က်ဳိင္းတံုေဒသတြင္း အခက္အခဲမ်ားကို တင္ျပႏုိင္မည့္ Facebook Page တစ္ခုအား ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မွ Shan Parliament for Kyaing Tong Needs က်ဳိင္းတုံဟစ္တိုင္ အမည္ျဖင့္ ျပဳလုပ္ထား

က်ဳိင္းတံုေဒသတြင္း အခက္အခဲမ်ားကို တင္ျပႏုိင္မည့္ Facebook Page တစ္ခုအား ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မွ Shan Parliament for Kyaing Tong Needs က်ဳိင္းတုံဟစ္တိုင္ အမည္ျဖင့္ ျပဳလုပ္ထား
ဇွန် 7, 2018
By Tachileik News Agency

က်ဳိင္းတံုေဒသအတြင္း ျပည္သူမ်ား၏ အခက္အခဲမ်ားကို သိရွိၿပီး လႊတ္ေတာ္တြင္ တင္ျပႏိုင္ရန္ အျပင္ ကူညီေျဖရွင္းေပးႏိုင္ရန္ အတြက္ က်ဳိင္းတံုမဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္က "Shan Parliament for Kyaing Tong Needs က်ဳိင္းတုံဟစ္တိုင္"အမည္ျဖစ္ Facebook Page တစ္ခုကို ျပဳလုပ္ထားေၾကာင္း သိရသည္။

"Shan Parliament for Kyaing Tong Needs က်ဳိင္းတုံဟစ္တိုင္"အမည္ျဖစ္ Facebook Page အား ၂၀၁၈ခုႏွစ္ ဇြန္လ(၅)ရက္ေန႔က စတင္ၿပီး က်ဳိင္းတံုၿမိဳ႕နယ္၏ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ၀ဏၰစိုးက ျပဳလုပ္ထားျခင္း ျဖစ္သည္။

"အဓိက ကေတာ့ ကၽြန္ေတာ္က ျပည္သူ႔အသံကို နားေထာင္ခ်င္တဲ့အတြက္ Facebook ေပၚမွာ က်ိဳင္းတုံဟစ္တိုင္ဆိုတဲ့ Page ကို ေထာင္ထားတာ ျဖစ္ပါတယ္။ ျပည္သူေတြအေနနဲ႔ တစ္ခ်ိဳ႕ကိစၥေတြမွာ ကၽြန္ေတာ္တို႔ကို တင္ျပဖို႕ ခက္ခဲေနတာေတြလည္း ရိွႏိုင္တဲ့အတြက္ အခုလို လုပ္ထားတာ ျဖစ္ပါတယ္။ ျပည္သူေတြ အေနနဲ႔ အဲဒီ Page ရဲ႕ Message box က ျဖစ္ေစ၊ comment ကေန ျဖစ္ေစ ေတာင္းဆို တင္ျပႏိုင္ပါတယ္။"ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ၀ဏၰစိုးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ဇြန္လ(၇)ရက္ေန႔က ေျပာသည္။

အဆိုပါ Facebook Page တြင္ က်ဳိင္းတံုၿမိဳ႕နယ္အတြင္းရွိ ျပည္သူမ်ားအေနျဖင့္ မိမိတို႔၏ အခက္အခဲမ်ားကို တိုက္ရိုက္လာေရာက္ တင္ျပႏိုင္သကဲ့သို႔ က်ဳိင္းတံုၿမိဳ႕ႏွင့္ ပတ္သက္သည့္ အခက္အခဲမ်ားကို အခ်က္အလက္ႏွင့္ တကြ မွန္ကန္စြာ ေပးပို႔လာႏိုင္မွာျဖစ္ေၾကာင္း သိရသည္။

ထို႔အတူ က်ဳိင္းတံု မဲဆႏၵနယ္အတြင္းမွ ေရြးေကာက္ခံခဲ့ရသည့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္တို႔အေနျဖင့္ လႊတ္ေတာ္ အသီးသီးတြင္ ၾကယ္ပြင့္ျပေမးခြန္းမ်ား၊ ၾကယ္ပြင့္မျပ ေမးခြန္းမ်ားႏွင့္ လႊတ္ေတာ္က ျပန္လည္ေျဖၾကားလာမည့္ အေျဖမ်ားကိုလည္း အမ်ားျပည္သူ သိရွိႏိုင္ရန္အတြက္  အဆိုပါ Facebook Page တြင္ ေဖာ္ျပေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခုလို ေဒသအတြင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံ ေဒသအခက္အခဲမ်ား တင္ျပသိရွိႏိုင္မည့္ Facebook Page ျပဳလုပ္ထားမႈမွာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သာမက ရွမ္းျပည္နယ္တစ္ခုလံုးတြင္ ပထမဆံုးျဖစ္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္လႊတ္ေတာ္ရံုးအတြက္ တရား၀င္ Facebook Page မရွိေသးေၾကာင္း သိရွိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံဒေသအတွင်း ပြည်သူများ၏ အခက်အခဲများကို သိရှိပြီး လွှတ်တော်တွင် တင်ပြနိုင်ရန် အပြင် ကူညီဖြေရှင်းပေးနိုင်ရန် အတွက် ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က "Shan Parliament for Kyaing Tong Needs ကျိုင်းတုံဟစ်တိုင်"အမည်ဖြစ် Facebook Page တစ်ခုကို ပြုလုပ်ထားကြောင်း သိရသည်။

"Shan Parliament for Kyaing Tong Needs ကျိုင်းတုံဟစ်တိုင်"အမည်ဖြစ် Facebook Page အား ၂၀၁၈ခုနှစ် ဇွန်လ(၅)ရက်နေ့က စတင်ပြီး ကျိုင်းတုံမြို့နယ်၏ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ပြုလုပ်ထားခြင်း ဖြစ်သည်။

"အဓိက ကတော့ ကျွန်တော်က ပြည်သူ့အသံကို နားထောင်ချင်တဲ့အတွက် Facebook ပေါ်မှာ ကျိုင်းတုံဟစ်တိုင်ဆိုတဲ့ Page ကို ထောင်ထားတာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ တစ်ချို့ကိစ္စတွေမှာ ကျွန်တော်တို့ကို တင်ပြဖို့ ခက်ခဲနေတာတွေလည်း ရှိနိုင်တဲ့အတွက် အခုလို လုပ်ထားတာ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ အဲဒီ Page ရဲ့ Message box က ဖြစ်စေ၊ comment ကနေ ဖြစ်စေ တောင်းဆို တင်ပြနိုင်ပါတယ်။"ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်း အေဂျင်စီသို့ ဇွန်လ(၇)ရက်နေ့က ပြောသည်။

အဆိုပါ Facebook Page တွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ပြည်သူများအနဖြေင့် မိမိတို့၏ အခက်အခဲများကို တိုက်ရိုက်လာရောက် တင်ပြနိုင်သကဲ့သို့ ကျိုင်းတုံမြို့နှင့် ပတ်သက်သည့် အခက်အခဲများကို အချက်အလက်နှင့် တကွ မှန်ကန်စွာ ပေးပို့လာနိုင်မှာဖြစ်ကြောင်း သိရသည်။

ထို့အတူ ကျိုင်းတုံ မဲဆန္ဒနယ်အတွင်းမှ ရွေးကောက်ခံခဲ့ရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့အနဖြေင့် လွှတ်တော် အသီးသီးတွင် ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြ မေးခွန်းများနှင့် လွှတ်တော်က ပြန်လည်ဖြကြေားလာမည့် အဖြေများကိုလည်း အများပြည်သူ သိရှိနိုင်ရန်အတွက် အဆိုပါ Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလို ဒေသအတွင်း လွှတ်တော်ကိုယ်စားလှယ်များထံ ဒေသအခက်အခဲများ တင်ပြသိရှိနိုင်မည့် Facebook Page ပြုလုပ်ထားမှုမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သာမက ရှမ်းပြည်နယ်တစ်ခုလုံးတွင် ပထမဆုံးဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်လွှတ်တော်ရုံးအတွက် တရားဝင် Facebook Page မရှိသေးကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~