တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ၀မ်မိုင်ရွာအတွင်း လမ်းလျှောက်လာသည့် လူငယ်တစ်ဦးထံက မူးယစ်ဆေး ဖမ်းဆီးရမိ

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ၀မ်မိုင်ရွာအတွင်း လမ်းလျှောက်လာသည့် လူငယ်တစ်ဦးထံက မူးယစ်ဆေး ဖမ်းဆီးရမိ
ဇှနျ 12, 2018
By Tachileik News Agency


တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၊ ၀မ်မိုင်ရွာဘုန်းကြီးကျောင်းသွား လမ်းပေါ်တွင် တာချီလိတ်ခရိုင် မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(မှုခင်းအကူအဖွဲ့)မှ တပ်ဖွဲ့ဝင်များနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ နှင့်အတူ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ ၂၀၁၈ခုနှစ် ဇွန်လ(၁၂)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင် အချိန်က စောင့်ဆိုင်းနေကြစဉ် သတင်းရရှိထားသည့် လူငယ်အား လမ်းလျှောက် လာသည်ကို တွေ့ရှိရသည့် အတွက် ၎င်းအား စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။



ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာဘုန်းကြီးကျောင်း သွားလမ်းပေါ်တွင် လမ်းလျှောက်လာသည့် လူငယ်တစ်ဦးထံက မူးယစ်ဆေးဝါးများကို ဇွန်လ(၁၂)ရက်နေ့တွင် ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၊ ဝမ်မိုင်ရွာဘုန်းကြီးကျောင်းသွား လမ်းပေါ်တွင် တာချီလိတ်ခရိုင် မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(မှုခင်းအကူအဖွဲ့)မှ တပ်ဖွဲ့ဝင်များနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ နှင့်အတူ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ ၂၀၁၈ခုနှစ် ဇွန်လ(၁၂)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင် အချိန်က စောင့်ဆိုင်းနကြေစဉ် သတင်းရရှိထားသည့် လူငယ်အား လမ်းလျှောက် လာသည်ကို တွေ့ရှိရသည့် အတွက်၎င်းအား စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဝမ်မိုင်ရွာဘုန်းကြီးကျောင်းလမ်းမပေါ်သို့ လမ်းလျှောက်လာသည့် အသက်(၂၄)နှစ်ဝန်းကျင်ရှိ မျိုးမင်းသက်(ခ)ဒိုင်လျှိုအား အဆိုပါ ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရှာဖွေရာမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၃၁၀)ပြား နှင့် အလေးချိန် (၁.၅၅)ဂရမ်ခန့်ရှိသည့် အိုက်စ် အပြင် လက်ကိုင်ဖုန်းတစ်လုံး တစ်လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသည့် မျိုးမင်းသက်(ခ)ဒိုင်လျှို အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် ဇွန်လ(၁၂)ရက်နေ့ ညနေ(၅)နာရီ မိနစ်(၄၀)အချိန်က အမှုဖွင့်ကာ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~