နိုင်ငံတော်သမ္မတ တိုက်ရိုက်ကွပ်ကဲမည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနက တိုင်ကြားသူ၏ အချက်အလက်များ လုံခြုံမှုရှိရန် ဆောင်ရွက်ထား
နိုင်ငံတော်သမ္မတ တိုက်ရိုက်ကွပ်ကဲမည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနက တိုင်ကြားသူ၏ အချက်အလက်များ လုံခြုံမှုရှိရန် ဆောင်ရွက်ထား
ဇှနျ 26, 2018
By Tachileik News Agency
“မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းတွေကို ထိထိရောက်ရောက် ဖော်ထုတ်ပြီး ပြစ်ဒဏ်ချမှတ်နိုင်ဖို့၊ ဒီလို ဖော်ထုတ်ရာမှာလည်း ကွင်းဆက်အားလုံး မပျောက်ပျက်အောင် အဆုံးအထိ စုံစမ်းဖော်ထုတ်နိုင်ဖို့၊ မူးယစ်တိုက်ဖျက်ရေးမှာ သတင်းပေါက်ကြားမှုတွေ မဖြစ်ပေါ်စေအောင် ဗဟိုအဖွဲ့ရဲ့ တိုက်ရိုက် ကွပ်ကဲကြီးကြပ်မှုအောက်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို သီးခြားဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နေပြည်တော်တွင် ဇွန်လ(၂၆)ရက်နေ့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
အဆိုပါဌာနကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ် ဇွန်လ (၂၂)ရက်နေ့ ရက်စွဲပါ ရုံးအမိန့်အမှတ် (၁၈၇/၂၀၁၈)ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းသိရပြီး သတင်းပေးတိုင်ကြားသူများအား ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ပေးမည်ဖြစ်ကာ နိုင်ငံတော်၏ ချီးမြှင့်ငွေဖြစ်သည့်အတွက် အဆိုပါငွေကြေးပမာဏအတွက် အခွန်ကင်းလွတ်ခွင့်ကိုလည်း အထူးအခွင့်အရေးအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်သတင်းပေးလိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၆၇ ၅၉၀၂၀၀၊ ဖက်စ်ဖုန်းနံပါတ် ၀၆၇ ၅၉၀၂၃၃ တို့သို့လည်းကောင်း အီးမေးလ်လိပ်စာဖြစ်သည့် [email protected] သို့လည်းကောင်း သတင်းအချက်အလက်များ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
~~~~~~~~⊰❂ unicode ~~~~~~~~
နိုင်ငံတော်သမ္မတရုံးက တိုက်ရိုက်ကွပ်ကဲမည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ထုတ်ပြန် အသိပေးလိုက်ပြီး တိုင်ကြားသူများ၏ အချက်အလက် လုံခြုံမှု ရှိစေရေးနှင့် အရေးယူဖမ်းဆီးမှုကို ဗဟိုမှဖွဲ့စည်းထားသည့် အထူးအဖွဲ့ဖြင့် အချိန်တိုအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းတွေကို ထိထိရောက်ရောက် ဖော်ထုတ်ပြီး ပြစ်ဒဏ်ချမှတ်နိုင်ဖို့၊ ဒီလို ဖော်ထုတ်ရာမှာလည်း ကွင်းဆက်အားလုံး မပျောက်ပျက်အောင် အဆုံးအထိ စုံစမ်းဖော်ထုတ်နိုင်ဖို့၊ မူးယစ်တိုက်ဖျက်ရေးမှာ သတင်းပေါက်ကြားမှုတွေ မဖြစ်ပေါ်စေအောင် ဗဟိုအဖွဲ့ရဲ့ တိုက်ရိုက် ကွပ်ကဲကြီးကြပ်မှုအောက်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို သီးခြားဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နပြေည်တော်တွင် ဇွန်လ(၂၆)ရက်နေ့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
အဆိုပါဌာနကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ် ဇွန်လ (၂၂)ရက်နေ့ ရက်စွဲပါ ရုံးအမိန့်အမှတ် (၁၈၇/၂၀၁၈)ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းသိရပြီး သတင်းပေးတိုင်ကြားသူများအား ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ပေးမည်ဖြစ်ကာ နိုင်ငံတော်၏ ချီးမြှင့်ငွဖြေစ်သည့်အတွက် အဆိုပါငွေကြေးပမာဏအတွက် အခွန်ကင်းလွတ်ခွင့်ကိုလည်း အထူးအခွင့်အရေးအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 “အဓိက မူးယစ်နဲ့ ပတ်သက်လို့ တိုင်ကြားတဲ့လူတွေမှာ အသက်အန္တရာယ်ရှိတယ်။ နောက်တစ်ခုက သတင်းတွေ ပေါက်ကြားတဲ့အခါမှာ ဖမ်းတဲ့အခါမှာ အဆင့်ဆင့် သတင်းတွေချပြပြီးတော့ ဖမ်းတဲ့အခါမှာ မမိဘူး။ လွတ်သွားတာတွေရှိတယ်။ မိတောင်မှ မစို့မပို့ မိတာတွေရှိတယ်။ အဲဒီတော့ အစီအစဉ်က ဘာလဲဆိုတော့ သတင်းပေးတဲ့သူရယ်၊ ဖမ်းဆီးတဲ့သူရယ်၊ နိုင်ငံတော်ရယ် ထိုက်သင့်တဲ့ ရာခိုင်နှုန်းအလိုက် ခွဲပြီး ချီးမြှင့်မှာ။ ချီးမြှင့်တော့ သတင်းပေးတဲ့သူတွေ လုံခြုံစိတ်ချစွာ သတင်းပေးဖို့အတွက် သူတို့ရဲ့ သတင်းအချက်အလက်တွေ အကုန်လုံး လျှို့ဝှက်ထားမယ်။ သတင်းပေးကို ထိုက်သင့်တဲ့ အချိုးအစားကို ချီးမြှင့်တဲ့ အခါမှာလည်း လူသိရှင်ကြား ချီးမြှင့်မှာ မဟုတ်ဘူး။ ပေးပို့တဲ့သူတွေရဲ့ အချက်အလက် မပေါက်ကြားရေးကိုလည်း စီစဉ်ထားတဲ့အကြောင်း သမ္မတရဲ့မိန့်ခွန်းထဲမှာ ပါထားပါတယ်”ဟု နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အဆိုပါ တိုင်ကြားရေးဌာနနှင့် ပတ်သက်၍ တာချီလိတ်သတင်းအေဂျင်စီ၏ ဆယ်သွယ်မေးမြန်းချက်ကို ဇွန်လ(၂၆)ရက်နေ့ ညနေပိုင်းက ဖြကြေားသည်။
ဆက်သွယ်သတင်းပေးလိုသူများ အနဖြေင့် ဖုန်းနံပါတ် ဝ၆၇ ၅၉၀၂၀၀၊ ဖက်စ်ဖုန်းနံပါတ် ဝ၆၇ ၅၉၀၂၃၃ တို့သို့လည်းကောင်း အီးမေးလ်လိပ်စာဖြစ်သည့် [email protected] သို့လည်းကောင်း သတင်းအချက်အလက်များ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။
“တိုင်ကြားတဲ့ဌာနကို နိုင်ငံတော်သမ္မတရုံးမှာ ထားတာ။ လိုင်းဆက်သွယ်မှုတွေ၊ ဆက်သွယ်ဆောင်ရွက်ရတဲ့ အဆင့်တွေများနေရင် သတင်းတွေ ပေါက်ကြားမှုဖြစ်မှာကြောက်လို့ သီးသန့်ဖွဲ့ထားတာ။ အဲဒီလူတွေက နိုင်ငံတော်သမ္မတဆီကို သူတို့က တိုက်ရိုက်တင်ပြဖို့ ကြားထဲမှာ ဘာအဆင့်မှ မခံဘူး။ သတင်းရရင် မှန်၊မမှန်စိစစ်ပြီးတော့ ဗဟိုအဖွဲ့ကိုလွှတ်မယ်”ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
သတင်းပေးတိုင်ကြားသူ၏ တိုင်ကြားမှုအရ ဗဟိုမှဖွဲ့စည်းထားသည့် အထူးအဖွဲ့က ဖော်ထုတ် ဖမ်းဆီးရရှိပါက အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်မှုမှ မူးယစ်ကုန်သည်၊ ရောင်းဝယ် ဖောက်ကားသူများ၏ တရားမဝင် ပိုင်ဆိုင်မှုများကို သင့်တင့်လျောက်ပတ်သည့် အချိုးအစားဖြင့် ခွဲဝေကာ သတင်းပေး တိုင်ကြားသူ၊ လက်ရဖမ်းဆီးသူနှင့် နိုင်ငံတော်အစိုးရတို့ ခွဲဝေရယူမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~