မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးကွန်ယက်ဖြစ်သည့် Mytel ၏ အရောင်းပြခန်း တာချီလိတ်မြို့တွင် စတင်ဖွင့်လှစ်

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးကွန်ယက်ဖြစ်သည့် Mytel ၏ အရောင်းပြခန်း တာချီလိတ်မြို့တွင် စတင်ဖွင့်လှစ်
ဇှနျ 10, 2018
By Tachileik News Agency

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးကွန်ရက်ဖြစ်သည့် Mytel ၏ တာချီလိတ်မြို့အတွက် အရောင်းပြခန်း(Show Room)အား တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမရှိ အရောင်းဆိုင်တွင် ဖွင့်လှစ်ပြီး စတင်ဖွင့်လှစ်ခြင်းအနေဖြင့် ဖွင့်ပွဲအခမ်းအနားအား ၂၀၁၈ခုနှစ် ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။



အဆိုပါ Mytel Companyအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဆက်သွယ်ရေးတာဝါတိုင်(၆၀)ကျော် စိုက်ထူထားပြီး၊ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ တာလေ၊ ကျိုင်းလပ်၊ တာချီလိတ်၊  မိုင်းဆတ် နှင့် မိုင်းတုံ မြို့များတွင် ဆက်သွယ်ပြောဆိုနိုင်ကာ တာချီလိတ်မြို့နယ်၊ ၀မ်ပုံကျေးရွာ၊ မိုင်းယောင်းမြို့နယ် နှင့် မိုင်းယုမြို့ တို့တွင်လည်း မကြာမီ ဆက်သွယ်ခေါ်ဆိုနိုင်မည်သည့်အတွက် ကျိုင်းတုံ-တာချီလိတ် လမ်းတစ်လျှောက် လိုင်းကွန်ရက် အဆက်မပြတ်ပြောဆိုနိုင်ကြောင်း Mytel ၏  ရှမ်း(အရှေ့)ရုံးခွဲ စီမံတာဝန်ခံ  ဦးသန်းထွဋ်အောင်က ပြောသည်။

လက်ရှိတွင် Mytel ဆင်းကတ်ကို သုံးစွဲသူများ အနေဖြင့် ဆင်းကတ်ချိုးပြီးပါက ငွေဖြည့်ရန်လိုအပ်ကာ တစ်နှစ်ကြာ သက်တမ်းရရှိမည်ဖြစ်ပြီး၊ ကတ်အား မှတ်ပုံတင်ရန် လိုအပ်မည်ဖြစ်ကြောင်း  သိရသည်။


Mytel အနေဖြင့် မြန်မာနိုင်ငံလူဦးရေ၏ (၈၀) ရာခိုင်နှုန်းထံ ၎င်းတို့၏ ကွန်ရက်က ထိုးဖောက် ရောက်ရှိနေပြီး မြို့နယ်ပေါင်း (၃၀၀)၊ ရာခိုင်နှုန်း (၇၀) ကို 4G ကွန်ရက် ဝန်ဆောင်မှုပေးနိုင်နေပြီဖြစ်ကြောင်း သိရှိရသည်။

သတင်း - #ဝေယံလင်း
ဓါတ်ပုံ - #ဟိန်းထက်


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးကွန်ရက်ဖြစ်သည့် Mytel၏ တာချီလိတ်မြို့အတွက် အရောင်းပြခန်း(Show Room)အား တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမရှိ အရောင်းဆိုင်တွင် ဖွင့်လှစ်ပြီး စတင်ဖွင့်လှစ်ခြင်းအနဖြေင့် ဖွင့်ပွဲအခမ်းအနားအား ၂၀၁၈ခုနှစ် ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲတွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် က အဖွင့်မင်္ဂလာစကားပြောကြားပြီး၊ Mytel Company၏ တာချီလိတ် Business Centre မန်နေဂျာ ဦးစိုင်းဆိုင်လွန်းက လုပ်ငန်းဆိုင်ရာ များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အရောင်းပြခန်းအား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် Mytel Company၏ East Shan Branch Managing Director Mr.Hoang Nguyen Chieu တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ Mytel Companyအနဖြေင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဆက်သွယ်ရေးတာဝါတိုင်(၆၀)ကျော် စိုက်ထူထားပြီး၊ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ တာလေ၊ ကျိုင်းလပ်၊ တာချီလိတ်၊ မိုင်းဆတ် နှင့် မိုင်းတုံ မြို့များတွင် ဆက်သွယ်ပြောဆိုနိုင်ကာ တာချီလိတ်မြို့နယ်၊ ဝမ်ပုံကျေးရွာ၊ မိုင်းယောင်းမြို့နယ် နှင့် မိုင်းယုမြို့ တို့တွင်လည်း မကြာမီ ဆက်သွယ်ခေါ်ဆိုနိုင်မည်သည့်အတွက် ကျိုင်းတုံ-တာချီလိတ် လမ်းတစ်လျှောက် လိုင်းကွန်ရက် အဆက်မပြတ်ပြောဆိုနိုင်ကြောင်း Mytel၏ ရှမ်း(အရှေ့)ရုံးခွဲ စီမံတာဝန်ခံ ဦးသန်းထွဋ်အောင်က ပြောသည်။

လက်ရှိတွင် Mytel ဆင်းကတ်ကို သုံးစွဲသူများ အနဖြေင့် ဆင်းကတ်ချိုးပြီးပါက ငွဖြေည့်ရန်လိုအပ်ကာ တစ်နှစ်ကြာ သက်တမ်းရရှိမည်ဖြစ်ပြီး၊ ကတ်အား မှတ်ပုံတင်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Mytel၏ ဖိုင်ဘာကွန်ရက်များကို ရှမ်းပြည်နယ် အရှေ့ပိုင်းမှ မြို့နယ်ပေါင်း (၁၅)မြို့နယ်အနက် (၁၀)မြို့နယ်တွင် ဖိုင်ဘာဆက်ကြောင်းများ ချိတ်ဆက်ပြီးဖြစ်ကြောင်း သိရပြီး 4G ကွန်ရက်ကို မြို့နယ်ပေါင်း (၈)မြို့နယ်တွင် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

Mytel အနဖြေင့် မြန်မာနိုင်ငံလူဦးရေ၏ (၈၀) ရာခိုင်နှုန်းထံ၎င်းတို့၏ ကွန်ရက်က ထိုးဖောက် ရောက်ရှိနပြေီး မြို့နယ်ပေါင်း (၃၀၀)၊ ရာခိုင်နှုန်း (၇၀) ကို 4G ကွန်ရက် ဝန်ဆောင်မှုပေးနိုင်နပြေီဖြစ်ကြောင်း သိရှိရသည်။

သတင်း - #ေဝယံလင်း
ဓာတ်ပုံ - #ဟိန်းထက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~