တာချီလိတ်လေဆိပ် လေယာဉ်ပြေးလမ်းတွင် ရေလွှမ်းမိုး၍ ဇွန်လ ၂၇ ရက်နေ့တွင် ယာယီ ပိတ်ထားရ
တာချီလိတ်လေဆိပ် လေယာဉ်ပြေးလမ်းတွင် ရေလွှမ်းမိုး၍ ဇွန်လ ၂၇ ရက်နေ့တွင် ယာယီ ပိတ်ထားရ
ဇွန် 27, 2018
By Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်လေဆိပ် လေယာဉ်ပြေးလမ်းတွင် ရေ (၃)လက်မခန့်တက်လာသဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့ နံနက်မှစ၍ ညနေ (၃)နာရီအထိ ယာယီပိတ်ထားပြီး ရာသီဥတုအခြေအနေအရ အချိန်ထပ်တိုးနိုင်ကြောင်း သိရသည်။
“ရေတက်နေတာကြောင့် လက်ရှိအချိန်ထိတော့ ညနေ (၃)နာရီအထိ ယာယီပိတ်ထားပါတယ်။ ရာသီဥတု အခြေအနကြေည့်ပြီး အချိန်က ထပ်တိုးချင်တိုးနိုင်ပါတယ်”ဟု လေဆိပ်တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဇွန်လ (၂၆)ရက်နေ့ ညပိုင်းကမှစ၍ မိုးရွာသွန်းမှုကြောင့် ဇွန်လ (၂၇)ရက်နေ့ နံနက်နံနက်ပိုင်းတွင် လေယာဉ်ကွင်းအတွင်း ရေလွှမ်းမိုးမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် နံနက်(၁၁)နာရီခွဲဝန်းကျင်တွင် ထက်ဝက်ခန့် ရေကျသွားကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~