တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕တြင္ လယ္သမားတစ္ဦးထံက စိတ္ၾကြေဆးျပား (၅)ျပား ဖမ္းဆီးရမိ

တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕တြင္ လယ္သမားတစ္ဦးထံက စိတ္ၾကြေဆးျပား (၅)ျပား ဖမ္းဆီးရမိ
ဇွန် 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္တြင္းရွိ ယမ္းခမ္းရြာတြင္ လယ္သမား တစ္ဦးထံက စိတ္ၾကြေဆးျပား (၅)ျပားကို ဇြန္လ(၃)ရက္ေန႔ ေန႔လယ္ပိုင္းက ဖမ္းဆီးရမိ၍ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္၊ ေဟာင္ၾကန္႔ေက်းရြာအုပ္စု၊ ယမ္းခမ္းရြာရွိ လယ္သမားတစ္ဦး၏ ေနအိမ္အတြင္းမွ Wy စာတမ္းပါ ပန္းေရာင္စိတ္ၾကြေဆးျပား (၅)ျပားကို ၂၀၁၈ခုႏွစ္ ဇြန္လ(၃)ရက္ေန႔ ေန႔လယ္(၁)နာရီ ၀န္းက်င္အခ်ိန္က မိုင္းေယာင္းၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕ရဲစခန္းမွ ဒုရဲအုပ္ သန္႔ဇင္ထြဋ္ႏွင့္ တပ္ဖြဲ႔၀င္မ်ားက  မူးယစ္ေဆး၀ါးသတင္းအရ ယမ္းခမ္းေက်းရြာရွိ အသက္(၃၉)ႏွစ္အရြယ္ လယ္သမား အုိက္မား၏ ေနအိမ္အား ၀င္ေရာက္ စစ္ေဆး ရွာေဖြရာက ၎၏ ေနအိမ္ အိပ္ယာေပၚရွိ လြယ္အိတ္အတြင္းမွ စိတ္ၾကြေဆးျပားအား ရွာေဖြေတြ႔ရွိရ၍ ဖမ္းဆီးသိမ္းဆည္းခဲ့ၾကျခင္းျဖစ္သည္။

ဆက္လက္၍ စိတ္ၾကြေဆးျပား (၅)ျပား ႏွင့္အတူ ဖမ္းဆီးရမိသည့္ အိုက္မားအား မိုင္းေယာင္းၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(ဂ)ျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင်းရှိ ယမ်းခမ်းရွာတွင် လယ်သမား တစ်ဦးထံက စိတ်ကြွဆေးပြား (၅)ပြားကို ဇွန်လ(၃)ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိ၍ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာအုပ်စု၊ ယမ်းခမ်းရွာရှိ လယ်သမားတစ်ဦး၏ နေအိမ်အတွင်းမှ Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၅)ပြားကို ၂၀၁၈ခုနှစ် ဇွန်လ(၃)ရက်နေ့ နေ့လယ်(၁)နာရီ ဝန်းကျင်အချိန်က မိုင်းယောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းယောင်းမြို့ရဲစခန်းမှ ဒုရဲအုပ် သန့်ဇင်ထွဋ်နှင့် တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးသတင်းအရ ယမ်းခမ်းကျေးရွာရှိ အသက်(၃၉)နှစ်အရွယ် လယ်သမား အိုက်မား၏ နေအိမ်အား ဝင်ရောက် စစ်ဆေး ရှာဖွေရာက၎င်း၏ နေအိမ် အိပ်ယာပေါ်ရှိ လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြားအား ရှာဖွေတွေ့ရှိရ၍ ဖမ်းဆီးသိမ်းဆည်းခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်၍ စိတ်ကြွဆေးပြား (၅)ပြား နှင့်အတူ ဖမ်းဆီးရမိသည့် အိုက်မားအား မိုင်းယောင်းမြို့မ ရဲစခန်းတွင် မယ(ပ)၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~