တာခ်ီလိတ္သို႔ မုိင္းဆတ္ဘက္မွ စိတ္ၾကြေဆးျပားသယ္လာသည့္ လူငယ္ကို လြယ္ေတာ္ခမ္းစစ္ေဆးေရးဂိတ္တြင္ ဖမ္းမိ

တာခ်ီလိတ္သို႔ မုိင္းဆတ္ဘက္မွ စိတ္ၾကြေဆးျပားသယ္လာသည့္ လူငယ္ကို လြယ္ေတာ္ခမ္းစစ္ေဆးေရးဂိတ္တြင္ ဖမ္းမိ
ဇွန် 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕အထြက္ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ မုိင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔  စိတ္ၾကြေဆးျပား (၂၀၀) သယ္လာသည့္ လူငယ္တစ္ဦးအား ဖမ္းဆီး ရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၅)ရက္ေန႔ ညေန (၅)နာရီခြဲဝန္းက်င္၌ လြယ္ေတာ္ခမ္း ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ မုိင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ အသက္ (၂၃)ႏွစ္အရြယ္ စိုင္းေအာင္ခမ္း ေမာင္းႏွင္လာသည့္ ဆုိင္ကယ္အား စစ္ေဆးရန္ ရပ္တန္႔ခုိင္းရာ ၎က အထုပ္တစ္ထုပ္အား ဂိတ္ေရွ႕လမ္းေပၚ လႊင့္ပစ္လိုက္ေၾကာင္း သိရသည္။

အဆိုပါ အထုပ္အတြင္း စိတ္ၾကြေဆးျပား (၂၀၀)ကို ရွာေဖြေတြ႔ရသျဖင့္ စိုင္းေအာင္ခမ္းကို တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၅၂/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အထွက် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ စိတ်ကြွဆေးပြား (၂၀၀) သယ်လာသည့် လူငယ်တစ်ဦးအား ဖမ်းဆီး ရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်၌ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ အသက် (၂၃)နှစ်အရွယ် စိုင်းအောင်ခမ်း မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ၎င်းက အထုပ်တစ်ထုပ်အား ဂိတ်ရှေ့လမ်းပေါ် လွှင့်ပစ်လိုက်ကြောင်း သိရသည်။

အဆိုပါ အထုပ်အတွင်း စိတ်ကြွဆေးပြား (၂၀၀)ကို ရှာဖွေတွေ့ရသဖြင့် စိုင်းအောင်ခမ်းကို တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၅၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~