လယ်ယာမြေဥပဒေတွင် ပါဝင်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခ စကားရပ် အစားထိုးပြင်ဆင်ရန် တင်ပြထားဆဲ

လယ်ယာမြေဥပဒေတွင် ပါဝင်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခ စကားရပ် အစားထိုးပြင်ဆင်ရန် တင်ပြထားဆဲ
ဇှနျ 6, 2018
By Tachileik News Agency



လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေတွင် ပါဝင်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခဆိုသည့် စကားရပ်ပါဝင်သော်လည်း အခွန်တံဆိပ်ခေါင်းတန်ဖိုး မည်မျှကပ်ရမည်၊ စာချုပ်စာတမ်းမှတ်ပုံတင်ခ မည်မျှပေးသွင်းရမည်ကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ နည်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် လယ်ယာမြေရောင်းဝယ်မှုအား တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်များ၊ သတ်မှတ်နှုန်းထားများ ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ၊ မရှိကို ၂၀၁၈ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်က မေးမြန်းထားခြင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြားထားခြင်းဖြစ်သည်။



~~~~~~~~⊰❂ unicode ~~~~~~~~

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေတွင် ပါဝင်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခဆိုသည့် စကားရပ်အား အစားထိုး ပြင်ဆင်နိုင်ရန် အတွက် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြထားကြောင်း သိရသည်။

လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို ဥပဒေပညာရှင်များ၊ ဌာနရှိ ကျွမ်းကျင် ဝန်ထမ်းများနှင့် ညှိနှိုင်းရေးဆွဲပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၀၁၇ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ရုံးသို့ တင်ပြထားကြောင်း သိရသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေတွင် ပါဝင်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခဆိုသည့် စကားရပ်ပါဝင်သော်လည်း အခွန်တံဆိပ်ခေါင်းတန်ဖိုး မည်မျှကပ်ရမည်၊ စာချုပ်စာတမ်းမှတ်ပုံတင်ခ မည်မျှပေးသွင်းရမည်ကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ နည်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် လယ်ယာမြေရောင်းဝယ်မှုအား တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်များ၊ သတ်မှတ်နှုန်းထားများ ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ၊ မရှိကို ၂၀၁၈ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်က မေးမြန်းထားခြင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ဖြကြေားထားခြင်းဖြစ်သည်။

လယ်ယာ မြေလုပ်ပိုင်ခွင့်ကိုရောင်းချခြင်း၊ ပေါင်နှံ၍ ချေးငွေ တစ်ရပ်ရပ်ရယူခြင်း၊ ငှါးရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းများ အတွက် ချုပ်ဆိုသည့် စာချုပ်စာတမ်း အမျိုးအစားအလိုက် မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် အက်ဥပဒေအရ ထိုက်သင့်သည့် တံဆိပ်ခေါင်း ခွန်ထမ်းဆောင်ပြီး ဦးစီးဌာနက သတ်မှတ်ထားသည့် စာချုပ်စာတမ်း မှတ်ပုံတင်ခပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~