တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အတြင္း ဆိုင္ကယ္ႏွစ္စီး ႏွင့္ လူငယ္ႏွစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အတြင္း ဆိုင္ကယ္ႏွစ္စီး ႏွင့္ လူငယ္ႏွစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ
ဇွန် 12, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္၊ အလိုေတာ္ျပည့္ဘုန္းႀကီးေက်ာင္းအနီး လမ္းမေပၚတြင္ ဆိုင္ကယ္စီး(၂)စီးအား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ဇြန္လ(၁၂)ရက္ေန႔ နံနက္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြ႔ဲစု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔(မႈခင္းအကူအဖြဲ႔)မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔ျဖင့္ ၂၀၁၈ခုႏွစ္ ဇြန္လ(၁၂)ရက္ေန႔ နံနက္(၁၀)နာရီ (၄၅)မိနစ္၀န္းက်င္ အခ်ိန္က ရန္ေအာင္ေျမရပ္ကြက္ အတြင္းရွိ အလိုေတာ္ျပည့္ဘုန္းႀကီးေက်ာင္းအနီး လမ္းမေပၚတြင္ ၿဖီးေဂ်(ခ)အားေပါ ေမာင္းလာေသာ ေမာ္ေတာ္ဆိုင္ကယ္ ႏွင့္ အားဒို ေမာင္းလာေသာ ေမာ္ေတာ္ဆိုင္ကယ္ တို႔အား ရပ္တန္႔ရွာေဖြစစ္ေဆးရာက မူးယစ္ေဆး၀ါးမ်ားကို ေတြ႔ရွိ သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔သည္ ၿဖီးေဂ်(ခ)အားေပါ လြယ္ထားသည့္ လြယ္အိတ္အတြင္း ရွာေဖြရာ Wy စာတမ္းပါ လိေမၼာ္ေရာင္စိတ္ၾကြေဆးျပား စုစုေပါင္း (၂၀၀၀)ျပား ႏွင့္ အေလးခ်ိန္ (၁၈)ဂရမ္ခန္႔ရွိသည့္ ဘိန္းျဖဴမႈန္႔တို႔ ႏွင့္အတူ လက္ကိုင္ဖုန္းတစ္လံုးအား ေတြ႔ရွိသိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးလက္၀ယ္ေတြ႔ရွိသူႏွင့္အတူ ဆိုင္ကယ္ေနာက္တစ္စီးျဖင့္ လိုက္ပါလာသည့္ အားဒိုမွာ မူးယစ္ေဆး၀ါး ၀ယ္ယူသူႏွင့္ ခ်ိတ္ေပးသူအျဖစ္ သိရွိရသည့္ အတြက္  ၿဖီးေဂ်(ခ)အားေပါ ႏွင့္ အားဒို တို႔ ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၇/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ အလိုတော်ပြည့်ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်တွင် ဆိုင်ကယ်စီး(၂)စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ဇွန်လ(၁၂)ရက်နေ့ နံနက်က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(မှုခင်းအကူအဖွဲ့)မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၈ခုနှစ် ဇွန်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီ (၄၅)မိနစ်ဝန်းကျင် အချိန်က ရန်အောင်မြေရပ်ကွက် အတွင်းရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်တွင် ဖြီးဂျေ(ခ)အားပေါ မောင်းလာသော မော်တော်ဆိုင်ကယ် နှင့် အားဒို မောင်းလာသော မော်တော်ဆိုင်ကယ် တို့အား ရပ်တန့်ရှာဖွေစစ်ဆေးရာက မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဖြီးဂျေ(ခ)အားပေါ လွယ်ထားသည့် လွယ်အိတ်အတွင်း ရှာဖွေရာ Wy စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား စုစုပေါင်း (၂၀၀၀)ပြား နှင့် အလေးချိန် (၁၈)ဂရမ်ခန့်ရှိသည့် ဘိန်းဖြူမှုန့်တို့ နှင့်အတူ လက်ကိုင်ဖုန်းတစ်လုံးအား တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူနှင့်အတူ ဆိုင်ကယ်နောက်တစ်စီးဖြင့် လိုက်ပါလာသည့် အားဒိုမှာ မူးယစ်ဆေးဝါး ဝယ်ယူသူနှင့် ချိတ်ပေးသူအဖြစ် သိရှိရသည့် အတွက် ဖြီးဂျေ(ခ)အားပေါ နှင့် အားဒို တို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~