တာခ်ီလိတ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါ ႀကိဳတင္ကာကြယ္ႏွိမ္နင္းေရး အသိေပး ရွင္းလင္း

တာခ်ီလိတ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါ ႀကိဳတင္ကာကြယ္ႏွိမ္နင္းေရး အသိေပး ရွင္းလင္း
ဇွန် 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမဳိ႕တြင္ ေသြးလြန္တုပ္ေကြးေရာဂါႀကဳိတင္ကာကြယ္ႏွိမ္နင္းေရး အသိပညာေပးရွင္းလင္းျခင္းကုိ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၉) ရက္ေန႔က နံနက္ (၁၀) နာရီက  မကာဟုိခမ္း ရပ္ကြက္ရွိ ျပည္သူ႔ေဆးရံုေဟာင္းတြင္ က်င္းပသည္။

ျခင္ေပါက္ပြားမႈမ်ားသည့္ ရာသီျဖစ္သည့္ အတြက္ ျခင္ေၾကာင့္ျဖစ္ပြားသည့္ ေသြးလြန္တုပ္ေကြးေရာဂါ ကာကြယ္ေရးႏွင့္ ပတ္သက္၍ ျခင္မေပါက္ပြားေစရန္ ဖုံုး၊သြန္၊လဲ၊စစ္ လုပ္ငန္းစဥ္မ်ား၊ ေသြးလြန္တုပ္ေကြး ေရာဂါလကၡဏာမ်ား၊ ႀကိဳတင္ကာကြယ္နည္းမ်ားကို ခရုိင္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး၊ ခရုိင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက ရွင္းလင္းေျပာၾကားသည္။

အဆိုပါ အသိေပးရွင္းလင္းေဆြးေႏြးပြဲတြင္ ခရုိင္စီမံခန္႔ခဲြမႈေကာ္မတီဥကၠ႒၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္က ျပည္သူမ်ား က်န္းမာေရး အသိပညာျမင့္မား တုိးတက္ပါမွ က်န္းမာသည့္ လူေနမႈဘဝ ရရွိေစႏုိင္မည္ျဖစ္ေၾကာင္း အဖြင့္အမွာစကားတြင္ ထည့္သြင္းေျပာၾကားသြားသည္။

ေသြးလြန္တုပ္ေကြးေရာဂါ ႀကဳိတင္ကာကြယ္ႏွိမ္နင္းရန္အတြက္ ျပည္သူလူထုအေနျဖင့္ ေရအုိး၊ ေရခြက္၊ ေရစည္မ်ား ျခင္မဝင္ႏုိင္ရန္ လံုၿခဳံစြာဖံုးအုပ္ေရး၊ ေရအုိး၊ ေရခြက္၊ ေရစည္မ်ားအတြင္းပုိင္း တုိက္ခၽြတ္ေဆးေၾကာ၍ တစ္ပတ္တစ္ႀကိမ္ သြန္ပစ္ေရး၊ ေညာင္ေရအုိး၊ ပန္းအိုးမ်ားကုိ တစ္ပတ္လွ်င္ ႏွစ္ႀကိမ္ တုိက္ခၽြတ္ေဆးေၾကာ၍ ေရလဲေပးေရး၊ ေရရွားပါက ပုိးေလာက္လန္းေတြ႕ရသည့္ေရကုိ ေနာက္တစ္အုိးသုိ႔ ေရစစ္ျဖင့္စစ္ကာ ေျပာင္းထည့္ေရး၊ မလွယ္မသြန္ႏိုင္ေသာ အုတ္ေရကန္ႀကီးမ်ား အတြင္းသုိ႔  ပုိးေလာက္လန္း ေသေစသည့္ အဘိတ္(Abate)ေဆးခတ္ျခင္းစသည့္ နည္းလမ္းမ်ားျဖင့္  ေဆာင္ရြက္ေရးအတြက္ ရွင္းလင္းေျပာၾကားသည္။
ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားေစသည့္ ျခင္က်ားမေပါက္ဖြားႏုိင္ေရးအတြက္ ျပည္သူမ်ားေနထုိင္သည့္ အိမ္၊ ေစ်း၊ ေက်ာင္း၊ ရံုးပတ္ဝန္းက်င္မ်ားတြင္ ေရၾကည္ေရသန္႔တင္က်န္မည့္ အုိးခြက္မ်ား၊ တာယာေဟာင္းမ်ား မရွိေရး၊ ျပည္သူလူထု အေျချပဳ အဖဲြ႕အစည္းမ်ားဖဲြ႕စည္း၍ အၿမဲစစ္ေဆးေရး၊ ျခင္ကုိက္ခံရမႈ မရွိေစေရး ကာကြယ္နည္းမ်ားကုိ  ၿမဳိ႕နယ္က်န္းမာေရးမွဴး ဦးေအာင္ဝင္းၾကည္က ရွင္းလင္းေျပာၾကားသည္။

ေသြးလြန္တုပ္ေကြးေရာဂါလကၡဏာမ်ားျဖစ္သည့္ ဖ်ား၍ ေညာင္းကုိက္ျခင္း၊ ပ်ဳိ႕အန္ျခင္း၊ အနီစက္ ထြက္ျခင္း၊ ဗုိက္နာျခင္း၊ ေသြးဝမ္းသြားျခင္း စသည္တို႔ကိုု သတိထားရန္ႏွင့္ ဖ်ားနာခ်ိန္တြင္ ေသြးလြန္တုပ္ေကြး ေရာဂါ လကၡဏာျဖင့္ ေရာေႏွာႏုိင္သည့္အတြက္ ေကာ္ဖီအပါအဝင္ ေကာ္ဖီေရာင္ အစားအေသာက္မ်ား စားေသာက္ျခင္းမွ ေရွာင္ရွားရန္တို႔အား ကေလးအထူးကု ဆရာဝန္ ေဒါက္တာေက်ာ္စြာျမင့္က ရွင္းလင္းေျပာၾကားခဲ့သည္။

ယင္းေနာက္ အဆုိပါ အခမ္းအနားသို႔ တက္ေရာက္လာသူမ်ားက ေသြးလြန္တုပ္ေကြး ေရာဂါကာကြယ္ ႏွိမ္နင္းေရးႏွင့္ ပတ္သက္၍ သိရွိလုိသည့္ အခ်က္မ်ားႏွင့္ ေဆာင္ရြက္သင့္သည့္ အခ်က္မ်ားကုိ ေဆြးေႏြးရာ တာ၀န္ရွိသူမ်ားက ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ေၾကာင္း သိရွိရသည္။

သတင္း - ေဝယံလင္း
ဓါတ္ပံု - ဟိန္းထက္ ၊ ေအာင္ေက်ာ္၀င္းစိန္




~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးရှင်းလင်းခြင်းကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့က နံနက် (၁၀) နာရီက မကာဟိုခမ်း ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံဟောင်းတွင် ကျင်းပသည်။

ခြင်ပေါက်ပွားမှုများသည့် ရာသီဖြစ်သည့် အတွက် ခြင်ကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ခြင်မပေါက်ပွားစေရန် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းစဉ်များ၊ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နည်းများကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ရှင်းလင်းပြောကြားသည်။

အဆိုပါ အသိပေးရှင်းလင်းဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြည်သူများ ကျန်းမာရေး အသိပညာမြင့်မား တိုးတက်ပါမှ ကျန်းမာသည့် လူနေမှုဘဝ ရရှိစေနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရန်အတွက် ပြည်သူလူထုအနဖြေင့် ရေအိုး၊ ရေခွက်၊ ရေစည်များ ခြင်မဝင်နိုင်ရန် လုံခြုံစွာဖုံးအုပ်ရေး၊ ရေအိုး၊ ရေခွက်၊ ရေစည်များအတွင်းပိုင်း တိုက်ချွတ်ဆေးကြော၍ တစ်ပတ်တစ်ကြိမ် သွန်ပစ်ရေး၊ ညောင်ရေအိုး၊ ပန်းအိုးများကို တစ်ပတ်လျှင် နှစ်ကြိမ် တိုက်ချွတ်ဆေးကြော၍ ရေလဲပေးရေး၊ ရေရှားပါက ပိုးလောက်လန်းတွေ့ရသည့်ရေကို နောက်တစ်အိုးသို့ ရေစစ်ဖြင့်စစ်ကာ ပြောင်းထည့်ရေး၊ မလှယ်မသွန်နိုင်သော အုတ်ရေကန်ကြီးများ အတွင်းသို့ ပိုးလောက်လန်း သေစေသည့် အဘိတ်(Abate)ဆေးခတ်ခြင်းစသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရေးအတွက် ရှင်းလင်းပြောကြားသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့် ခြင်ကျားမပေါက်ဖွားနိုင်ရေးအတွက် ပြည်သူများနေထိုင်သည့် အိမ်၊ ဈေး၊ ကျောင်း၊ ရုံးပတ်ဝန်းကျင်များတွင် ရကြေည်ရေသန့်တင်ကျန်မည့် အိုးခွက်များ၊ တာယာဟောင်းများ မရှိရေး၊ ပြည်သူလူထု အခြပြေု အဖွဲ့အစည်းများဖွဲ့စည်း၍ အမြဲစစ်ဆေးရေး၊ ခြင်ကိုက်ခံရမှု မရှိစေရေး ကာကွယ်နည်းများကို မြို့နယ်ကျန်းမာရေးမှူး ဦးအောင်ဝင်းကြည်က ရှင်းလင်းပြောကြားသည်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများဖြစ်သည့် ဖျား၍ ညောင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အနီစက် ထွက်ခြင်း၊ ဗိုက်နာခြင်း၊ သွေးဝမ်းသွားခြင်း စသည်တို့ကို သတိထားရန်နှင့် ဖျားနာချိန်တွင် သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာဖြင့် ရောနှောနိုင်သည့်အတွက် ကော်ဖီအပါအဝင် ကော်ဖီရောင် အစားအသောက်များ စားသောက်ခြင်းမှ ရှောင်ရှားရန်တို့အား ကလေးအထူးကု ဆရာဝန် ဒေါက်တာကျော်စွာမြင့်က ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများက သွေးလွန်တုပ်ကွေး ရောဂါကာကွယ် နှိမ်နင်းရေးနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များနှင့် ဆောင်ရွက်သင့်သည့် အချက်များကို ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သတင်း - ဝေယံလင်း
ဓာတ်ပုံ - ဟိန်းထက်၊ အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~