ၾသဂုတ္လ(၅)ရက္ေန႔ နံနက္တစ္ပိုင္း တာခ်ီလိတ္တစ္ၿမိဳ႕လံုး လွ်ပ္စစ္မီး ျဖတ္ေတာက္မည္

ၾသဂုတ္လ(၅)ရက္ေန႔ နံနက္တစ္ပိုင္း တာခ်ီလိတ္တစ္ၿမိဳ႕လံုး လွ်ပ္စစ္မီး ျဖတ္ေတာက္မည္
သြဂုတ် 4, 2018
By Tachileik News Agency

ထိုင္းႏိုင္ငံလွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးေရးဌာန၏ မယ္က်န္းလွ်ပ္စစ္ဓါတ္ခြဲရံုးတြင္ 115Kv လိုင္း ႏွင့္ ပတ္သက္၍ စက္ပစၥည္း ျပဳျပင္လဲလွယ္ရန္ ရွိသည့္အတြက္ တာခ်ီလိတ္တစ္ၿမိဳ႕လံုးတြင္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ (၅)ရက္ေန႔ နံနက္တစ္ပိုင္း လွ်ပ္စစ္မီးေခတၱျဖတ္ေတာက္မည္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးရံုးမွ သိရသည္။

ထိုင္းႏိုင္ငံ မယ္က်န္းလွ်ပ္စစ္ဓါတ္ခြဲရံုးတြင္ 115Kv လိုင္း၏ CT Ratio 300/5 မွ CT Ratio 600/5 လဲလွယ္ျခင္း ႏွင့္ ျပဳျပင္ထိန္းသိမ္းရန္အတြက္ လုပ္ငန္းေဆာင္ရြက္ခ်ိန္တြင္ လွ်ပ္စစ္မီးေခတၱ ျဖတ္ေတာက္ ထားရမည္ျဖစ္ရာ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၅)ရက္ေန႔ နံနက္(၆)နာရီခြဲမွ ေန႔လယ္(၁၂)နာရီခြဲ၀န္းက်င္အခ်ိန္အထိ နံနက္တစ္ပိုင္း လွ်ပ္စစ္မီး ျဖတ္ေတာက္မည္ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္မီး ျဖတ္ေတာက္ခ်ိန္အား နံနက္တစ္ပိုင္း သတ္မွတ္ထားေသာ္လည္း သတ္မွတ္အခ်ိန္ထက္ ေစာလ်င္စြာၿပီးပါ အေစာဆံုး ျပန္လည္လႊတ္ေပးမည္ျဖစ္ေၾကာင္းလည္း သိရွိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း အပါအ၀င္  ၿမိဳ႕ျပင္ မိုင္းဖုန္း(က)ေက်းရြာအုပ္စုအထိ ႏွင့္ မိုင္းကိုးေက်းရြာအုပ္စုမ်ား အထိတြင္ ျပည္သူမ်ား အသံုးျပဳေနရသည့္ လွ်ပ္စစ္မီးအား ထိုင္းႏုိင္ငံမွ ရယူသံုးစြဲထားျခင္းျဖစ္ၿပီး၊ တာခ်ီလိတ္ၿမိဳ႕နယ္ က်ဳိင္းလပ္ၿမိဳ႕ ႏွင့္ တာေလၿမိဳ႕တို႔တြင္ လာအိုႏိုင္ငံမွ လွ်ပ္စစ္မီးအား ရယူသံုးစြဲထားျခင္း ျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန၏ မယ်ကျန်းလျှပ်စစ်ဓာတ်ခွဲရုံးတွင် 115Kv လိုင်း နှင့် ပတ်သက်၍ စက်ပစ္စည်း ပြုပြင်လဲလှယ်ရန် ရှိသည့်အတွက် တာချီလိတ်တစ်မြို့လုံးတွင် ၂၀၁၈ခုနှစ် သြဂုတ်လ (၅)ရက်နေ့ နံနက်တစ်ပိုင်း လျှပ်စစ်မီးခေတ္တဖြတ်တောက်မည်ဖြစ်ကြောင်း တာချီလိတ်မြို့ မီးလင်းရေးရုံးမှ သိရသည်။

ထိုင်းနိုင်ငံ မယ်ကျန်းလျှပ်စစ်ဓာတ်ခွဲရုံးတွင် 115Kv လိုင်း၏ CT Ratio 300/5 မှ CT Ratio 600/5 လဲလှယ်ခြင်း နှင့် ပြုပြင်ထိန်းသိမ်းရန်အတွက် လုပ်ငန်းဆောင်ရွက်ချိန်တွင် လျှပ်စစ်မီးခေတ္တ ဖြတ်တောက် ထားရမည်ဖြစ်ရာ တာချီလိတ်မြို့တွင် ၂၀၁၈ခုနှစ် သြဂုတ်လ(၅)ရက်နေ့ နံနက်(၆)နာရီခွဲမှ နေ့လယ်(၁၂)နာရီခွဲဝန်းကျင်အချိန်အထိ နံနက်တစ်ပိုင်း လျှပ်စစ်မီး ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီး ဖြတ်တောက်ချိန်အား နံနက်တစ်ပိုင်း သတ်မှတ်ထားသော်လည်း သတ်မှတ်အချိန်ထက် စောလျင်စွာပြီးပါ အစောဆုံး ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

တာချီလိတ်မြို့တွင်း အပါအဝင် မြို့ပြင် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအထိ နှင့် မိုင်းကိုးကျေးရွာအုပ်စုများ အထိတွင် ပြည်သူများ အသုံးပြုနေရသည့် လျှပ်စစ်မီးအား ထိုင်းနိုင်ငံမှ ရယူသုံးစွဲထားခြင်းဖြစ်ပြီး၊ တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ နှင့် တာလမြေို့တို့တွင် လာအိုနိုင်ငံမှ လျှပ်စစ်မီးအား ရယူသုံးစွဲထားခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~