ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်လေးခုတွင် ပိုးလောက်လန်းစစ်တမ်းကောက်ယူခြင်းကို လုပ်ဆောင်နေ
ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်လေးခုတွင် ပိုးလောက်လန်းစစ်တမ်းကောက်ယူခြင်းကို လုပ်ဆောင်နေ
ဇှနျ 9, 2018
By Tachileik News Agency
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ပိုးလောက်လန်းစစ်တမ်းကောက်ယူခြင်းကို ကျိုင်းတုံခရိုင်အတွင်းရှိ မိုင်းခတ်မြို့မှ စွပ်ပလောင်းရွာ၊ တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းယောင်းမြို့မှ ဝမ်ဖရွာ၊ မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းဆတ်မြို့မှ မယ်ဆွမ်တောင်ရပ်ကွက်နှင့် မိုင်းတုံမြို့မှ နောင်ပါရင် ရပ်ကွက်တို့တွင် ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ စစ်တမ်းပြုလုပ်ရာ၌ ဝန်ထမ်းများက စစ်ဆေးသည့် အိုးခွက်(၁၀၀)တွင် ပိုးလောက်လန်းတွေ့သည့် အရေအတွက်(၂၀)ရာခိုင်နှုန်းထက် ကျော်၍သော် လည်းကောင်း၊ စစ်ဆေးသည့် အိမ်ခြေ(၁၀၀)တွင် ပိုးလောက်လန်းတွေ့သည့် အိမ်ခြေ (၁၀)ရာခိုင်နှုန်းထက်ကျော်၍ သော်လည်းကောင်း၊ စစ်ဆေးသည့် အိမ်ခြေ(၁၀၀)တွင် ပိုးလောက်လန်းတွေ့သည့် အိုးခွက်အရေအတွက် (၅၀)ထက်ကျော်နေပါသော် လည်းကောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်သည်ဟု သတ်မှတ်ကာ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို အသိပေးကာ ပိုးလောက်လန်းများကို ရှင်းလင်းစေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်(၄)ခုအတွင်းရှိ ကျေးရွာနှင့်ရပ်ကွက်(၄)ခုတွင် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် အပတ်စဉ် ပိုးလောက်လန်း စစ်တမ်း ကောက်ယူခြင်းကို လုပ်ဆောင်နေကြောင်း သိရသည်။
“ပိုးလောက်လန်းစစ်တမ်း ကောက်ယူခြင်းကို အခုချိန်ထိ တောက်လျှောက်လုပ်နေတာက (၄) မြို့နယ်ရှိ ပါတယ်။ မြို့နယ်တစ်ခုစီမှာ စံပြကျေးရွာ၊ ရပ်ကွက်တစ်ခုစီ ရွေးပြီးလုပ်ဖို့ ရှမ်းအရှေ့ထဲမှာရှိတဲ့ မြို့နယ်တိုင်းမှာ လုပ်ဖို့ ညွှန်ကြားထားပေမဲ့ ဝန်ထမ်း အခက်အခဲလေးတွေရှိတဲ့အတွက် စံနမူနာအနေနဲ့ (၄)မြို့နယ်မှာ လုပ်နေပါတယ်။ အဲဒီ(၄)မြို့နယ်မှာ အပတ်စဉ် ပိုးလောက်လန်းပေါက်ဖွားမှုတွေကို တိုင်းတယ်။ ပြီးရင် အညွှန်းကိန်း(ပေါက်ဖွားမှုနှုန်း)တွေကို အတိအကျ တွက်ပြီးတော့ အကယ်၍ ဒီတစ်ပတ်မှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ကျော်သွားပြီဆိုရင် သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ပြီးတော့ နောက်တစ်ပတ်မှာ အညွှန်းကိန်း(ပေါက်ဖွားမှုနှုန်း)ပြန်ကျသွားဖို့ လုပ်ခိုင်းပါတယ်”ဟု Vector Borne Disease Control Unit Eastern Shan Stateမှ ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန အနဖြေင့် ပိုးလောက်လန်းစစ်တမ်းကောက်ယူခြင်းကို ကျိုင်းတုံခရိုင်အတွင်းရှိ မိုင်းခတ်မြို့မှ စွပ်ပလောင်းရွာ၊ တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းယောင်းမြို့မှ ဝမ်ဖရွာ၊ မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းဆတ်မြို့မှ မယ်ဆွမ်တောင်ရပ်ကွက်နှင့် မိုင်းတုံမြို့မှ နောင်ပါရင် ရပ်ကွက်တို့တွင် ပြုလုပ်နေကြောင်း သိရသည်။
“ဒီနှစ်မှာ ပိုးလောက်လန်းစစ်တမ်းကို မြို့နယ်တိုင်း မဖြစ်မနေ လုပ်ရမယ်ဆိုပြီး ညွှန်ကြားထားတာတော့ မဟုတ်ပါဘူး။ ဒီကိစ္စက လုပ်ရမယ့်လုပ်ငန်းတွေထဲမှာ ပါဝင်ပေမဲ့ ကျွန်တော်က စံနမူနာအဖြစ် ထားချင်တာ။ ပြီးရင် ကျွန်တော်က ပိုးလောက်လန်းစစ်တမ်းကို တောက်လျှောက်လုပ်နေတဲ့ ရပ်ကွက်နဲ့ မလုပ်တဲ့ ရပ်ကွက်ကို နှိုင်းယှဉ်ပြီးတော့ ဘယ်ရပ်ကွက်မှာတော့ သွေးလွန်တုပ်ကွေး ဖြစ်တာပိုများနေတယ်ဆိုပြီး သက်သပြေနိုင်တဲ့ အချက်အလက်ရအောင် လုပ်ချင်လို့ အခုလို လုပ်ထားတာဖြစ်ပါတယ်။”ဟု Vector Borne Disease Control Unit Eastern Shan Stateမှ ဒေါက်တာဘစိုးသက်က ပြောသည်။
အဆိုပါ စစ်တမ်းပြုလုပ်ရာ၌ ဝန်ထမ်းများက စစ်ဆေးသည့် အိုးခွက်(၁၀၀)တွင် ပိုးလောက်လန်းတွေ့သည့် အရေအတွက်(၂၀)ရာခိုင်နှုန်းထက် ကျော်၍သော် လည်းကောင်း၊ စစ်ဆေးသည့် အိမ်ခြေ(၁၀၀)တွင် ပိုးလောက်လန်းတွေ့သည့် အိမ်ခြေ (၁၀)ရာခိုင်နှုန်းထက်ကျော်၍ သော်လည်းကောင်း၊ စစ်ဆေးသည့် အိမ်ခြေ(၁၀၀)တွင် ပိုးလောက်လန်းတွေ့သည့် အိုးခွက်အရေအတွက် (၅၀)ထက်ကျော်နေပါသော် လည်းကောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်သည်ဟု သတ်မှတ်ကာ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို အသိပေးကာ ပိုးလောက်လန်းများကို ရှင်းလင်းစခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~