ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံသားႏွစ္ဦးထံက မူးယစ္ေဆး၀ါးမ်ားကို ၀ယ္ယူသူအျဖစ္ အသြင္ယူကာ ဖမ္းဆီး

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံသားႏွစ္ဦးထံက မူးယစ္ေဆး၀ါးမ်ားကို ၀ယ္ယူသူအျဖစ္ အသြင္ယူကာ ဖမ္းဆီး
ဇွန် 21, 2018
By Tachileik News Agency

ထိုင္း - ျမန္မာ နယ္စပ္ေဒသ၊ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ အိုက္စ္မူးယစ္ေဆး (၃၀) ကီလိုဂရမ္ကို နယ္စပ္ျဖတ္ေက်ာ္ သယ္ေဆာင္လာသည့္ ျမန္မာႏိုင္ငံသား ႏွစ္ဦးထံက ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၀) ရက္တြင္ ထုိင္းရဲတပ္ဖြဲ႕မွ ဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

ထိုင္းမူးယစ္အထူးတပ္ဖြဲ႔၀င္မ်ားႏွင့္ မယ္ဆိုင္ရဲတပ္ဖြဲ႕တို႔က စီမံခ်က္ျဖင့္ မူးယစ္ေဆးဝယ္ယူသူမ်ား အျဖစ္ အသြင္ယူကာ နယ္စပ္ျဖတ္ေက်ာ္ မူးယစ္ေဆး လာပို႔သည့္ ျမန္မာႏုိင္ငံသားႏွစ္ဦးကို ဖမ္းဆီးလုိက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ျမန္မာႏုိင္ငံသား အသက္ (၃၂) ႏွစ္အရြယ္ စိုင္းေလာ၀္ႏွင့္ အသက္ (၂၃) ႏွစ္အရြယ္ စိုင္းလ်န္ဟန္တို႔သည္ ေငြေခ်မည့္ သူမ်ားထံ မူးယစ္ေဆး၀ါးသြားေရာက္ ပို႔ေဆာင္စဥ္တြင္ ဖမ္းဆီးခံရၿပီး၊ မူးယစ္ေဆး၀ါး ၀ယ္ယူမည့္သူမ်ားမွာ အသြင္ယူထားသည့္ ရဲတပ္ဖြဲ႔၀င္မ်ားျဖစ္ေနေၾကာင္း သိရသည္။

၎တို႔သည္ မူးယစ္ေဆး၀ါးမ်ားကို ျမန္မာ - ထုိင္းနယ္စပ္ေခ်ာင္းမွ ခိုးဝင္ကာ ထိုင္းဘက္သို႔ သယ္ယူသြားျခင္း ျဖစ္ၿပီး မူးယစ္ေဆး၀ါးမ်ားကို တရုတ္အဖြဲ႕ထံမွ ဝယ္ယူခဲ့ျခင္း ျဖစ္ေၾကာင္း ထိုင္းစစ္ေဆးေရး အဖြဲ႔သို႔ ထြက္ဆိုထားသည္ဟု သတင္းထုတ္ျပန္ထားသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာ နယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အိုက်စ်မူးယစ်ဆေး (၃၀) ကီလိုဂရမ်ကို နယ်စပ်ဖြတ်ကျော် သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား နှစ်ဦးထံက ၂၀၁၈ ခုနှစ် ဇွန်လ (၂၀) ရက်တွင် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ထိုင်းမူးယစ်အထူးတပ်ဖွဲ့ဝင်များနှင့် မယ်ဆိုင်ရဲတပ်ဖွဲ့တို့က စီမံချက်ဖြင့် မူးယစ်ဆေးဝယ်ယူသူများ အဖြစ် အသွင်ယူကာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေး လာပို့သည့် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြန်မာနိုင်ငံသား အသက် (၃၂) နှစ်အရွယ် စိုင်းလောဝ်နှင့် အသက် (၂၃) နှစ်အရွယ် စိုင်းလျန်ဟန်တို့သည် ငွေချေမည့် သူများထံ မူးယစ်ဆေးဝါးသွားရောက် ပို့ဆောင်စဉ်တွင် ဖမ်းဆီးခံရပြီး၊ မူးယစ်ဆေးဝါး ဝယ်ယူမည့်သူများမှာ အသွင်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်နေကြောင်း သိရသည်။

၎င်းတို့သည် မူးယစ်ဆေးဝါးများကို မြန်မာ - ထိုင်းနယ်စပ်ချောင်းမှ ခိုးဝင်ကာ ထိုင်းဘက်သို့ သယ်ယူသွားခြင်း ဖြစ်ပြီး မူးယစ်ဆေးဝါးများကို တရုတ်အဖွဲ့ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်ဆေးရေး အဖွဲ့သို့ ထွက်ဆိုထားသည်ဟု သတင်းထုတ်ပြန်ထားသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~