မိုင္းဆတ္ၿမိဳ႕ ပူနားကိုတြင္ ျပည္သူ႔စစ္တစ္ဦး၏ ေနအိမ္ကို အမ်ဳိးသားတစ္ဦးမွ ေသနတ္ျဖင့္ အခ်က္(၃၀)ပစ္ခတ္

မိုင္းဆတ္ၿမိဳ႕ ပူနားကိုတြင္ ျပည္သူ႔စစ္တစ္ဦး၏ ေနအိမ္ကို အမ်ဳိးသားတစ္ဦးမွ ေသနတ္ျဖင့္ အခ်က္(၃၀)ပစ္ခတ္
ဇူလိုင် 28, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းဆတ္ၿမိဳ႕နယ္၊ မုိင္းတြမ္းေတာင္ေပၚေက်းရြာအုပ္စု၊ ပူနားကိုေက်းရြာရိွ မိုင္းတြမ္းေတာင္ေပၚျပည္သူ႔စစ္ ဦးယားပါလို၏ ေနအိမ္ကို ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၇)ရက္ေန႔ နံနက္(၁၁)နာရီဝန္းက်င္က ေသနတ္ျဖင့္ အခ်က္(၃၀)ပစ္ခတ္မႈျဖစ္ပြားေၾကာင္း သိရသည္။

ဦးယားပါလိုသည္ ေနအိမ္ အိပ္ခန္းတြင္  အိပ္ေပ်ာ္ေနစဥ္ အိမ္ေရွ႕မွ ေသနတ္သံမ်ားၾကား၍ လန္႔ႏိုးၿပီး ျပဴတင္းေပါက္မွ ထၾကည့္စဥ္ ေနအိမ္ေရွ႕ၿခံတံခါးဝမွ တစ္ရြာတည္းေန က်ရွဲဆိုသူက ေနအိမ္ အိပ္ခန္းဖက္သို႔ M-16 ေသနတ္ျဖင့္ ပစ္ခတ္ရာ ျပဴတင္းေပါက္မွန္အား ေဖာက္ဝင္ကာ အိပ္ခန္းအတြင္းရိွ အဝတ္ဗီဒိုအား ထိမွန္ခဲ့သျဖင့္ ေနအိမ္အိပ္ခန္းအတြင္းမွ အျခားတစ္ဖက္သို႔ တိမ္းေရွာင္ခဲ့ေၾကာင္း သိရသည္။

က်ရဲွက ထပ္မံပစ္ခတ္သျဖင့္ အိပ္ခန္းေဘးႏွင့္ အျခားေနရာမ်ားတြင္ ထိမွန္ကာ စုစုေပါင္း ေသနတ္က်ည္ အခ်က္(၃၀) ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

ဦးယားပါလိုက ရဲတပ္ဖြဲ႕သို႔ တုိင္ၾကားခဲ့သျဖင့္ က်ရွဲအား ဖမ္းဆီးစစ္ေဆးရာ ဦးယားပါလိုက ၎အား ယခင္က လူငွား၍ လုပ္ႀကံသတ္ျဖတ္သည္ဟု ထင္ျမင္သျဖင့္ မေက်နပ္၍ ယင္းကဲ့သို႔ ပစ္ခတ္ျခင္း ျဖစ္သည္ဟု ထြက္ဆိုေၾကာင္း သိရၿပီး ပစ္ခတ္မႈတြင္ အသံုးျပဳသည့္ေသနတ္မွာ လြန္ခဲ့သည့္ (၅)ႏွစ္ခန္႔က ခ်င္းရိုင္းခရိုင္မွ ထုိင္းဘတ္ေငြ (၁၃၀၀၀၀) ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သိရသည္။

က်ရဲွအား မိုင္းတြမ္းနယ္ေျမရဲစခန္းတြင္ (ပ) ၁၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇/၄၂၇ (လူသတ္ရန္ အားထုတ္မႈ/ အက်ိဳးဖ်က္ဆီးမႈ)တို႔ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - #ၿငိမ္းခ်မ္း(ျပည္)
Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာရှိ မိုင်းတွမ်းတောင်ပေါ်ပြည်သူ့စစ် ဦးယားပါလို၏ နေအိမ်ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က သေနတ်ဖြင့် အချက်(၃၀)ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။

ဦးယားပါလိုသည် နေအိမ် အိပ်ခန်းတွင် အိပ်ပျော်နေစဉ် အိမ်ရှေ့မှ သေနတ်သံများကြား၍ လန့်နိုးပြီး ပြူတင်းပေါက်မှ ထကြည့်စဉ် နေအိမ်ရှေ့ခြံတံခါးဝမှ တစ်ရွာတည်းနေ ကျရှဲဆိုသူက နေအိမ် အိပ်ခန်းဖက်သို့ M-16 သေနတ်ဖြင့် ပစ်ခတ်ရာ ပြူတင်းပေါက်မှန်အား ဖောက်ဝင်ကာ အိပ်ခန်းအတွင်းရှိ အဝတ်ဗီဒိုအား ထိမှန်ခဲ့သဖြင့် နေအိမ်အိပ်ခန်းအတွင်းမှ အခြားတစ်ဖက်သို့ တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ကျရှဲက ထပ်မံပစ်ခတ်သဖြင့် အိပ်ခန်းဘေးနှင့် အခြားနေရာများတွင် ထိမှန်ကာ စုစုပေါင်း သေနတ်ကျည် အချက်(၃၀) ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဦးယားပါလိုက ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သဖြင့် ကျရှဲအား ဖမ်းဆီးစစ်ဆေးရာ ဦးယားပါလိုက၎င်းအား ယခင်က လူငှါး၍ လုပ်ကြံသတ်ဖြတ်သည်ဟု ထင်မြင်သဖြင့် မကျေနပ်၍ ယင်းကဲ့သို့ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရပြီး ပစ်ခတ်မှုတွင် အသုံးပြုသည့်သေနတ်မှာ လွန်ခဲ့သည့် (၅)နှစ်ခန့်က ချင်းရိုင်းခရိုင်မှ ထိုင်းဘတ်ငွေ (၁၃၀၀၀၀) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

ကျရှဲအား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် (ပ) ၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၄၂၇ (လူသတ်ရန် အားထုတ်မှု/ အကျိုးဖျက်ဆီးမှု)တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - #ငြိမ်းချမ်း(ပြည်)
Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~