မယ္ဆိုင္ ထမ့္လြမ္ဂူအတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းစဥ္ အေျခအေန

မယ္ဆိုင္ ထမ့္လြမ္ဂူအတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းစဥ္ အေျခအေန
ဇွန် 30, 2018
By 🌸
ထိုင္း - ျမန္မာနယ္စပ္ ထိုင္းႏိုင္ငံ(ေျမာက္ပိုင္း)၊ ခ်င္း႐ိုင္းခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕၊ ပုံဖာရပ္ကြက္ရွိ ဒြိဳင္းနန္းႏြန္းေတာင္ေျခအနီး ထမ့္လြမ္ဂူအတြင္း ပိတ္မိေနသည့္ လူငယ္(၁၃)ဦးကို ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားႏွင့္ ႏိုင္ငံေပါင္း (၇)ႏုိင္ငံက ရွာေဖြကယ္ဆယ္ေရးလုပ္ငန္း အခ်ိန္ႏွင့္တေျပးညီေဆာင္ရြက္ေနမႈအက်ဥ္းခ်ဳပ္ကို တင္ျပထားျခင္းျဖစ္ပါသည္။ ေနာက္ဆက္တြဲ အေျခအေနအက်ဥ္းခ်ဳပ္မ်ားကို ရွာေဖြေရးၿပီးဆံုးသည္အထိ ယခုသတင္းတြင္ ဆက္လက္ ေဖၚျပသြားမည္ျဖစ္ပါသည္။

Update: 3:06PM ၊ 30/6/2018
မယ္ဆိုင္ဂူအတြင္း ကယ္ဆယ္ရွာေဖြေရး (၈)ရက္ေျမာက္ေန႔ျဖစ္သည့္၂၀၁၈ ခုႏွစ္ ဇြန္လ(၃၀)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ မယ္ဆိုင္ဂူသို႔ ေတာ၀က္ေဘာလံုးအသင္းအဖြဲ႔၀င္မ်ားႏွင့္ နည္းျပမ်ား ေရာက္ရွိလာၿပီး  ဂူထဲပိတ္မိေနသည့္အဖြဲ႔၀င္မ်ား၏ မိဘမ်ားကို အားေပးရန္ႏွင့္ အဖြဲ႕ဝင္မ်ား ျပန္ထြက္လာမည္ကို ေစာင့္ေမွ်ာ္ရန္ လာေရာက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Update: 2:17PM ၊ 30/6/2018
မယ္ဆိုင္ဂူအတြင္း ကယ္ဆယ္ရွာေဖြေရးလုပ္ေဆာင္ရာသို႔ ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္(၁)နာရီ (၅၉)မိနစ္တြင္ မုိင္းဖုန္းဆရာေတာ္ ဒုတိယအႀကိမ္ၾကြေရာက္လာၿပီး ေန႔လယ္ (၂း၁၅) နာရီအခ်ိန္အထိ ဆုေတာင္းေမတၱာပို႔ေပးခဲ့သည္ကို ေတြ႔ရသည္။ ဆရာေတာ္သည္ ကယ္ဆယ္ရွာေဖြေရးလုပ္ေဆာင္ေနရာ မယ္ဆုိင္ ထမ့္လံုခြန္နမ့္ဂူသို႔ ဇြန္လ(၂၉)ရက္ေန႔ ညပိုင္းက ပထမအႀကိမ္ ၾကြေရာက္ခဲ့ျခင္းျဖစ္သည္။

Update: 1:57PM ၊ 30/6/2018
မယ္ဆိုင္ဂူအတြင္း ကယ္ဆယ္ရွာေဖြေရး (၈)ရက္ေျမာက္ေန႔ ေန႔လယ္ပိုင္းတြင္ ျပင္းအားေကာင္းသည့္ ေရစုပ္စက္ႏွစ္လံုးကို ထပ္မံတပ္ဆင္လိုက္ၿပီး အရွည္(၃၆)ေပ ႏွင့္ အက်ယ္(၅)လက္မရွိသည့္ ေရပိုက္ (၈၅)ေခ်ာင္းကို ထပ္တိုးတပ္ဆင္ၿပီး ေရစုပ္ထုတ္ေနသည္ကို ေတြ႔ရသည္။

Update: 12:00PM ၊ 30/6/2018
ဂူအတြင္းမွ လူငယ္(၁၃)ဦးကို ကယ္ဆယ္ေခၚေဆာင္လာႏိုင္သည့္အခါ သယ္ယူပိ႔ုေဆာင္ေရး၊ လူနာတင္ယာဥ္ အသင့္ရွိေစေရးတို႔အတြက္ ဂူအျပင္ ေတာင္ေပၚရွိ ဂူေပါက္မ်ားမွ ေတြ႔ရွိ ကယ္ဆယ္လာပါက ရဟတ္ယာဥ္ျဖင့္ ေခၚေဆာင္ၿပီး လူနာတင္ယာဥ္သို႔ ပို႔ေဆာင္ေပးေရးတို႔အတြက္ ႀကိဳတင္ဇာတ္တိုက္ ေလ့က်င့္ခဲ့ၾကသည္။

Update: 11:36AM ၊ 30/6/2018
လူငယ္(၁၃)ဦး ကယ္ဆယ္ရွာေဖြေရး (၈)ရက္ေျမာက္ေန႔ ျဖစ္ရာ ၀ိုင္း၀န္းပံ့ပိုးသူမ်ားလည္း မ်ားလာခဲ့သျဖင့္ ကယ္ဆယ္ေရးစခန္းအနီးတြင္ ေသာက္သံုးေရစက္လာေရာက္ခ်ထားၿပီး လိုအပ္သည့္ေသာက္သံုးေရမ်ားကို ထုတ္လုပ္ေပးေနသည္ကို ေတြ႔ရသည္။

Update: 10:40AM ၊ 30/6/2018
ဂူအတြင္းရွာေဖြေရးမ်ား လုပ္ေဆာင္ေနသည့္ ထိုင္းေတာ္၀င္ေရတပ္အထူးအဖြဲ႔မ်ား သတ္မွတ္ေနရာမ်ားသို႔ ထုိးေဖါက္ဝင္ေရာက္ေနၿပီျဖစ္ေၾကာင္း ထုိင္းေတာ္ဝင္ေရတပ္က သတင္းထုတ္ျပန္သည္။

Update: 10:04AM ၊ 30/6/2018
လူငယ္မ်ားကို ရွာေဖြေတြ႔ေရး နီးစပ္လာၿပီလို႔ ယူဆၾကသည့္အတြက္ ထိုင္းစံေတာ္ခ်ိန္ နံနက္(၉)နာရီ၀န္းက်င္ကစတင္ၿပီး နံနက္(၁၀)နာရီေက်ာ္အထိ ဂူထဲမွကေလးမ်ားကို သယ္ေဆာင္လာခ်ိန္ အထိအခိုက္မရွိေစေရး၊ စနစ္တက်ျဖစ္ေစေရးအတြက္ ႀကိဳတင္ဇာတ္တိုက္မႈမ်ား ျပဳလုပ္ေနၿပီး ဂူအျပင္ဘက္ လမ္းတစ္ေလွ်ာက္တြင္လည္း လမ္းပိတ္ဆို႔မႈမျဖစ္ေစေရး ေဆာင္ရြက္ေနၾကကာ ေဆးတပ္ႏွင့္ က်န္းမာေရးအဖြဲ႔က အသင့္ျပင္ဆင္မႈမ်ား ေဆာင္ရြက္ၾကသည္ကို ေတြ႔ရသည္။

Update: 9:45AM ၊ 30/6/2018
ဂူထဲမွ လူငယ္(၁၃)ဦးကိုရွာေဖြေတြ႔ရိွပါက အေရးေပၚ ကယ္ဆယ္ေရးအတြက္ က်န္းမာေရးအဖြဲ႔မ်ားက ႀကိဳတင္ျပင္ဆင္မႈမ်ား အဆင္သင့္ျဖစ္ေရး၊ သတင္းယူေနသည့္ ႏိုင္ငံတကာမွ မီဒီယာမ်ား စနစ္တက် ျဖစ္ေစေရး၊ ပိတ္ဆို႔မႈမ်ား မျဖစ္ေစေရးအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ားကို  နံနက္(၉)နာရီခြဲက စတင္ၿပီး ေဆာင္ရြက္ေနၾကသည္ကို ေတြ႔ရသည္။

Update: 8:51AM ၊ 30/6/2018
မယ္ဆိုင္ဂူအျပင္ ေတာင္ေပၚတြင္ေတြ႕ရွိထားသည့္ ဂူေပါက္အား စစ္ေဆးၾကည့္ရႈရန္ႏွင့္ အျခားဂူေပါက္မ်ားဆက္လက္ရွာေဖြရန္ ဇြန္လ(၃၀)ရက္ေန႔ နံနက္(၇:၃၀)နာရီအခ်ိန္တြင္ ရွာေဖြေရးအဖြဲ႕မ်ား ဒိြဳင္ဖါမီေတာင္ကုန္းသို႔ ဆက္လက္ထြက္ခြာသြားသည္။

Update: 7:10AM ၊ 30/6/2018
ဇြန္လ(၂၉)ရက္ေန႔ ညပိုင္းႏွင့္ ဇြန္လ (၃၀)ရက္ေန႔ နံနက္ပိုင္းတြင္ မိုးမရြာသည့္အတြက္ ဂူအတြင္းေရဝင္ေရာက္မႈမရွိေတာ့ဘဲ တစ္ညလံုးေရစုပ္ထုတ္မႈေၾကာင့္ နံနက္ပိုင္းတြင္ ဂူအတြင္းေရေလ်ာ့နည္းသြားသည္ကို ေတြ႔ရၿပီး ရွာေဖြေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနၾကသည္ကို ေတြ႔ရသည္။

 Update: 2:17AM ၊ 30/6/2018
ဂူအတြင္းမွ ေရမ်ားကို စုပ္ထုတ္ေနလွ်က္ရွိသည္ကိုေတြ႕ရၿပီး အုပ္စုအဖြဲ႕ခြဲထားကာ အလွည့္က်ျဖင့္ (၂၄)နာရီလံုး ဂူအတြင္းမွ ေရစုပ္ထုတ္ျခင္းလုပ္ေဆာင္ေနေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင် ထမ့်လွမ်ဂူအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ် အခြေအနေ
::::::::::::::::::::::::::::::::::::::::::::
ထိုင်း - မြန်မာနယ်စပ် ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေအနီး ထမ့်လွမ်ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးကို ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့် နိုင်ငံပေါင်း (၇)နိုင်ငံက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း အချိန်နှင့်တပြေးညီဆောင်ရွက်နေမှုအကျဉ်းချုပ်ကို တင်ပြထားခြင်းဖြစ်ပါသည်။ နောက်ဆက်တွဲ အခြေအနေအကျဉ်းချုပ်များကို ရှာဖွေရေးပြီးဆုံးသည်အထိ ယခုသတင်းတွင် ဆက်လက် ဖေါ်ပြသွားမည်ဖြစ်ပါသည်။

Update: 3:06PM ၊ 30/6/2018
မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရှာဖွေရေး (၈)ရက်မြောက်နေ့ဖြစ်သည့်၂၀၁၈ ခုနှစ် ဇွန်လ(၃၀)ရက်နေ့ နေ့လယ်ပိုင်းတွင် မယ်ဆိုင်ဂူသို့ တောဝက်ဘောလုံးအသင်းအဖွဲ့ဝင်များနှင့် နည်းပြများ ရောက်ရှိလာပြီး  ဂူထဲပိတ်မိနေသည့်အဖွဲ့ဝင်များ၏ မိဘများကို အားပေးရန်နှင့် အဖွဲ့ဝင်များ ပြန်ထွက်လာမည်ကို စောင့်မျှော်ရန် လာရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

Update: 2:17PM ၊ 30/6/2018
မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရှာဖွေရေးလုပ်ဆောင်ရာသို့ မြန်မာစံတော်ချိန် နေ့လယ်(၁)နာရီ (၅၉)မိနစ်တွင် မိုင်းဖုန်းဆရာတော် ဒုတိယအကြိမ်ကြွရောက်လာပြီး နေ့လယ် (၂း၁၅) နာရီအချိန်အထိ ဆုတောင်းမေတ္တာပို့ပေးခဲ့သည်ကို တွေ့ရသည်။ ဆရာတော်သည် ကယ်ဆယ်ရှာဖွေရေးလုပ်ဆောင်နေရာ မယ်ဆိုင် ထမ့်လုံခွန်နမ့်ဂူသို့ ဇွန်လ(၂၉)ရက်နေ့ ညပိုင်းက ပထမအကြိမ် ကြွရောက်ခဲ့ခြင်းဖြစ်သည်။

Update: 1:57PM ၊ 30/6/2018
မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရှာဖွေရေး (၈)ရက်မြောက်နေ့ နေ့လယ်ပိုင်းတွင် ပြင်းအားကောင်းသည့် ရေစုပ်စက်နှစ်လုံးကို ထပ်မံတပ်ဆင်လိုက်ပြီး အရှည်(၃၆)ပေ နှင့် အကျယ်(၅)လက်မရှိသည့် ရေပိုက် (၈၅)ချောင်းကို ထပ်တိုးတပ်ဆင်ပြီး ရေစုပ်ထုတ်နေသည်ကို တွေ့ရသည်။

Update: 12:00PM ၊ 30/6/2018
ဂူအတွင်းမှ လူငယ်(၁၃)ဦးကို ကယ်ဆယ်ခေါ်ဆောင်လာနိုင်သည့်အခါ သယ်ယူပိ့ုဆောင်ရေး၊ လူနာတင်ယာဉ် အသင့်ရှိစေရေးတို့အတွက် ဂူအပြင် တောင်ပေါ်ရှိ ဂူပေါက်များမှ တွေ့ရှိ ကယ်ဆယ်လာပါက ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်ပြီး လူနာတင်ယာဉ်သို့ ပို့ဆောင်ပေးရေးတို့အတွက် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။

Update: 11:36AM ၊ 30/6/2018
လူငယ်(၁၃)ဦး ကယ်ဆယ်ရှာဖွေရေး (၈)ရက်မြောက်နေ့ ဖြစ်ရာ ဝိုင်းဝန်းပံ့ပိုးသူများလည်း များလာခဲ့သဖြင့် ကယ်ဆယ်ရေးစခန်းအနီးတွင် သောက်သုံးရေစက်လာရောက်ချထားပြီး လိုအပ်သည့်သောက်သုံးရေများကို ထုတ်လုပ်ပေးနေသည်ကို တွေ့ရသည်။

Update: 10:40AM ၊ 30/6/2018
ဂူအတွင်းရှာဖွေရေးများ လုပ်ဆောင်နေသည့် ထိုင်းတော်ဝင်ရေတပ်အထူးအဖွဲ့များ သတ်မှတ်နေရာများသို့ ထိုးဖေါက်ဝင်ရောက်နေပြီဖြစ်ကြောင်း ထိုင်းတော်ဝင်ရေတပ်က သတင်းထုတ်ပြန်သည်။

Update: 10:04AM ၊ 30/6/2018
လူငယ်များကို ရှာဖွေတွေ့ရေး နီးစပ်လာပြီလို့ ယူဆကြသည့်အတွက် ထိုင်းစံတော်ချိန် နံနက်(၉)နာရီဝန်းကျင်ကစတင်ပြီး နံနက်(၁၀)နာရီကျော်အထိ ဂူထဲမှကလေးများကို သယ်ဆောင်လာချိန် အထိအခိုက်မရှိစေရေး၊ စနစ်တကျဖြစ်စေရေးအတွက် ကြိုတင်ဇာတ်တိုက်မှုများ ပြုလုပ်နေပြီး ဂူအပြင်ဘက် လမ်းတစ်လျှောက်တွင်လည်း လမ်းပိတ်ဆို့မှုမဖြစ်စေရေး ဆောင်ရွက်နေကြကာ ဆေးတပ်နှင့် ကျန်းမာရေးအဖွဲ့က အသင့်ပြင်ဆင်မှုများ ဆောင်ရွက်ကြသည်ကို တွေ့ရသည်။

Update: 9:45AM ၊ 30/6/2018
ဂူထဲမှ လူငယ်(၁၃)ဦးကိုရှာဖွေတွေ့ရှိပါက အရေးပေါ် ကယ်ဆယ်ရေးအတွက် ကျန်းမာရေးအဖွဲ့များက ကြိုတင်ပြင်ဆင်မှုများ အဆင်သင့်ဖြစ်ရေး၊ သတင်းယူနေသည့် နိုင်ငံတကာမှ မီဒီယာများ စနစ်တကျ ဖြစ်စေရေး၊ ပိတ်ဆို့မှုများ မဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို  နံနက်(၉)နာရီခွဲက စတင်ပြီး ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

Update: 8:51AM ၊ 30/6/2018
မယ်ဆိုင်ဂူအပြင် တောင်ပေါ်တွင်တွေ့ရှိထားသည့် ဂူပေါက်အား စစ်ဆေးကြည့်ရှုရန်နှင့် အခြားဂူပေါက်များဆက်လက်ရှာဖွေရန် ဇွန်လ(၃၀)ရက်နေ့ နံနက်(၇:၃၀)နာရီအချိန်တွင် ရှာဖွေရေးအဖွဲ့များ ဒွိုင်ဖါမီတောင်ကုန်းသို့ ဆက်လက်ထွက်ခွာသွားသည်။

Update: 7:10AM ၊ 30/6/2018
ဇွန်လ(၂၉)ရက်နေ့ ညပိုင်းနှင့် ဇွန်လ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် မိုးမရွာသည့်အတွက် ဂူအတွင်းရေဝင်ရောက်မှုမရှိတော့ဘဲ တစ်ညလုံးရေစုပ်ထုတ်မှုကြောင့် နံနက်ပိုင်းတွင် ဂူအတွင်းရေလျော့နည်းသွားသည်ကို တွေ့ရပြီး ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။

 Update: 2:17AM ၊ 30/6/2018
ဂူအတွင်းမှ ရေများကို စုပ်ထုတ်နေလျှက်ရှိသည်ကိုတွေ့ရပြီး အုပ်စုအဖွဲ့ခွဲထားကာ အလှည့်ကျဖြင့် (၂၄)နာရီလုံး ဂူအတွင်းမှ ရေစုပ်ထုတ်ခြင်းလုပ်ဆောင်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~