လြိဳင္ေကာ္ၿမိဳ႕နယ္၌ ယမ္းေခ်ာင္းႏွင့္ ဒီတိုေနတာမ်ား သိုေလွာင္ထားသည့္ ဂိုေဒါင္အား စစ္ေဆးေတြ႔ရိွ

လြိဳင္ေကာ္ၿမိဳ႕နယ္၌ ယမ္းေခ်ာင္းႏွင့္ ဒီတိုေနတာမ်ား သိုေလွာင္ထားသည့္ ဂိုေဒါင္အား စစ္ေဆးေတြ႔ရိွ
ဇွန် 4, 2018
By 🌸
ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ႏြားလဝိုးေက်းရြာ စက္မႈဇုန္ရွိ ယာဥ္ႀကီးရပ္နားစခန္းသိုေလွာင္႐ုံအတြင္းမွ ယမ္းေခ်ာင္း (၄၈၀၀)ႏွင့္ စနက္တံတြဲလ်က္ ဒီတိုေနတာ(၄၀၀၀)တို႔အား ရွာေဖြသိမ္းဆည္းရမိေၾကာင္း သိရသည္။

ႏြားလဝိုးစက္မႈဇုန္တြင္ ေဒၚျမျမစိမ္း(ခ)အားတုံ ငွားရမ္းထားေသာ သိုေလွာင္႐ုံအခန္းအမွတ္ (၉/၁၀)အား ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၃) ရက္ေန႔ နံနက္ (၁၁)နာရီ (၄၅) မိနစ္ဝန္းက်င္တြင္ ကယားျပည္နယ္ သတၱဳတြင္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးေဆာင္သည့္အဖြဲ႕က ကယားျပည္နယ္အစိုးရအဖြဲ႕၏ညႊန္ၾကားမႈျဖင့္ ေရွာင္တခင္ဝင္ေရာက္စစ္ေဆးခဲ့ရာ စကၠဴဖာျဖင့္ထည့္ထားသည့္ အရွည္ (၉) လက္မ၊ လုံးပတ္ (၃) လက္မ ခန္႔ရွိ ယမ္းေခ်ာင္း (၄၈၀၀) ေခ်ာင္း၊ အရွည္ (၁၂) ေပခန္႔ရွိ အျဖဴေရာင္စနက္တံႀကိဳးႏွင့္ တြဲလ်က္ အရွည္ (၂) လက္မခန္႔ရွိ အနက္ေရာင္ ဒီတိုေနတာ (၄၀၀၀) ေခ်ာင္းတို႔အား သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေပါက္ကြဲေစတတ္သည့္ပစၥည္းမ်ားသိမ္းဆည္းထားသည့္ ဂိုေဒါင္ပိုင္ရွင္ ေဒၚျမျမစိမ္း(ခ)အားတုံအား ဖမ္းဆီးထားၿပီး လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၉၄/၂၀၁၈၊ လက္နက္ဥပေဒပုဒ္မ ၁၉(စ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်မြို့နယ်၌ ယမ်းချောင်းနှင့် ဒီတိုနေတာများ သိုလှောင်ထားသည့် ဂိုဒေါင်အား စစ်ဆေးတွေ့ရှိ
*********************
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ စက်မှုဇုန်ရှိ ယာဉ်ကြီးရပ်နားစခန်းသိုလှောင်ရုံအတွင်းမှ ယမ်းချောင်း (၄၈၀၀)နှင့် စနက်တံတွဲလျက် ဒီတိုနေတာ(၄၀၀၀)တို့အား ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

နွားလဝိုးစက်မှုဇုန်တွင် ဒေါ်မြမြစိမ်း(ခ)အားတုံ ငှားရမ်းထားသော သိုလှောင်ရုံအခန်းအမှတ် (၉/၁၀)အား ၂၀၁၈ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့ နံနက် (၁၁)နာရီ (၄၅) မိနစ်ဝန်းကျင်တွင် ကယားပြည်နယ် သတ္တုတွင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်သည့်အဖွဲ့က ကယားပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားမှုဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ စက္ကူဖာဖြင့်ထည့်ထားသည့် အရှည် (၉) လက်မ၊ လုံးပတ် (၃) လက်မ ခန့်ရှိ ယမ်းချောင်း (၄၈၀၀) ချောင်း၊ အရှည် (၁၂) ပေခန့်ရှိ အဖြူရောင်စနက်တံကြိုးနှင့် တွဲလျက် အရှည် (၂) လက်မခန့်ရှိ အနက်ရောင် ဒီတိုနေတာ (၄၀၀၀) ချောင်းတို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ပေါက်ကွဲစေတတ်သည့်ပစ္စည်းများသိမ်းဆည်းထားသည့် ဂိုဒေါင်ပိုင်ရှင် ဒေါ်မြမြစိမ်း(ခ)အားတုံအား ဖမ်းဆီးထားပြီး လွိုင်ကော်မြို့မရဲစခန်းတွင် (ပ)၉၄/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ဇာနှင်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~