ကျောက်မဲတွင် မိုးသည်းထန်စွာရွာသွန်း၍ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုဖြစ်ပြီး စာသင်ကျောင်း တစ်ကျောင်း ယာယီပိတ်ထားရ
ကျောက်မဲတွင် မိုးသည်းထန်စွာရွာသွန်း၍ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုဖြစ်ပြီး စာသင်ကျောင်း တစ်ကျောင်း ယာယီပိတ်ထားရ
ဇှနျ 6, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၁၈ခုနှစ် ဇွန်လ (၆) ရက်နေ့ နံနက် (၅) နာရီဝန်းကျင်မှ စ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်ခြံဝန်း အုတ်တံတိုင်းအချို့ ပြိုကျသွားပြီး မူလတန်းကျောင်းတစ်ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။
နမ့်စမ်းငေါင်းချောင်းရှိ ရေစီးရေလာ ပိတ်တတ်သည်နေရာများတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ချောင်းနံရံ များအား ကျောက်စီခြင်း၊ မကြာခဏရေကျော်တတ်သည့် တံတားများကို အသစ်ပြန်လည် တည်ဆောက်ခြင်း များနှင့် ချောင်းတိမ်ကောနေသည့်နေရာများကို ဆယ်ယူထားသည့်အတွက် ယခင်နှစ်များလောက် ရေကြီး ရေလျှံမှုမဖြစ်တော့ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၁၈ခုနှစ် ဇွန်လ (၆) ရက်နေ့ နံနက် (၅) နာရီဝန်းကျင်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ရကြေီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်ခြံဝန်း အုတ်တံတိုင်းအချို့ ပြိုကျသွားပြီး မူလတန်းကျောင်းတစ်ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။
မြို့ပေါ်ရှိ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်များအတွင်း မြောင်းရေလျှံကာ ရေဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ခါတိုင်းရေတက်တတ်တဲ့ နမ့်စောင်းငေါင်း(နမ့်စမ်းငေါင်း) ချောင်းတစ်လျှောက်မှာတော့ ဒီနှစ်ထဲမှာပဲ ချောင်းကမ်းပါးချဲ့တာ၊ ကျောက်စီတာတွေလုပ်ထားတဲ့အတွက် ရေမလျှံပါဘူး။ အခုရကြေီးနေတယ် ဆိုတာက အမြင့်ပိုင်းရပ်ကွက်တွေက စီးလာတဲ့ရေတွေက လမ်းဘေးမြောင်းနဲ့မဆန့်တဲ့အတွက် ဖြစ်ရတာ။ မိုးရွာတာက လည်း ဆက်တိုက်ဖြစ်နေတယ်။ မိုးလည်းများတယ်။ ဒါကြောင့် မြောင်းရေတွေလျှံပြီးဖြစ်တာ ဖြစ်ပါတယ်” ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
နမ့်စမ်းငေါင်းချောင်းရှိ ရေစီးရေလာ ပိတ်တတ်သည်နေရာများတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ချောင်းနံရံ များအား ကျောက်စီခြင်း၊ မကြာခဏရေကျော်တတ်သည့် တံတားများကို အသစ်ပြန်လည် တည်ဆောက်ခြင်း များနှင့် ချောင်းတိမ်ကောနေသည့်နေရာများကို ဆယ်ယူထားသည့်အတွက် ယခင်နှစ်များလောက် ရကြေီး ရေလျှံမှုမဖြစ်တော့ကြောင်း သိရသည်။
“တစ်ချို့လူနေအိမ်တွေက သဘာဝရေချောင်းတွေ၊ ရေမြောင်းတွေကို နေအိမ်ခြံဝန်းထဲထည့်ထားတော့ မြောင်းတွေက ကျဉ်းပြီးရေတွေလျှံကုန်တာ။ သူတို့ခြံထဲရောက်သွားတဲ့မြောင်းတွေကို သေးသေးလေးတွေ လုပ်လိုက်တဲ့အတွက် ရေအားကမနိုင်တော့ဘူး ဖြစ်သွားတာ။ ဒါကြောင့်ပတ်ဝန်းကျင်အိမ်တွေမှာ ရေတွေ ဝင်ရောက်တာ” ဟု ကျောက်မဲမြို့ အမှတ် (၁) ရပ်ကွက်ရှိ နေအိမ်ခြံဝန်းအတွင်း ခါးလယ်ခန့်ထိ ရေဝင်ရောက် နေသည့် နေအိမ်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
အမှတ်(၂)ရပ်ကွက်၊ နယ်မြေ(၁၅)၊ စဝ်စံထွန်းလမ်းမကြီးနံဘေး၊ အမှတ်(၁၁) အခြေခံပညာ မူလတန်းကျောင်း အနီးရှိ လူနေအိမ်တစ်လုံး၏ ရှစ်ပေခန့်အကျယ်ရှိ ခြံဝန်းအုတ်တံတိုင်း (၈)ခန်း ပြိုကျပျက်စီးခဲ့ပြီး အမှတ် (၈) အခြေခံပညာ မူလတန်းကျောင်းတွင်လည်း ရေများဝင်ရောက်နေ၍ ယာယီပိတ်ထားကြောင်း သိရသည်။
ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာရှိ နေအိမ် (၄) လုံးမှ ခြံစည်းရိုး အုတ်တံတိုင်းများလည်း ပြိုကျသွားကြောင်း သိရသည်။
နေအိမ်များအတွင်းသို့ မိုးရေ၊ ရွှံ့ရေများ ဝင်ရောက်သည့်နေရာများတွင် မီးသတ်တပ်ဖွဲ့က အပေါ့စား မီးသတ်စက် ဖြင့် ရေစုပ်ထုတ်ခြင်း၊ အပျက်အစီးများကို ကူညီရှင်းလင်းပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး ရေနစ်မြုပ်ရာနေရာများတွင် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ခရိုင်မီးသတ်တပ်ဖွဲ့
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~