ကယားျပည္နယ္တြင္ ပုဂၢလိကကုမၸဏီတစ္ခုက ကန္ထရိုက္စနစ္ျဖင့္ ေျပာင္းဧက ၃၀၀ စိုက္ပ်ိဳးမည္

ကယားျပည္နယ္တြင္ ပုဂၢလိကကုမၸဏီတစ္ခုက ကန္ထရိုက္စနစ္ျဖင့္ ေျပာင္းဧက ၃၀၀ စိုက္ပ်ိဳးမည္
ဇွန် 13, 2018
By Tachileik News Agency

ကယားျပည္နယ္၏ အဓိက စိုက္ပ်ိဳးသီးႏွံျဖစ္သည့္ ေျပာင္းစိုက္ပ်ိဳးေရးက႑တြင္ ၂၀၁၈ ခုႏွစ္အတြင္း Japfa Comfeed Myanmar Pte. Ltd က ကန္ထရိုက္စနစ္ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္ ေဘာလခဲၿမဳိ႕နယ္၊ ေရနီေပါက္ေက်းရြာအနီး၊ ပြန္ေခ်ာင္းနေဘးရွိ ေတာင္သူမ်ား၏ ယာေျမ (၃၀၀) ဧကခန္႔တြင္ ေခတ္မီေျပာင္းစုိက္ပ်ဳိးေရးစနစ္ (၃) မ်ဳိးအား ကန္ထရုိက္စနစ္ျဖင့္ ကုမၸဏီ၏ သုေတသန ရန္ပုံေငြျဖင့္ တစ္ႏွစ္ၾကာ စမ္းသပ္စုိက္ပ်ဳိးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းေဖၚေဆာင္ရန္ အတြက္ ကုမၸဏီက ကယားျပည္နယ္အစိုးရအဖြဲ႕ထံ ၂၀၁၈ ခုႏွစ္ ေမလ (၅)ရက္ေန႔တြင္ တင္ျပခဲ့ျခင္းျဖစ္ၿပီး သက္ဆုိင္ရာကုမၸဏီ၊ ေျပာင္းစုိက္ပ်ဳိးေရးပညာရွင္မ်ားက ျပည္နယ္အတြင္း (၅)ႀကိမ္ ေလ့လာခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

အဆုိပါ စီမံကိန္းအား တစ္ႏွစ္ၾကာ စမ္းသပ္စုိက္ပ်ဳိးၿပီးေနာက္ ရရွိေသာ ရလဒ္မ်ားႏွင့္အတူ ႏွစ္ရွည္ေခတ္မီ ေျပာင္းစုိက္ပ်ဳိးေရး ရင္းႏွီးျမဳပ္ႏွံမႈအား ျပည္နယ္အစိုးရထံ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ တင္ျပ ေဆာင္ရြက္ၿပီး စုိက္ဧကႏွစ္ေသာင္းခန္႔တြင္ ႏွစ္ရွည္ရင္းႏွီးျမဳပ္ႏွံသြားရန္ လ်ာထားျခင္းျဖစ္ေၾကာင္း သိရသည္။

JAPFA Comfeed Myanmar Pte Ltd သည္ ရန္ကုန္အေျခစိုက္ကုမၸဏီတစ္ခုျဖစ္ၿပီး တိရိစၦာန္ အစားအစာမ်ား ထုတ္လုပ္ျခင္းျဖစ္သည္။

ကယားျပည္နယ္တြင္ ေျပာင္းသီးႏွံကို အဓိက စိုက္ပ်ိဳးၾကေသာ္လည္း ေစ်းကြက္ မတည္ၿငိမ္မႈမ်ားေၾကာင့္ ၿပီးခဲ့သည့္ ႏွစ္က ေျပာင္းစိုက္ေတာင္သူမ်ား အရံႈးေပၚခဲ့သျဖင့္ ေစ်းကြက္တည္ၿငိမ္ေရးအစိုးရက ေဆာင္ရြက္ေပးရန္ ေဒသခံမ်ားက ေတာင္းဆိုခဲ့ၾကသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၏ အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် ပြောင်းစိုက်ပျိုးရေးကဏ္ဍတွင် ၂၀၁၈ ခုနှစ်အတွင်း Japfa Comfeed Myanmar Pte. Ltd က ကန်ထရိုက်စနစ်ဖြင့် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ် ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာအနီး၊ ပွန်ချောင်းနဘေးရှိ တောင်သူများ၏ ယာမြေ (၃၀၀) ဧကခန့်တွင် ခေတ်မီပြောင်းစိုက်ပျိုးရေးစနစ် (၃) မျိုးအား ကန်ထရိုက်စနစ်ဖြင့် ကုမ္ပဏီ၏ သုတေသန ရန်ပုံငွဖြေင့် တစ်နှစ်ကြာ စမ်းသပ်စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဖော်ဆောင်ရန် အတွက် ကုမ္ပဏီက ကယားပြည်နယ်အစိုးရအဖွဲ့ထံ ၂၀၁၈ ခုနှစ် မေလ (၅)ရက်နေ့တွင် တင်ပြခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီ၊ ပြောင်းစိုက်ပျိုးရေးပညာရှင်များက ပြည်နယ်အတွင်း (၅)ကြိမ် လေ့လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအား တစ်နှစ်ကြာ စမ်းသပ်စိုက်ပျိုးပြီးနောက် ရရှိသော ရလဒ်များနှင့်အတူ နှစ်ရှည်ခေတ်မီ ပြောင်းစိုက်ပျိုးရေး ရင်းနှီးမြုပ်နှံမှုအား ပြည်နယ်အစိုးရထံ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြ ဆောင်ရွက်ပြီး စိုက်ဧကနှစ်သောင်းခန့်တွင် နှစ်ရှည်ရင်းနှီးမြုပ်နှံသွားရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

JAPFA Comfeed Myanmar Pte Ltd သည် ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး တိရိစ္ဆာန် အစားအစာများ ထုတ်လုပ်ခြင်းဖြစ်သည်။

ကယားပြည်နယ်တွင် ပြောင်းသီးနှံကို အဓိက စိုက်ပျိုးကြသော်လည်း ဈေးကွက် မတည်ငြိမ်မှုများကြောင့် ပြီးခဲ့သည့် နှစ်က ပြောင်းစိုက်တောင်သူများ အရှုံးပေါ်ခဲ့သဖြင့် ဈေးကွက်တည်ငြိမ်ရေးအစိုးရက ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုခဲ့ကြသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~