
ဇှနျ 8, 2018
By 🌸


ဘိန်းစိမ်းများသယ်ဆောင်လာသူမှာ ဝိန်းကျောက်ရွာမှ မအဲနာဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းအား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ)၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉ - ကဖြင့် အမှုဖွင့်စစ်ဆေးအရေးယူထားကြောင်း သိရသည်။

သတင်း #ကိုသာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်တွင် ဘိန်းစိမ်း ၁၁ ကီလို သယ်ဆောင်လာသည့်အမျိုးသမီးအား ဖမ်းဆီးရမိ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် ဘိန်းစိမ်း (၁၁)ကီလို သယ်လာသည့်အမျိုးသမီးတစ်ဦးအား ၂၀၁၈ ခုနှစ် ဇွန်လ (၈)ရက်နေ့ နံနက်(၂)နာရီခွဲဝန်းကျင်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

မြို့မဈေးရှေ့တွင် အဆိုပါအမျိုးသမီးအား မသင်္ကာဖွယ်တွေ့ရသဖြင့် ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ စစ်ဆေးရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် ကျောပိုးအိတ်အတွင်းမှ ဘိန်းစိမ်း(၁.၅)ကီလိုဂရမ်ခန့်ပါ အထုပ်(၅)ထုပ်နှင့် (၁)ကီလိုဂရမ်ခန့်ပါအထုပ်(၃)ထုပ်၊ (ဝ.၅)ကီလိုဂရမ်ခန့်ပါ ဘိန်းစိမ်း(၁)ထုပ် စုစုပေါင်း ဘိန်းစိမ်း (၉)ထုပ် စုစုပေါင်း (၁၁)ကီလိုဂရမ်ခန့်အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းစိမ်းများသယ်ဆောင်လာသူမှာ ဝိန်းကျောက်ရွာမှ မအဲနာဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းအား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ)၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉ - ကဖြင့် အမှုဖွင့်စစ်ဆေးအရေးယူူထားကြောင်း သိရသည်။

သတင်း #ကိုသာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~