ထုိင္းႏုိင္ငံမွတစ္ဆင့္ ျမန္မာႏုိင္ငံသို႔ ခိုးဝင္လာသည့္ တရုတ္ႏုိင္ငံသားအား တာခ်ီလိတ္တြင္ ဖမ္းဆီးရမိ

ထုိင္းႏုိင္ငံမွတစ္ဆင့္ ျမန္မာႏုိင္ငံသို႔ ခိုးဝင္လာသည့္ တရုတ္ႏုိင္ငံသားအား တာခ်ီလိတ္တြင္ ဖမ္းဆီးရမိ
ဇွန် 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕မွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္ လာသည့္ တရုတ္ႏုိင္ငံသား တစ္ဦးအား ၂၀၁၈ ခုႏွစ္ ဇြန္လ(၄)ရက္ေန႔တြင္ ဖမ္းဆီးရမိသျဖင့္ တရားမဝင္ ေခၚေဆာင္လာသူႏွင့္ သတင္းပို႔ရန္ ပ်က္ကြက္သည့္ ယာဥ္ေမာင္းတို႔ပါ ဖမ္းဆီး အေရးယူထားေၾကာင္း သိရသည္။

အဆိုပါ တရုတ္ႏုိင္ငံသား Zhang Biqing သည္ ျပည္ဝင္ခြင့္ဗီဇာမပါသည့္ ႏုိင္ငံကူးလက္မွတ္ျဖင့္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၄)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္တြင္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕မွတစ္ဆင့္ တာခ်ီလိတ္ၿမိဳ႕ တာေလာ့ရပ္ကြက္အနီး ႏွစ္ႏုိင္ငံနယ္နမိတ္ မယ္ဆုိင္ေခ်ာင္းမွ တရားမဝင္ ကူးလာခဲ့ကာ ၎ႏွင့္ ရင္းႏွီးသူ ေမာင္ခ်င္ဖ်င္းႏွင့္အတူ ယာဥ္ေမာင္း ဦးလွေက်ာ္ေမာင္းႏွင္သည့္ ေမာ္ေတာ္ယာဥ္ျဖင့္ မုိင္းလားၿမိဳ႕သို႔ သြားေရာက္စဥ္ မယ္ယန္းပူးေပါင္းစစ္ေဆးေရး ဂိတ္၌ စစ္ေဆးဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသား Zhang Biqing အား ျမန္မာႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရး(လတ္တေလာျပဌာန္းခ်က္မ်ား) အက္ဥပေဒပုဒ္မ ၃(၁)အရလည္းေကာင္း၊ တရားမဝင္ ဝင္ေရာက္လာသူကို ေခၚေဆာင္လာသည့္ ေမာင္ခ်င္ဖ်င္းႏွင့္ ယာဥ္ေမာင္း ဦးလွေက်ာ္တို႔အား တာဝန္ ရိွသူမ်ားထံ သတင္းပို႔ ရန္ပ်က္ကြက္ခဲ့သျဖင့္ ၁၉၄၇ ခုႏွစ္၊ ျမန္မာႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရး (လတ္တေလာ ျပဌာန္းခ်က္မ်ား) အက္ဥပေဒပုဒ္မ ၁၃(၅)အရ လည္းေကာင္း၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၇၂/၂၀၁၈၊ လဝက အက္ဥပေဒပုဒ္မ ၁၃(၁)/၁၃(၅)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတစ်ဆင့် တရားမဝင် ဝင်ရောက် လာသည့် တရုတ်နိုင်ငံသား တစ်ဦးအား ၂၀၁၈ ခုနှစ် ဇွန်လ(၄)ရက်နေ့တွင် ဖမ်းဆီးရမိသဖြင့် တရားမဝင် ခေါ်ဆောင်လာသူနှင့် သတင်းပို့ရန် ပျက်ကွက်သည့် ယာဉ်မောင်းတို့ပါ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား Zhang Biqing သည် ပြည်ဝင်ခွင့်ဗီဇာမပါသည့် နိုင်ငံကူးလက်မှတ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လ (၄)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်မြို့ တာလော့ရပ်ကွက်အနီး နှစ်နိုင်ငံနယ်နမိတ် မယ်ဆိုင်ချောင်းမှ တရားမဝင် ကူးလာခဲ့ကာ၎င်းနှင့် ရင်းနှီးသူ မောင်ချင်ဖျင်းနှင့်အတူ ယာဉ်မောင်း ဦးလှကျော်မောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် မိုင်းလားမြို့သို့ သွားရောက်စဉ် မယ်ယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်၌ စစ်ဆေးဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား Zhang Biqing အား မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)အရလည်းကောင်း၊ တရားမဝင် ဝင်ရောက်လာသူကို ခေါ်ဆောင်လာသည့် မောင်ချင်ဖျင်းနှင့် ယာဉ်မောင်း ဦးလှကျော်တို့အား တာဝန် ရှိသူများထံ သတင်းပို့ ရန်ပျက်ကွက်ခဲ့သဖြင့် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၅)အရ လည်းကောင်း၊ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၇၂/၂၀၁၈၊ လဝက အက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~