လားရိႈးတြင္ ယာဥ္စည္းကမ္း လမ္းစည္းကမ္းလုိက္နာေရး လူထုလႈပ္ရွားမႈေဆာင္ရြက္

လားရိႈးတြင္ ယာဥ္စည္းကမ္း လမ္းစည္းကမ္းလုိက္နာေရး လူထုလႈပ္ရွားမႈေဆာင္ရြက္
ဇွန် 12, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ဆိုင္ကယ္စီးနင္းသူမ်ား ဆိုင္ကယ္စီးဦးထုပ္စနစ္တက်ေဆာင္းေစေရးႏွင့္ ယာဥ္စည္းကမ္းလမ္းစည္းကမ္းရွိေစေရးအတြက္ လႈ႔ံေဆာ္သည့္လႈပ္ရွားမႈကို ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၂) ရက္ေန႔ မနက္ပိုင္းက ျပဳလုပ္ေၾကာင္း သိရသည္။

ယာဥ္/လမ္းစည္းကမ္း အသိပညာေပးလႈပ္ရွားမႈအား ေမာ္ေတာ္ဆိုင္ကယ္အစီး (၂၀၀) ခန္႔ႏွင့္ စက္ဘီးအစီး (၂၀) တို႔ျဖင့္ လုပ္ေဆာင္ခဲ့ၾကၿပီး လားရိႈးတကၠသိုလ္မွဆရာ၊ဆရာမမ်ား၊ မီးသတ္ဦးစီးဌာန၊ သူနာျပဳသင္တန္းေက်ာင္း၊ ရွမ္းတိုင္းရင္းလူငယ္အဖြဲ႕၊ လားရိႈးၿမိဳ႕ စက္ဘီးခ်စ္သူမ်ားအဖြဲ႕တို႔ႏွင့္အတူ ခရိုင္ရဲတပ္ဖြဲ႕၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕တို႕က အားျဖည့္ကူညီခ့ဲေၾကာင္း သိရသည္။

၄င္းအစီအစဥ္၌ လားရိႈးတြင္ျပဳလုပ္ၿပီးခ့ဲသည့္ Miss & Mister Tourism and Culture ၿပိဳင္ပြဲမွ ဆုတံဆိပ္ရ အလွေမာင္/မယ္မ်ား၊ Mister and Miss Sea World မွ အလွေမာင္/မယ္မ်ား၊ Miss Universe Lashio ၿပိဳင္ပြဲမွဆုတံဆိပ္ရေမာင္/မယ္မ်ားလည္းပါဝင္ကာ ဆိုင္ကယ္စီးသူမ်ား လိုက္နာရမည့္ ယာဥ္စည္းကမ္း လမ္းစည္းကမ္း မ်ားကို ကူညီလံႈ႕ေဆာ္ခ့ဲၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး လူထုလှုပ်ရှားမှုဆောင်ရွက်
****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ်စနစ်တကျဆောင်းစေရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းရှိစေရေးအတွက် လှုံ့ဆော်သည့်လှုပ်ရှားမှုကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၂) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ကြောင်း သိရသည်။

ယာဉ်/လမ်းစည်းကမ်း အသိပညာပေးလှုပ်ရှားမှုအား မော်တော်ဆိုင်ကယ်အစီး (၂၀၀) ခန့်နှင့် စက်ဘီးအစီး (၂၀) တို့ဖြင့် လုပ်ဆောင်ခဲ့ကြပြီး လားရှိုးတက္ကသိုလ်မှဆရာ၊ဆရာမများ၊ မီးသတ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၊ ရှမ်းတိုင်းရင်းလူငယ်အဖွဲ့၊ လားရှိုးမြို့ စက်ဘီးချစ်သူများအဖွဲ့တို့နှင့်အတူ ခရိုင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က အားဖြည့်ကူညီခဲ့ကြောင်း သိရသည်။

၎င်းအစီအစဉ်၌ လားရှိုးတွင်ပြုလုပ်ပြီးခဲ့သည့် Miss & Mister Tourism and Culture ပြိုင်ပွဲမှ ဆုတံဆိပ်ရ အလှမောင်/မယ်များ၊ Mister and Miss Sea World မှ အလှမောင်/မယ်များ၊ Miss Universe Lashio ပြိုင်ပွဲမှဆုတံဆိပ်ရမောင်/မယ်များလည်းပါဝင်ကာ ဆိုင်ကယ်စီးသူများ လိုက်နာရမည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း များကို ကူညီလှုံ့ဆော်ခဲ့ကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~