မုံးကိုးၿမိဳ႕မေစ်းတြင္ ဝါယာေရွာ့ေၾကာင့္ ေစ်းဆုိင္ခန္း ၁၅ ခန္း မီးေလာင္ဆံုးရံႈး

မုံးကိုးၿမိဳ႕မေစ်းတြင္ ဝါယာေရွာ့ေၾကာင့္ ေစ်းဆုိင္ခန္း ၁၅ ခန္း မီးေလာင္ဆံုးရံႈး
ဇွန် 8, 2018
By Tachileik News Agency

႐ွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ခ႐ိုင္၊ မံုးကိုးၿမိဳ႕ အမွတ္(၁) စည္ပင္သာယာေစ်းတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ(၇)ရက္ေန႔ နံနက္(၁)နာရီ မထိုးမီက မီးေလာင္မႈျဖစ္ပြားသျဖင့္ ေစ်းဆုိင္ခန္း (၁၅)ခန္း မီးေလာင္ ဆံုးရံႈးသြားေၾကာင္း သိရသည္။

ၿမိဳ႕မေစ်း အတြင္းရွိ ဦးလမြန္း(ခ) ဦးေဇာ္မြန္၏ ကုန္ေျခာက္ဆိုင္ခန္း၌ ဝါယာေရွာ့ျဖစ္ရာမွ မီးစတင္ ေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ခန္းပိုင္ရွင္ ဦးလမြန္း(ခ)ဦးေဇာ္မြန္အား မုံးကိုးနယ္ေျမရဲစခန္းတြင္ (ပ)၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ (မီးေပါ့ဆမႈ)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မုံးကိုးမြို့ အမှတ်(၁) စည်ပင်သာယာဈေးတွင် ၂၀၁၈ ခုနှစ် ဇွန်လ(၇)ရက်နေ့ နံနက်(၁)နာရီ မထိုးမီက မီးလောင်မှုဖြစ်ပွားသဖြင့် ဈေးဆိုင်ခန်း (၁၅)ခန်း မီးလောင် ဆုံးရှုံးသွားကြောင်း သိရသည်။

မြို့မဈေး အတွင်းရှိ ဦးလမွန်း(ခ) ဦးဇော်မွန်၏ ကုန်ခြောက်ဆိုင်ခန်း၌ ဝါယာရှော့ဖြစ်ရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ခန်းပိုင်ရှင် ဦးလမွန်း(ခ)ဦးဇော်မွန်အား မုံးကိုးနယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~