယ်အဆင့်က အတည်ပြုပေးရန် လိုအပ်နခြေင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ဂူအတွင်း ဖြစ်စဉ်မှာ ထွက်ပေါ်ခဲ့သည့် အဆိုပါ လူငယ်(၄)ဦး၏ နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်သည့် ကိစ္စမှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း နိုင်ငံမဲ့ကလေးပေါင်း (၃၅၀၀)ခန့်မှာ နိုင်ငံသားဖြစ်ခွင့်အတွက် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: ThaiPBS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~