ကယားျပည္နယ္ စက္မႈဇုန္ရိွ သိုေလွာင္ရံုတြင္ ေပါက္ကြဲေစသည့္ပစၥည္းမ်ား၊ သစ္ႏွင့္သတၱဳလုပ္ငန္း ဆက္စပ္ပစၥည္းမ်ား တရားမဝင္သိုေလွာင္မႈကို ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးမည္

ကယားျပည္နယ္ စက္မႈဇုန္ရိွ သိုေလွာင္ရံုတြင္ ေပါက္ကြဲေစသည့္ပစၥည္းမ်ား၊ သစ္ႏွင့္သတၱဳလုပ္ငန္း ဆက္စပ္ပစၥည္းမ်ား တရားမဝင္သိုေလွာင္မႈကို ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးမည္
ဇွန် 5, 2018
By 🌸
ကယားျပည္နယ္၊ ႏြားလဝိုးေက်းရြာအုပ္စု၊ စက္မႈဇုန္ရွိ သုိေလွာင္ရုံအတြင္း သစ္၊ ယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ သတၳဳထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ပစၥည္းမ်ား တရားမဝင္သိုေလွာင္ထားမႈမ်ားႏွင့္ပတ္သက္၍ စစ္ေဆးမည့္ ပူးေပါင္းအဖြဲ႕ကို ဖြဲ႔စည္းေပးထားၿပီး ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၁) ရက္ေန႔ ေနာက္ဆုံးထားကာ ေတြ႔ရိွခ်က္မ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ တင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။

ႏြားလဝိုးစက္မႈဇုန္တြင္ ေဒၚျမျမစိမ္း(ခ)အားတုံ ငွားရမ္းထားေသာ သိုေလွာင္႐ုံအား၂၀၁၈ ခုႏွစ္၊ ဇြန္လ (၃) ရက္ေန႔ နံနက္ (၁၁)နာရီ (၄၅) မိနစ္ဝန္းက်င္တြင္ ကယားျပည္နယ္ သတၱဳတြင္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးေဆာင္သည့္အဖြဲ႕က ကယားျပည္နယ္အစိုးရအဖြဲ႕၏ညႊန္ၾကားမႈျဖင့္ ေရွာင္တခင္ဝင္ေရာက္စစ္ေဆးခဲ့ရာ သစ္၊ ယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ သတၳဳထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ပစၥည္းမ်ားအား ရွာေဖြေတြ႔ရိွထားသျဖင့္ ဂိုေဒါင္ပိုင္ရွင္ ေဒၚျမျမစိမ္း(ခ)အားတုံအား ဖမ္းဆီးထားၿပီး လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၉၄/၂၀၁၈၊ လက္နက္ဥပေဒပုဒ္မ ၁၉(စ)ျဖင့္ အမႈဖြင့္စစ္ေဆးေနျခင္းျဖစ္သည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ၂၀၁၈ ခုႏွစ္ ဇြန္လ (၃)ရက္ေန႔တြင္လည္း တာဝန္ရိွသူမ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးခဲ့ကာ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး စစ္ေဆးေဆာင္ရြက္မႈ အေျခအေနမ်ား၊ လုိအပ္သည္မ်ား ညွိႏႈိင္းေပါင္းစပ္ ေဆာင္ရြက္ႏုိင္ေရးအတြက္ လုပ္ငန္းညွိႏႈိင္းအစည္းအေဝးကိုလည္း ဇြန္လ(၄)ရက္ေန႔က  ကယား ျပည္နယ္အစုိးရအဖြဲ႕ရုံးတြင္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး၊ လမ္းပန္းဆက္သြယ္ေရးႏွင့္ လ်ွပ္စစ္ဝန္ႀကီး၊ သယံဇာတႏွင့္ သဘာဝပတ္၀န္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕ အတြင္းေရးမွဴးႏွင့္ သက္ဆုိင္ရာဌာနတာ၀န္ရွိသူမ်ားႏွင့္ ေဆြးေႏြးကာ စစ္ေဆးမည့္ ပူးေပါင္းအဖြဲ႕အား ဖြဲ႕စည္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ ပစၥည္းမ်ား စိစစ္ေတြ႕ရွိရမႈအေပၚ သက္ဆုိင္ရာဝန္ႀကီးမ်ားႏွင့္ ဌာနမ်ားမွ အားနည္းခ်က္မ်ားအေပၚ အစီအမံတင္ျပေဆာင္ရြက္ျခင္းအား တစ္လအတြင္း ၿပီးျပတ္ေအာင္ လုပ္ေဆာင္ရန္ႏွင့္ ျပည္နယ္ဥပေဒခ်ဳပ္အေနျဖင့္ အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး မွန္မွန္ကန္ကန္၊ လ်င္ျမန္ေခ်ာေမြ႕စြာျဖင့္ ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏုိင္ေရးအတြက္ သက္ဆုိင္ရာဌာနမ်ားသုိ႔ ဥပေဒအႀကံေပး ေဆာင္ရြက္သြားရန္ ကယားျပည္နယ္အစုိးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိက ညြန္ၾကားထားေၾကာင္း သိရသည္။

ခြင့္ျပဳခ်က္မရွိဘဲ ေပါက္ကြဲေစတတ္သည့္ပစၥည္းမ်ား အဆိုပါေနရာသို႔ ေရာက္ရွိေနျခင္းသည္ လုံၿခဳံေရးႏွင့္ တရားဥပေဒစုိးမုိးေရးကုိပါ ထိခုိက္ႏုိင္သျဖင့္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ အေျဖထုတ္ႏုိင္ရန္ အစည္းအေဝး ေခၚယူျခင္းျဖစ္ၿပီး ၀န္ထမ္းမ်ားအေနျဖင့္ တက္ညီလက္ညီျဖင့္ ႏုိင္ငံေတာ္မွ ခ်မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္း၊ မူေဘာင္မ်ားႏွင့္အညီ ေဖာ္ေဆာင္သြားရန္ လုိအပ္ကာ ဝန္ထမ္းမ်ားအေနျဖင့္လည္း အလုပ္ကုိ အလုပ္ႏွင့္တူေအာင္ လုပ္ေဆာင္ရန္ လုိအပ္သည္ဟု ျပည္နယ္ဝန္ႀကီးခ်ဳပ္က အဆိုပါအစည္းအေဝးတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဂိုေထာင္အား ေရွာင္တခင္စစ္ေဆးရာတြင္ သုိေလွာင္ရုံ အခန္းအမွတ္ (၉/၁၀) တြင္ အရွည္ (၉)လက္မခန္႕၊ လုံးပတ္ (၃)လက္မခန္႕ရွိ တရုတ္စာတမ္းပါ ယမ္းေခ်ာင္း (၄၈၀၀) ေခ်ာင္းႏွင့္ အရွည္ (၁၂) ေပခန္႕ရွိ အျဖဴေရာင္ စနက္တံႀကိဳးႏွင့္ တြဲလ်က္ အရွည္ (၂) လက္မခန္႕ ဒီတုိေနတာ စုစုေပါင္း (၄၀၀၀) ေခ်ာင္းအား ေတြ႔ရိွမႈကို အမႈဖြင့္စစ္ေဆးေနေၾကာင္း ျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ဝင္းၾကည္က တင္ျပခဲ့ၿပီး ဂုိေထာင္အခန္း အမွတ္ (၇)၊ (၈)၊ (၉)၊ (၁၀) တုိ႔တြင္ ေတြ႕ရွိရေသာ ကြ်န္းတံရြက္ေဘာင္၊ ကြ်န္းတံခါး က်ည္းေဘာင္၊ အေဆာက္အဦမ်ား တည္ေဆာက္ရာတြင္ အသုံးျပဳထားၿပီးျဖစ္သည့္ ပုံရုိက္သားအေစာင္းမ်ား၊ ေဒါက္တုိင္၊ ပကာမ်ားႏွင့္ ေထာက္ၾကန္႕သစ္ခြဲသားမ်ားသည္ ျမန္မာ့ သစ္လုပ္ငန္း၊ ျပည္တြင္း ေရာင္းဝယ္ေရးႏွင့္ သစ္စက္ ဌာနမွ ေလလံတင္ေရာင္းခ်ခဲ့သည့္ သစ္မ်ားျဖစ္ေၾကာင္း ႏွင့္ တံဆိပ္အမွတ္အသားပါရွိၿပီး ေလလံေအာင္ျမင္သည့္ သစ္အေရာင္း ေျပစာမ်ားပါ သစ္မ်ားႏွင့္ ကုိက္ညီေၾကာင္း ျပည္နယ္သစ္ေတာဦးစီးဌာနက တင္ျပေၾကာင္း သိရသည္။

ကားကြင္းဝင္းအတြင္း စုပုံထားေသာ သတၳဳရုိင္းမ်ား အဆင့္ျမႇင့္တင္သန္႔စင္ရာတြင္ အသုံးျပဳသည္ဟု ယူဆရေသာ စက္ပစၥည္းမ်ားႏွင့္ ပတ္သက္ၿပီး သတၱဳတြင္း ဦးစီးဌာန တာဝန္ခံက တင္ျပရာတြင္ H beam (၅) လုံးမွအပ က်န္ပစၥည္းမ်ားသည္ သတၳဳရုိင္းမ်ား အဆင့္ျမႇင့္တင္သန္႔စင္ရာတြင္ အသုံးျပဳသည္ဟု ယူဆရေသာ ပစၥည္းမ်ားျဖစ္ၿပီး မူလကုမၸဏီ၊ ပုိင္ရွင္အမည္၊ သယ္ယူခဲ့သည့္ လမ္းေၾကာင္း၊ မည္သည့္ေနရာ၊ မည္သည့္လုပ္ငန္းတြင္ အသုံးျပဳမည္၊ သက္ဆုိင္ရာ ကုမၸဏီမွ တရား၀င္ သယ္ေဆာင္လာသည့္ တရား၀င္ ပစၥည္းမ်ား ဟုတ္/ မဟုတ္ စစ္ေဆးေဆာင္ရြက္ လၽွက္ရွိေၾကာင္း တင္ျပထားသည္ဟု သိရသည္။

အဆိုပါ စက္မႈဇုန္သုိ႕ ကားႀကီးကြင္း ေဖာ္ေဆာင္မည့္ ေျမေနရာ ကြင္းဆင္းစစ္ေဆးရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ သြားေရာက္စဥ္က စက္မႈဇုန္အတြင္း ေဆာင္ရြက္ေနမႈမ်ားႏွင့္ပတ္သက္ၿပီး ျပည္သူမ်ားမွ တင္ျပလာမႈမ်ား ရိွခဲ့သျဖင့္ အဆုိပါ ေျမအတြင္း ေဆာက္လုပ္ထားသည့္ ဂုိေထာင္အား စစ္ေဆးေစခဲ့ရာ သစ္၊ သတၳဳထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ စက္ယႏၱရားပစၥည္းမ်ား၊ ယမ္း ႏွင့္ ဆက္စပ္ပစၥည္းမ်ား စစ္ေဆး ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု #ျပည္နယ္အစိုးရရံုး

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် စက်မှုဇုန်ရှိ သိုလှောင်ရုံတွင် ပေါက်ကွဲစေသည့်ပစ္စည်းများ၊ သစ်နှင့်သတ္တုလုပ်ငန်း ဆက်စပ်ပစ္စည်းများ တရားမဝင်သိုလှောင်မှုကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမည်
*********************
ကယားပြည်နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ စက်မှုဇုန်ရှိ သိုလှောင်ရုံအတွင်း သစ်၊ ယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ သတ္ထုထုတ်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ တရားမဝင်သိုလှောင်ထားမှုများနှင့်ပတ်သက်၍ စစ်ဆေးမည့် ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ၂၀၁၈ ခုနှစ် ဇွန်လ (၁၁) ရက်နေ့ နောက်ဆုံးထားကာ တွေ့ရှိချက်များအား ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

နွားလဝိုးစက်မှုဇုန်တွင် ဒေါ်မြမြစိမ်း(ခ)အားတုံ ငှားရမ်းထားသော သိုလှောင်ရုံအား၂၀၁၈ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့ နံနက် (၁၁)နာရီ (၄၅) မိနစ်ဝန်းကျင်တွင် ကယားပြည်နယ် သတ္တုတွင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်သည့်အဖွဲ့က ကယားပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားမှုဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ သစ်၊ ယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ သတ္ထုထုတ်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ရှာဖွေတွေ့ရှိထားသဖြင့် ဂိုဒေါင်ပိုင်ရှင် ဒေါ်မြမြစိမ်း(ခ)အားတုံအား ဖမ်းဆီးထားပြီး လွိုင်ကော်မြို့မရဲစခန်းတွင် (ပ)၉၄/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၁၈ ခုနှစ် ဇွန်လ (၃)ရက်နေ့တွင်လည်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်ဆေးဆောင်ရွက်မှု အခြေအနေများ၊ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း ဇွန်လ(၄)ရက်နေ့က  ကယား ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ဆွေးနွေးကာ စစ်ဆေးမည့် ပူးပေါင်းအဖွဲ့အား ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ပစ္စည်းများ စိစစ်တွေ့ရှိရမှုအပေါ် သက်ဆိုင်ရာဝန်ကြီးများနှင့် ဌာနများမှ အားနည်းချက်များအပေါ် အစီအမံတင်ပြဆောင်ရွက်ခြင်းအား တစ်လအတွင်း ပြီးပြတ်အောင် လုပ်ဆောင်ရန်နှင့် ပြည်နယ်ဥပဒေချုပ်အနေဖြင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန်၊ လျင်မြန်ချောမွေ့စွာဖြင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ဥပဒေအကြံပေး ဆောင်ရွက်သွားရန် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ညွန်ကြားထားကြောင်း သိရသည်။

ခွင့်ပြုချက်မရှိဘဲ ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ အဆိုပါနေရာသို့ ရောက်ရှိနေခြင်းသည် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်နိုင်သဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ အဖြေထုတ်နိုင်ရန် အစည်းအဝေး ခေါ်ယူခြင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် တက်ညီလက်ညီဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း၊ မူဘောင်များနှင့်အညီ ဖော်ဆောင်သွားရန် လိုအပ်ကာ ဝန်ထမ်းများအနေဖြင့်လည်း အလုပ်ကို အလုပ်နှင့်တူအောင် လုပ်ဆောင်ရန် လိုအပ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဂိုထောင်အား ရှောင်တခင်စစ်ဆေးရာတွင် သိုလှောင်ရုံ အခန်းအမှတ် (၉/၁၀) တွင် အရှည် (၉)လက်မခန့်၊ လုံးပတ် (၃)လက်မခန့်ရှိ တရုတ်စာတမ်းပါ ယမ်းချောင်း (၄၈၀၀) ချောင်းနှင့် အရှည် (၁၂) ပေခန့်ရှိ အဖြူရောင် စနက်တံကြိုးနှင့် တွဲလျက် အရှည် (၂) လက်မခန့် ဒီတိုနေတာ စုစုပေါင်း (၄၀၀၀) ချောင်းအား တွေ့ရှိမှုကို အမှုဖွင့်စစ်ဆေးနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းကြည်က တင်ပြခဲ့ပြီး ဂိုထောင်အခန်း အမှတ် (၇)၊ (၈)၊ (၉)၊ (၁၀) တို့တွင် တွေ့ရှိရသော ကျွန်းတံရွက်ဘောင်၊ ကျွန်းတံခါး ကျည်းဘောင်၊ အဆောက်အဦများ တည်ဆောက်ရာတွင် အသုံးပြုထားပြီးဖြစ်သည့် ပုံရိုက်သားအစောင်းများ၊ ဒေါက်တိုင်၊ ပကာများနှင့် ထောက်ကြန့်သစ်ခွဲသားများသည် မြန်မာ့ သစ်လုပ်ငန်း၊ ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက် ဌာနမှ လေလံတင်ရောင်းချခဲ့သည့် သစ်များဖြစ်ကြောင်း နှင့် တံဆိပ်အမှတ်အသားပါရှိပြီး လေလံအောင်မြင်သည့် သစ်အရောင်း ပြေစာများပါ သစ်များနှင့် ကိုက်ညီကြောင်း ပြည်နယ်သစ်တောဦးစီးဌာနက တင်ပြကြောင်း သိရသည်။

ကားကွင်းဝင်းအတွင်း စုပုံထားသော သတ္ထုရိုင်းများ အဆင့်မြှင့်တင်သန့်စင်ရာတွင် အသုံးပြုသည်ဟု ယူဆရသော စက်ပစ္စည်းများနှင့် ပတ်သက်ပြီး သတ္တုတွင်း ဦးစီးဌာန တာဝန်ခံက တင်ပြရာတွင် H beam (၅) လုံးမှအပ ကျန်ပစ္စည်းများသည် သတ္ထုရိုင်းများ အဆင့်မြှင့်တင်သန့်စင်ရာတွင် အသုံးပြုသည်ဟု ယူဆရသော ပစ္စည်းများဖြစ်ပြီး မူလကုမ္ပဏီ၊ ပိုင်ရှင်အမည်၊ သယ်ယူခဲ့သည့် လမ်းကြောင်း၊ မည်သည့်နေရာ၊ မည်သည့်လုပ်ငန်းတွင် အသုံးပြုမည်၊ သက်ဆိုင်ရာ ကုမ္ပဏီမှ တရားဝင် သယ်ဆောင်လာသည့် တရားဝင် ပစ္စည်းများ ဟုတ်/ မဟုတ် စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း တင်ပြထားသည်ဟု သိရသည်။
အဆိုပါ စက်မှုဇုန်သို့ ကားကြီးကွင်း ဖော်ဆောင်မည့် မြေနေရာ ကွင်းဆင်းစစ်ဆေးရန် ပြည်နယ်ဝန်ကြီးချုပ် သွားရောက်စဉ်က စက်မှုဇုန်အတွင်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ပြည်သူများမှ တင်ပြလာမှုများ ရှိခဲ့သဖြင့် အဆိုပါ မြေအတွင်း ဆောက်လုပ်ထားသည့် ဂိုထောင်အား စစ်ဆေးစေခဲ့ရာ သစ်၊ သတ္ထုထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ယန္တရားပစ္စည်းများ၊ ယမ်း နှင့် ဆက်စပ်ပစ္စည်းများ စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ #ပြည်နယ်အစိုးရရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~