တာခ်ီလိတ္ၿမိဳ႕ရွိ ၀ိန္းေက်ာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုး ေနရာေျပာင္းေရြ႕ကာ ရံုးသစ္စတင္ ဖြင့္လွစ္

တာခ်ီလိတ္ၿမိဳ႕ရွိ ၀ိန္းေက်ာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုး ေနရာေျပာင္းေရြ႕ကာ ရံုးသစ္စတင္ ဖြင့္လွစ္
ဇွန် 13, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္တစ္ခုျဖစ္သည့္ ၀ိန္းေက်ာက္ရပ္ကြက္၏ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးအား ရပ္ကြက္အတြင္း ေစတနာရွင္မ်ား၏ စုေပါင္းမႈျဖင့္ အသစ္ေဆာက္လုပ္ၿပီးစီးသည့္အတြက္ ရံုးဖြင့္ပြဲအျဖစ္ ၂၀၁၈ခုႏွစ္ ဇြန္လ(၁၃)ရက္ေန႔တြင္ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

၀ိန္းေက်ာက္ရပ္ကြက္ရံုးအား ယခင္က အာခါေစ်းအေနာက္ဘက္တြင္ ဖြင့္လွစ္ထားရွိရာမွ ယခုအခါတြင္ ေနရာေဟာင္းမွ တဆင့္ ၀ိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့တြင္းလမ္းမႀကီး၊ ရွင္းလံုကုမၸဏီအနီးတြင္ ေျပာင္းေရႊ႕ကာ ဖြင့္လွစ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ရပ္ကြက္ရံုးအတြက္ ေျမေနရာကို ေတာ္ေကာ့တြင္းထဲက ဆယ္အိမ္မွဴး၊ ရာအိမ္မွဴးေတြက စုေပါင္း လွဴဒါန္းၾကတာပါ၊ အေဆာက္အဦးအတြက္လည္း အမ်ားဆံုးကေတာ့ ေတာ္ေကာ့တြင္းက အလွဴရွင္ေတြ လွဴဒါန္းပါတယ္၊"ဟု ၀ိန္းေက်ာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ ရပ္/ေက်းစာေရး ကိုေအာင္ကိုလင္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ ရပ္ကြက္အေနျဖင့္၊ ပုန္းထြန္ရပ္ကြက္၊ ၀မ္ေကာင္းရပ္ကြက္၊ တာေလာ့ရပ္ကြက္၊ မကာဟိုခမ္းရပ္ကြက္၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ မယ္ေခါင္ရပ္ကြက္၊ ရန္ေအာင္ေျမ ရပ္ကြက္၊ ၀ိန္းေက်ာက္ရပ္ကြက္၊ ပါဆတ္ရပ္ကြက္ ႏွင့္ ေဆခမ္းရပ္ကြက္ဟူ၍ ရပ္ကြက္ေပါင္း(၁၁)ရပ္ကြက္ရွိသည္။

ဓါတ္ပံု - Tiger Wan


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် ဝိန်းကျောက်ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ရပ်ကွက်အတွင်း စေတနာရှင်များ၏ စုပေါင်းမှုဖြင့် အသစ်ဆောက်လုပ်ပြီးစီးသည့်အတွက် ရုံးဖွင့်ပွဲအဖြစ် ၂၀၁၈ခုနှစ် ဇွန်လ(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဝိန်းကျောက်ရပ်ကွက်ရုံးအား ယခင်က အာခါဈေးအနောက်ဘက်တွင် ဖွင့်လှစ်ထားရှိရာမှ ယခုအခါတွင် နေရာဟောင်းမှ တဆင့် ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်းလမ်းမကြီး၊ ရှင်းလုံကုမ္ပဏီအနီးတွင် ပြောင်းရွှေ့ကာ ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ရပ်ကွက်ရုံးအတွက် မြေနေရာကို တော်ကော့တွင်းထဲက ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက စုပေါင်း လှူဒါန်းကြတာပါ၊ အဆောက်အဦးအတွက်လည်း အများဆုံးကတော့ တော်ကော့တွင်းက အလှူရှင်တွေ လှူဒါန်းပါတယ်၊"ဟု ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရပ်/ကျေးစာရေး ကိုအောင်ကိုလင်းက ပြောသည်။

တာချီလိတ်မြို့ပေါ်တွင် ရပ်ကွက်အနဖြေင့်၊ ပုန်းထွန်ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေ ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်၊ ပါဆတ်ရပ်ကွက် နှင့် ဆေခမ်းရပ်ကွက်ဟူ၍ ရပ်ကွက်ပေါင်း(၁၁)ရပ်ကွက်ရှိသည်။

ဓာတ်ပုံ - Tiger Wan

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~