အထူးေဒသ(၄)တြင္ ငွက္ေပ်ာစိုက္ေနသည့္ ဗီယက္နမ္ႏိုင္ငံသား တစ္ဦးအား တာခ်ီလိတ္၌ ဖမ္းဆီးရမိ၍ ၎ႏွင့္အတူ ေခၚေဆာင္လာသူကို လ၀က ဥပေဒျဖင့္ အမႈဖြင့္အေရးယူထား

အထူးေဒသ(၄)တြင္ ငွက္ေပ်ာစိုက္ေနသည့္ ဗီယက္နမ္ႏိုင္ငံသား တစ္ဦးအား တာခ်ီလိတ္၌ ဖမ္းဆီးရမိ၍ ၎ႏွင့္အတူ ေခၚေဆာင္လာသူကို လ၀က ဥပေဒျဖင့္ အမႈဖြင့္အေရးယူထား
ဇွန် 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ မိုင္းေယာင္းဘက္မွ လာသည့္ အေထာက္အထားမဲ့ ဗီယက္နမ္ႏိုင္ငံသား တစ္ဦးအား ဖမ္းဆီးရမိ၍ ၎အား ေခၚေဆာင္လာသူႏွင့္ အတူ ဇြန္လ(၉)ရက္ေန႔က လ၀ကအက္ ဥပေဒျဖင့္ အမႈဖြင့္အေရးယူလိုက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ရွိ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္မွတဆင့္ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ၀င္ေရာက္ရန္အတြက္ ၂၀၁၈ခုႏွစ္ ဇြန္လ(၉)ရက္ေန႔ ညေန(၃)နာရီ၀န္းက်င္အခ်ိန္က မိုင္းေယာင္းၿမိဳ႕နယ္မွတဆင့္ မိုင္းျဖတ္၊ တာေလၿမိဳ႕တို႔အား ေက်ာ္လြန္ကာ ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာစဥ္  မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္မွ တာ၀န္ရွိသူမ်ားက စစ္ေဆးရာ ဆိုင္ကယ္ျဖင့္ လိုက္ပါလာသူ အမ်ဳိးသားႏွစ္ဦးအနက္ တစ္ဦးမွာ ျမန္မာႏိုင္ငံ အတြင္းသို႔ တရားမ၀င္ေသာ နည္းလမ္းျဖင့္ ၀င္ေရာက္လာသူ ဗီယက္နမ္ႏိုင္ငံသားျဖစ္ေနၿပီး က်န္တစ္ဦးမွာ ျမန္မာႏိုင္ငံသားျဖစ္ေနေၾကာင္း သိရသည္။

ဆက္လက္၍ ၎တို႔အား စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမ၀င္နည္းလမ္းျဖင့္ ၀င္ေရာက္လာသူ အသက္(၄၈)ႏွစ္ရွိ ဗီယက္နမ္ႏိုင္ငံသား Giang A Do ဆိုသူသည္ တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္ အတြင္း အထူးေဒသ(၄) က်င္းယန္းေဒသတြင္ ငွက္ေပ်ာၿခံလုပ္ငန္း လုပ္ကိုင္ရန္ အတြက္  ဗီယက္နမ္ႏိုင္ငံမွ လာအိုႏိုင္ငံအတြင္းသို႔ ဆိုင္ကယ္ျဖင့္ ၀င္ေရာက္လာၿပီးေနာက္ လာအိုႏိုင္ငံမွ တဆင့္ မိုင္းေယာင္းသို႔ ၀င္ေရာက္လာျခင္း ျဖစ္ေၾကာင္းႏွင့္ ၎သည္ အထူးေဒသ(၄) က်င္းယန္းေဒသတြင္ ငွက္ေပ်ာၿခံဳစိုက္ လုပ္ငန္းကို လုပ္ကိုင္ေနသူ ျဖစ္ေၾကာင္း သိရသည္။

၎သည္ ငွက္ေပ်ာၿခံစိုက္ လုပ္ငန္းကို လုပ္ကိုင္ေနစဥ္ မိုင္းဆတ္တြင္ ေနထိုင္သူ အသက္(၄၂)ႏွစ္ရွိ ယန္ဖိန္း ႏွင့္ မိုင္းေယာင္းတြင္ ခင္မင္ရင္းႏွီးကာ ယန္ဖိန္းက ဗီယက္နမ္ႏိုင္ငံသားအား မိုင္းဆတ္ၿမိဳ႕သို႔ အလည္လိုက္ရန္ ေခၚရာမွာ ၎တို႔ ႏွစ္ဦးသည္ ဇြန္လ(၉)ရက္ေန႔ နံနက္(၅)နာရီအခ်ိန္က မိုင္းေယာင္းၿမိဳ႕နယ္ အထူးေဒသ(၄) က်င္းယန္းေဒသမွ တဆင့္ ဆိုင္ကယ္ျဖင့္ ထြက္ခြာလာစဥ္ တာခ်ီလိတ္ၿမိဳ႕ရွိ မယ္ယန္းပူးေပါင္း စစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးခံရျခင္း ျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ႏွစ္ဦးအနက္ ဗီယက္နမ္ႏိုင္ငံသားအား ျမန္မာႏိုင္ငံအတြင္းသို႔ တရားမ၀င္ ၀င္ေရာက္ခြင့္ အေထာက္အထား တစ္စံုတစ္ရာ မရွိဘဲ ၀င္ေရာက္ေနထိုင္မႈျဖင့္ ျမန္မာႏိုင္ငံလူ၀င္မႈႀကီးၾကပ္ေရး(လတ္တေလာျပဌာန္းခ်က္မ်ား) အက္ဥပေဒ ပုဒ္မ ၃(၁)ျဖင့္ လည္းေကာင္း၊ ဗီယက္နမ္ႏိုင္ငံသားအား ျမန္မာႏိုင္ငံအတြင္းသို႔ ေခၚေဆာင္လာသူ ျမန္မာႏိုင္ငံသား ယန္ဖိန္းအား တာ၀န္ရွိသူမ်ားထဲ သတင္းပို႔ရန္ ပ်က္ကြက္မႈျဖင့္ လ၀ကအက္ ဥပေဒပုဒ္မ ၁၃(၅)အရလည္းေကာင္း လ၀ကမွဴး ဦးေအာင္ေအာင္ထြန္းက တရားလို ျပဳလုပ္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၈၈/၂၀၁၈ လ၀ကအက္ ၁၃(၁)/၁၃(၅)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - ခ်မ္းၿငိမ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မိုင်းယောင်းဘက်မှ လာသည့် အထောက်အထားမဲ့ ဗီယက်နမ်နိုင်ငံသား တစ်ဦးအား ဖမ်းဆီးရမိ၍၎င်းအား ခေါ်ဆောင်လာသူနှင့် အတူ ဇွန်လ(၉)ရက်နေ့က လဝကအက် ဥပဒဖြေင့် အမှုဖွင့်အရေးယူလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှတဆင့် တာချီလိတ်မြို့တွင်းသို့ ဝင်ရောက်ရန်အတွက် ၂၀၁၈ခုနှစ် ဇွန်လ(၉)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က မိုင်းယောင်းမြို့နယ်မှတဆင့် မိုင်းဖြတ်၊ တာလမြေို့တို့အား ကျော်လွန်ကာ ဆိုင်ကယ်ဖြင့် ရောက်ရှိလာစဉ် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများက စစ်ဆေးရာ ဆိုင်ကယ်ဖြင့် လိုက်ပါလာသူ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင်သော နည်းလမ်းဖြင့် ဝင်ရောက်လာသူ ဗီယက်နမ်နိုင်ငံသားဖြစ်နပြေီး ကျန်တစ်ဦးမှာ မြန်မာနိုင်ငံသားဖြစ်နေကြောင်း သိရသည်။

ဆက်လက်၍၎င်းတို့အား စစ်ဆေးမှုများ ပြုလုပ်ရာတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသူ အသက်(၄၈)နှစ်ရှိ ဗီယက်နမ်နိုင်ငံသား Giang A Do ဆိုသူသည် တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အတွင်း အထူးဒေသ(၄) ကျင်းယန်းဒေသတွင် ငှက်ပျောခြံလုပ်ငန်း လုပ်ကိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံမှ လာအိုနိုင်ငံအတွင်းသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက်လာပြီးနောက် လာအိုနိုင်ငံမှ တဆင့် မိုင်းယောင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်းနှင့်၎င်းသည် အထူးဒေသ(၄) ကျင်းယန်းဒေသတွင် ငှက်ပျောခြုံစိုက် လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

၎င်းသည် ငှက်ပျောခြံစိုက် လုပ်ငန်းကို လုပ်ကိုင်နေစဉ် မိုင်းဆတ်တွင် နေထိုင်သူ အသက်(၄၂)နှစ်ရှိ ယန်ဖိန်း နှင့် မိုင်းယောင်းတွင် ခင်မင်ရင်းနှီးကာ ယန်ဖိန်းက ဗီယက်နမ်နိုင်ငံသားအား မိုင်းဆတ်မြို့သို့ အလည်လိုက်ရန် ခေါ်ရာမှာ၎င်းတို့ နှစ်ဦးသည် ဇွန်လ(၉)ရက်နေ့ နံနက်(၅)နာရီအချိန်က မိုင်းယောင်းမြို့နယ် အထူးဒေသ(၄) ကျင်းယန်းဒေသမှ တဆင့် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် တာချီလိတ်မြို့ရှိ မယ်ယန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် နှစ်ဦးအနက် ဗီယက်နမ်နိုင်ငံသားအား မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခွင့် အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ဝင်ရောက်နေထိုင်မှုဖြင့် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၃(၁)ဖြင့် လည်းကောင်း၊ ဗီယက်နမ်နိုင်ငံသားအား မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသား ယန်ဖိန်းအား တာဝန်ရှိသူများထဲ သတင်းပို့ရန် ပျက်ကွက်မှုဖြင့် လဝကအက် ဥပဒေပုဒ်မ ၁၃(၅)အရလည်းကောင်း လဝကမှူး ဦးအောင်အောင်ထွန်းက တရားလို ပြုလုပ်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၈၈/၂၀၁၈ လဝကအက် ၁၃(၁)/၁၃(၅)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - ချမ်းငြိမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~