တာခ်ီလိတ္တြင္ အျပည္ျပည္ဆုိင္ရာ မူးယစ္ေဆးဝါးအလဲြသံုးမႈႏွင့္ တရားမဝင္ ေရာင္းဝယ္မႈတုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနား ေအာင္ျမင္စြာ က်င္းပႏုိင္ေရး ႀကိဳတင္ညႇိႏႈိင္းေဆြးေႏြး

တာခ်ီလိတ္တြင္ အျပည္ျပည္ဆုိင္ရာ မူးယစ္ေဆးဝါးအလဲြသံုးမႈႏွင့္ တရားမဝင္ ေရာင္းဝယ္မႈတုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနား ေအာင္ျမင္စြာ က်င္းပႏုိင္ေရး ႀကိဳတင္ညႇိႏႈိင္းေဆြးေႏြး
ဇွန် 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ အျပည္ျပည္ဆုိင္ရာ မူးယစ္ေဆးဝါးအလဲြသံုးမႈႏွင့္ တရားမဝင္ ေရာင္းဝယ္မႈတုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနား က်င္းပႏုိင္ေရး ႀကဳိတင္ ညႇိႏႈိင္း အစည္းအေဝးကုိ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၃)ရက္ေန႔တြင္ တာခ်ီလိတ္ခရုိင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရွိ အစည္းအေဝး ခန္းမ၌ က်င္းပသည္။

အဆိုပါ အစည္းအေဝးတြင္ အခမ္းအနား ေအာင္ျမင္စြာ က်င္းပႏုိင္ေရး၊ အထိမ္းအမွတ္ၿပဳိင္ပဲြမ်ားျဖစ္သည့္ ကြန္ပ်ဴတာပန္းခ်ီ၊ ပန္းခ်ီ၊ ကာတြန္း၊ ပုိစတာႏွင့္ စာစီစာကံုး ၿပဳိင္ပဲြမ်ားတြင္ ဆုရေက်ာင္းသား ေက်ာင္းသူမ်ားအား ဆုခ်ီးျမႇင့္ျခင္းႏွင့္ ေဆာင္ရြက္မည့္လုပ္ငန္း အစီအစဥ္မ်ား၊ အခမ္းအနား က်င္းပေရး ဆပ္ေကာ္မတီမ်ားမွ ေကာ္မတီဥကၠ႒မ်ားက ေကာ္မတီအလုိက္ ေဆာင္ရြက္မည့္ အစီအမံမ်ားကုိ ေဆြးေႏြးၾကေၾကာင္း သိရသည္။

အစည္းအေဝးသို႔ ခရုိင္မူးယစ္ေဆးဝါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၱရာယ္ တားဆီးကာ ကြယ္ေရးအဖဲြ႕ ဥကၠ႒၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္၊ ခရုိင္မူးယစ္ေဆးဝါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၱရာယ္ တားဆီးကာကြယ္ေရးအဖဲြ႕ ဒုတိယဥကၠ႒၊ ခရုိင္ရဲတပ္ဖဲြ႕မွဴး ဒုတိယရဲမွဴးႀကီး ေပၚထြန္း၊ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖဲြ႕စုမွဴး ရဲမွဴး စုိးႏုိင္၊ အခမ္းအနားက်င္းပေရး ဆပ္ေကာ္မတီမ်ားမွ ေကာ္မတီဥကၠ႒မ်ားႏွင့္ တာဝန္ရိွသူမ်ား တက္ေရာက္ ၾကေၾကာင္း သိရသည္။

သတင္း - ေ၀ယံလင္း
 ဓါတ္ပံု - တိုးႀကီး



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး ကြိုတင် ညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၃)ရက်နေ့တွင် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး၊ အထိမ်းအမှတ်ပြိုင်ပွဲများဖြစ်သည့် ကွန်ပျူတာပန်းချီ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များ၊ အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီများမှ ကော်မတီဥက္ကဋ္ဌများက ကော်မတီအလိုက် ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးကြကြောင်း သိရသည်။

အစည်းအဝေးသို့ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာ ကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူး စိုးနိုင်၊ အခမ်းအနားကျင်းပရေး ဆပ်ကော်မတီများမှ ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။

သတင်း -ေဝယံလင်း
 ဓာတ်ပုံ - တိုးကြီး 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~