ဟင္းတစ္ပြဲမွာယူၿပီး ဆိုင္ရွင္လင္မယားႏွစ္ဦးကို အမည္မသိ ေသနတ္သမားႏွစ္ဦးက ေသနတ္ျဖင့္ ပစ္သတ္မႈ သီေပါၿမိဳ႕နယ္တြင္ ျဖစ္ပြား

ဟင္းတစ္ပြဲမွာယူၿပီး ဆိုင္ရွင္လင္မယားႏွစ္ဦးကို အမည္မသိ ေသနတ္သမားႏွစ္ဦးက ေသနတ္ျဖင့္ ပစ္သတ္မႈ သီေပါၿမိဳ႕နယ္တြင္ ျဖစ္ပြား
ဇွန် 16, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္၊ ႀကံခင္း(ေရပူစမ္း)ေက်းရြာအ၀င္ရွိ ေညာင္ပင္ရိပ္ စားေသာက္ဆိုင္တြင္ ဟင္းလာမွာသူက  ဆိုင္ေရွ႕ခန္းတြင္ တီဗီြၾကည့္ေနသူ ဆိုင္ရွင္လင္မယားႏွစ္ဦးအား ေသနတ္ျဖင့္ ပစ္သတ္မႈ ၂၀၁၈ခုႏွစ္ ဇြန္လ(၁၅)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ဆိုင္ကယ္တစ္စီးတည္း စီးလာတဲ့ အမ်ိဳးသားႏွစ္ေယာက္ ဆိုင္ထဲဝင္လာၿပီးေတာ့ ငါးခူမွ်စ္ခ်ဥ္တစ္ပြဲ ဆိုၿပီး မွာတယ္၊ အဲ့ဒီမွာ ဆိုင္ပိုင္ရွင္ရဲ႕ တူမျဖစ္သူက မီးဖိုေခ်ာင္ထဲသြားၿပီး ခ်က္ျပဳတ္ေနတုန္း ဆိုင္ေရွ႕ခန္းမွာ တီဗြီ ထိုင္ၾကည့္ေနတဲ့ ပိုင္ရွင္လင္မယားကို အဲ့အမ်ိဳးသားႏွစ္ေယာက္က ေသနတ္အတိုနဲ႔ ပစ္သတ္ခဲ့ၿပီး ထြက္ေျပးသြားတယ္၊ က်ဴးလြန္သူေတြကိုေတာ့ ရွာေဖြစံုစမ္းေနဆဲပါ၊ ဥပေဒအတြင္းက လူေတြေတာ့ မဟုတ္တာ ေသခ်ာတယ္”ဟု သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဇြန္လ(၁၅)ရက္ေန႔ ည(၁၀)နာရီ၀န္းက်င္အခ်ိန္က အမည္မသိ ေသနတ္သမား အမ်ဳိးသား(၂)ဦးသည္ ႀကံခင္း(ေရပူစမ္း)ေက်းရြာ အ၀င္ရွိ ေညာင္ပင္ရိပ္ စားေသာက္ဆိုင္သို႔ ေရာက္ရွိလာၿပီး ထမင္းဆိုင္ ပိုင္ရွင္ျဖစ္သည့္ အသက္(၅၃)ႏွစ္၀န္းက်င္ရွိ ဦးစိုင္းဆာညႊန္႔ ႏွင့္ အသက္(၄၂)ႏွစ္၀န္းက်င္ရွိ ေဒၚနန္းေရႊၾကည္တို႔အား ေသနတ္ျဖင့္ ပစ္သတ္ခဲ့ျခင္း ျဖစ္ၿပီး ဦးစိုင္းဆာညႊန္႔မွာ တီဗီြထိုင္ၾကည့္ေနစဥ္ ပက္လက္ ကုလားထိုင္ေပၚတြင္ ေသဒဏ္ရာ (၅)ခ်က္ျဖင့္ ေနရာတြင္ ေသဆံုးသြားခဲ့ၿပီး  ေဒၚနန္းေရႊၾကည္မွာ ေသနတ္ဒဏ္ရာ (၃)ခ်က္ျဖင့္ ဒဏ္ရာရရွိကာ သီေပါျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္စဥ္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

“လံုးစိုင္းဆာညႊန္႔က လူေကာင္းတစ္ေယာက္ပါ၊ သူ ဥကၠဌျဖစ္ခဲ့စဥ္ကလည္း ေက်းရြာအက်ိဳးအတြက္ အမ်ားႀကီး အလုပ္လုပ္ပါတယ္၊ ” ဟု ႀကံခင္း(ေရပူစမ္း) ေက်းရြာတြင္ ေနထိုင္သူ ဦးစိုင္းပန္က ေျပာသည္။

အခင္းျဖစ္ပြားရာေနရာသို႔ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ သြားေရာက္ ၾကည့္စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး ေသဆံုးသူမ်ားကို ေဘာ္ႀကိဳေက်းရြာရွိ ပရဟိတအသင္းႏွင့္ သီေပါၿမိဳ႕ရွိ ပရဟိတအသင္း (၂)သင္းတို႔မွ  သြားေရာက္ သယ္ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ ျဖစ္ပြားခဲ့သည့္ ေညာင္ပင္ရိပ္ စားေသာက္ဆိုင္မွာ ေက်ာက္မဲ - သီေပါ လမ္းပိုင္း ျပည္ေထာင္စု လမ္းမႀကီးေပၚရွိ ေမာင္ဖုန္းေတာင္ အဆင္းနားတြင္ျဖစ္ၿပီး ၿပီးခဲ့သည့္ လပိုင္းအတြင္းကလည္း ၎ေနရာအနီးတြင္ ႏြားမ်ားတင္ေဆာင္ေမာင္းႏွင္လာသည့္ ယာဥ္တစ္စီးအား ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ယာဥ္ေမာင္း ေသဆံုးခဲ့ရသည့္ ျဖစ္စဥ္ရွိခဲ့သည္။

သတင္း -  ေနၿဖဳိးျမင့္
ဓါတ္ပံု - နယ္စည္းမျခားပရဟိတ(သီေပါ)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ကြံခင်း(ရေပူစမ်း)ကျေးရွာအဝင်ရှိ ညောင်ပင်ရိပ် စားသောက်ဆိုင်တွင် ဟင်းလာမှာသူက ဆိုင်ရှေ့ခန်းတွင် တီဗွီကြည့်နေသူ ဆိုင်ရှင်လင်မယားနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်မှု ၂၀၁၈ခုနှစ် ဇွန်လ(၁၅)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်တစ်စီးတည်း စီးလာတဲ့ အမျိုးသားနှစ်ယောက် ဆိုင်ထဲဝင်လာပြီးတော့ ငါးခူမျှစ်ချဉ်တစ်ပွဲ ဆိုပြီး မှာတယ်၊ အဲ့ဒီမှာ ဆိုင်ပိုင်ရှင်ရဲ့ တူမဖြစ်သူက မီးဖိုချောင်ထဲသွားပြီး ချက်ပြုတ်နေတုန်း ဆိုင်ရှေ့ခန်းမှာ တီဗွီ ထိုင်ကြည့်နေတဲ့ ပိုင်ရှင်လင်မယားကို အဲ့အမျိုးသားနှစ်ယောက်က သေနတ်အတိုနဲ့ ပစ်သတ်ခဲ့ပြီး ထွက်ပြေးသွားတယ်၊ ကျူးလွန်သူတွေကိုတော့ ရှာဖွေစုံစမ်းနေဆဲပါ၊ ဥပဒေအတွင်းက လူတွေတော့ မဟုတ်တာ သေချာတယ်”ဟု သီပေါမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇွန်လ(၁၅)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က အမည်မသိ သေနတ်သမား အမျိုးသား(၂)ဦးသည် ကြံခင်း(ရေပူစမ်း)ကျေးရွာ အဝင်ရှိ ညောင်ပင်ရိပ် စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ထမင်းဆိုင် ပိုင်ရှင်ဖြစ်သည့် အသက်(၅၃)နှစ်ဝန်းကျင်ရှိ ဦးစိုင်းဆာညွှန့် နှင့် အသက်(၄၂)နှစ်ဝန်းကျင်ရှိ ဒေါ်နန်းရွှကြေည်တို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ပြီး ဦးစိုင်းဆာညွှန့်မှာ တီဗွီထိုင်ကြည့်နေစဉ် ပက်လက် ကုလားထိုင်ပေါ်တွင် သေဒဏ်ရာ (၅)ချက်ဖြင့် နေရာတွင် သေဆုံးသွားခဲ့ပြီး ဒေါ်နန်းရွှကြေည်မှာ သေနတ်ဒဏ်ရာ (၃)ချက်ဖြင့် ဒဏ်ရာရရှိကာ သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“လုံးစိုင်းဆာညွှန့်က လူကောင်းတစ်ယောက်ပါ၊ သူ ဥက္ကဌဖြစ်ခဲ့စဉ်ကလည်း ကျေးရွာအကျိုးအတွက် အများကြီး အလုပ်လုပ်ပါတယ်၊ ” ဟု ကြံခင်း(ရေပူစမ်း) ကျေးရွာတွင် နေထိုင်သူ ဦးစိုင်းပန်က ပြောသည်။

အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက် ကြည့်စစ်ဆေးမှုများ ပြုလုပ်ပြီး သေဆုံးသူများကို ဘော်ကြိုကျေးရွာရှိ ပရဟိတအသင်းနှင့် သီပေါမြို့ရှိ ပရဟိတအသင်း (၂)သင်းတို့မှ သွားရောက် သယ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ညောင်ပင်ရိပ် စားသောက်ဆိုင်မှာ ကျောက်မဲ - သီပေါ လမ်းပိုင်း ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မောင်ဖုန်းတောင် အဆင်းနားတွင်ဖြစ်ပြီး ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း၎င်းနေရာအနီးတွင် နွားများတင်ဆောင်မောင်းနှင်လာသည့် ယာဉ်တစ်စီးအား သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်း သေဆုံးခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားပရဟိတ(သီပေါ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~