က်ဳိင္းတံုၿမိဳ႕ရွိ စာသင္ေက်ာင္းတစ္ေက်ာင္း၏ ေက်ာင္းမုန္႔ေစ်းတန္းကို ေရွာင္တခင္စစ္ေဆးရာ စားသံုးရန္မသင့္ မုန္႔မ်ား သိမ္းဆည္းရမိ

က်ဳိင္းတံုၿမိဳ႕ရွိ စာသင္ေက်ာင္းတစ္ေက်ာင္း၏ ေက်ာင္းမုန္႔ေစ်းတန္းကို ေရွာင္တခင္စစ္ေဆးရာ စားသံုးရန္မသင့္ မုန္႔မ်ား သိမ္းဆည္းရမိ
ဇွန် 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႔က ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၃)ရက္ေန႔တြင္ အထက(၇)ရိွ ေက်ာင္းမုန္႔ေစ်းတန္းမ်ားတြင္ ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးရာ FDA က တားျမစ္ထားသည့္ စားေသာက္ကုန္ႏွင့္ သက္တမ္းလြန္မ်ား၊ ထုတ္လုပ္ခြင့္မရိွသည့္ မုန္႔မ်ားအား သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ ပညာေပးမႈေတြလည္း လုပ္ေဆာင္ထားပါၿပီ။ အခု ဝင္ေရာက္စစ္ေဆးရာမွာ တစ္ခ်ိဳ႕က ဒီေဒသထုတ္ပဲ ထုတ္လုပ္ခြင့္ မေလွ်ာက္ထားတဲ့ တံဆိပ္မပါတဲ့ မုန္႔ေတြ၊ ေနာက္ FDA က တားတဲ့ အာျဖန္းအခ်ဳိရည္၊ သက္တမ္းလြန္မုန္႔ေတြကို သိမ္းဆည္းခဲ့တာပါ။ သိမ္းဆည္းရမိတဲ႔ မုန္႔ေတြကို ေနာက္ပိုင္းမွာ ကၽြန္ေတာ္တို႔ ဥပေဒအရ သိမ္းဆည္းထားတဲ႔ တစ္ျခား စားေသာက္ကုန္ေတြ၊ ေဆးဝါးေတြနဲ႔ အတူ အမ်ားေရွ ႔မွာ မီးရိႈ ႔ဖ်က္ဆီးသြားမွာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာလည္း ေက်ာင္းမုန္႔ေစ်းတန္းေတြ၊ စတိုးဆိုင္ေတြနဲ႔ ေစ်းေတြကိုလည္း ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးသြားမွာျဖစ္ပါတယ္"ဟု က်ိဳင္းတံုခရိုင္ စားသုံးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႔၏ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ေျပာသည္။

ေက်ာင္းမုန္႔ေစ်းတန္းမ်ား၊ ေစ်းမ်ားႏွင့္ စတိုးဆုိင္မ်ားတြင္ ေရာင္းခ်လွ်က္ရိွေသာ စားေသာက္ကုန္မ်ားတြင္ ေထာက္ခံခ်က္ မရိွေသာ စားေသာက္ကုန္မ်ား၊ FDA မွ တားျမစ္ထားေသာ စားေသာက္ကုန္မ်ား၊ သက္တမ္းလြန္ စားေသာက္ကုန္မ်ား မပါဝင္ေစရန္ အတြက္ စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႔က လိုက္လံ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ေတြ႔ရိွပါက စားသုံးသူအကာအကြယ္ေပးေရးဥပေဒ ပုဒ္မ ၁၉(င)ႏွင့္(စ)အရ သိမ္းဆည္း ဖ်က္ဆီးျခင္းကို ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း -  ဇြဲျမတ္
ဓါတ္ပံု - စားသံုးသူေရးရာ

 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ၂၀၁၈ ခုနှစ် ဇွန်လ (၁၃)ရက်နေ့တွင် အထက(၇)ရှိ ကျောင်းမုန့်ဈေးတန်းများတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ FDA က တားမြစ်ထားသည့် စားသောက်ကုန်နှင့် သက်တမ်းလွန်များ၊ ထုတ်လုပ်ခွင့်မရှိသည့် မုန့်များအား သိမ်းဆည်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပညာပေးမှုတွေလည်း လုပ်ဆောင်ထားပါပြီ။ အခု ဝင်ရောက်စစ်ဆေးရာမှာ တစ်ချို့က ဒီဒေသထုတ်ပဲ ထုတ်လုပ်ခွင့် မလျှောက်ထားတဲ့ တံဆိပ်မပါတဲ့ မုန့်တွေ၊ နောက် FDA က တားတဲ့ အာဖြန်းအချိုရည်၊ သက်တမ်းလွန်မုန့်တွေကို သိမ်းဆည်းခဲ့တာပါ။ သိမ်းဆည်းရမိတဲ့ မုန့်တွေကို နောက်ပိုင်းမှာ ကျွန်တော်တို့ ဥပဒေအရ သိမ်းဆည်းထားတဲ့ တစ်ခြား စားသောက်ကုန်တွေ၊ ဆေးဝါးတွေနဲ့ အတူ အများရှေ့မှာ မီးရှို့ဖျက်ဆီးသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ကျောင်းမုန့်ဈေးတန်းတွေ၊ စတိုးဆိုင်တွေနဲ့ ဈေးတွေကိုလည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားမှာဖြစ်ပါတယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်း အေဂျင်စီသို့ပြောသည်။

ကျောင်းမုန့်ဈေးတန်းများ၊ ဈေးများနှင့် စတိုးဆိုင်များတွင် ရောင်းချလျှက်ရှိသော စားသောက်ကုန်များတွင် ထောက်ခံချက် မရှိသော စားသောက်ကုန်များ၊ FDA မှ တားမြစ်ထားသော စားသောက်ကုန်များ၊ သက်တမ်းလွန် စားသောက်ကုန်များ မပါဝင်စေရန် အတွက် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က လိုက်လံ စစ်ဆေးမှုများ လုပ်ဆောင်နခြေင်းဖြစ်ပြီး တွေ့ရှိပါက စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၉(င)နှင့်(စ)အရ သိမ်းဆည်း ဖျက်ဆီးခြင်းကို ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - စားသုံးသူရေးရာ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~