သိႏၷီၿမိဳ႕တြင္ မူးယစ္ေဆးဖမ္းဆီးမိၿပီးေနာက္ လားရိႈးနွင့္ ကြတ္ခုိင္မွ ကြင္းဆက္မ်ားကိုပါ ဖမ္းဆီးရမိ

သိႏၷီၿမိဳ႕တြင္ မူးယစ္ေဆးဖမ္းဆီးမိၿပီးေနာက္ လားရိႈးနွင့္ ကြတ္ခုိင္မွ ကြင္းဆက္မ်ားကိုပါ ဖမ္းဆီးရမိ
ဇွန် 9, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕အထြက္ အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၈)ရက္ေန႔က ဘိန္းျဖဴႏွင့္စိတ္ၾကြေဆးျပား သံုးသိန္းေက်ာ္သယ္ေဆာင္လာသူအား ဖမ္းဆီးရမိၿပီးေနာက္ လားရိႈးၿမိဳ႕နယ္ႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္တို႔မွ ကြင္းဆက္တရားခံမ်ားကိုပါ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၄)လားရိႈးမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၈)ရက္ေန႔ နံနက္ (၇)နာရီခြဲဝန္းက်င္တြင္ အိုရီယမ္တယ္တိုးဂိတ္အနီး၌ ေဇာ္ဂြန္ဂ်ာလီ ေမာင္းႏွင္လာသည့္ Hilux SURF ေမာ္ေတာ္ယာဥ္အား ရွာေဖြရာ ေမာ္ေတာ္ယာဥ္၏ေနာက္ဖုံးအံဝွက္အတြင္းမွ ဘိန္းျဖဴအေလးခ်ိန္ (၇၉၂) ဂရမ္ ၊ ေမာ္ေတာ္ယာဥ္၏ေရွ႕ခန္းဝဲဘက္ ထိုင္ခုံေအာက္ ၾကမ္းခင္းအံဝွက္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၀၂,၀၀၀) ျပား၊ ဆီတိုင္ကီအံဝွက္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၃၀,၀၀၀) ျပား ၊ စုစုေပါင္း စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၃၂,၀၀၀) ျပား၊ ေငြက်ပ္ ေလးေသာင္းႏွင့္ လက္ကိုင္ဖုန္း တစ္လုံးတို႔ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ အဆိုပါမူးယစ္ေဆးမ်ားႏွင့္ဆက္စပ္ေနသည့္ ေဇာ္ဂြန္ဂ်ာလီ၏ ဦးေလးေတာ္စပ္သူ ေဝေတာင္အား လားရိႈးၿမိဳ႕နယ္၊ ဟိုပိတ္ေက်းရြာအနီးတြင္ ေမာ္ေတာ္ဆိုင္ကယ္တစ္စီး ေငြက်ပ္ (၁၄)သိန္း၊ လက္ကိုင္ဖုန္း ႏွစ္လုံးတို႔ႏွင့္အတူ နံနက္ (၉)နာရီခြဲဝန္းက်င္တြင္ ထပ္မံဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ အဆိုပါမႈႏွင့္ ဆက္စပ္ေနသူတစ္ဦးျဖစ္သည့္ မာဆန္းအား ယင္းေန႔ ညေန (၆)နာရီ (၂၅)မိနစ္တြင္ တပ္မေတာ္၊ မူးယစ္တပ္ဖြဲ႕စု (၂၂)မူဆယ္ႏွင့္ ကြတ္ခိုင္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕ျဖင့္ ကြတ္ခိုင္ၿမိဳ႕နယ္၊ ဟိုနမ့္ ေက်းရြာေန မာဆန္း၏ေနအိမ္တြင္ ဖမ္းဆီးရမိၿပီး အဆိုပါေနအိမ္ အိမ္သာအတြင္းရွိ ပီနံအိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉၀,၀၀၀) ကိုလည္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၁၉)ႏွစ္အရြယ္ ေဇာ္ဂြန္ဂ်ာလီ၊ အသက္ (၂၆)ႏွစ္အရြယ္ ေဝေတာင္ႏွင့္ အသက္(၅၇)ႏွစ္အရြယ္ မာဆန္းတို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
သိန္နီမြို့တွင် မူးယစ်ဆေးဖမ်းဆီးမိပြီးနောက် လားရှိုးနှင့် ကွတ်ခိုင်မှ ကွင်းဆက်များကိုပါ ဖမ်းဆီးရမိ
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့အထွက် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၈)ရက်နေ့က ဘိန်းဖြူနှင့်စိတ်ကြွဆေးပြား သုံးသိန်းကျော်သယ်ဆောင်လာသူအား ဖမ်းဆီးရမိပြီးနောက် လားရှိုးမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့မှ ကွင်းဆက်တရားခံများကိုပါ ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန်လ (၈)ရက်နေ့ နံနက် (၇)နာရီခွဲဝန်းကျင်တွင် အိုရီယမ်တယ်တိုးဂိတ်အနီး၌ ဇော်ဂွန်ဂျာလီ မောင်းနှင်လာသည့် Hilux SURF မော်တော်ယာဉ်အား ရှာဖွေရာ မော်တော်ယာဉ်၏နောက်ဖုံးအံဝှက်အတွင်းမှ ဘိန်းဖြူအလေးချိန် (၇၉၂) ဂရမ် ၊ မော်တော်ယာဉ်၏ရှေ့ခန်းဝဲဘက် ထိုင်ခုံအောက် ကြမ်းခင်းအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၂,၀၀၀) ပြား၊ ဆီတိုင်ကီအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၃၀,၀၀၀) ပြား ၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၃၃၂,၀၀၀) ပြား၊ ငွေကျပ် လေးသောင်းနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အဆိုပါမူးယစ်ဆေးများနှင့်ဆက်စပ်နေသည့် ဇော်ဂွန်ဂျာလီ၏ ဦးလေးတော်စပ်သူ ဝေတောင်အား လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ်တစ်စီး ငွေကျပ် (၁၄)သိန်း၊ လက်ကိုင်ဖုန်း နှစ်လုံးတို့နှင့်အတူ နံနက် (၉)နာရီခွဲဝန်းကျင်တွင် ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အဆိုပါမှုနှင့် ဆက်စပ်နေသူတစ်ဦးဖြစ်သည့် မာဆန်းအား ယင်းနေ့ ညနေ (၆)နာရီ (၂၅)မိနစ်တွင် တပ်မတော်၊ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်နှင့် ကွတ်ခိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွတ်ခိုင်မြို့နယ်၊ ဟိုနမ့် ကျေးရွာနေ မာဆန်း၏နေအိမ်တွင် ဖမ်းဆီးရမိပြီး အဆိုပါနေအိမ် အိမ်သာအတွင်းရှိ ပီနံအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၉၀,၀၀၀) ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၁၉)နှစ်အရွယ် ဇော်ဂွန်ဂျာလီ၊ အသက် (၂၆)နှစ်အရွယ် ဝေတောင်နှင့် အသက်(၅၇)နှစ်အရွယ် မာဆန်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~