တာလေ - ကျိုင်းလပ်ကားလမ်းဘေး ကုန်ဆာရွာတွင် လမ်းဘေးနေအိမ်မှ ကလေးတစ်ဦးအား ကားဖြင့် ဝင်တိုက်မိ၍ ယာဉ်မောင်းကို အရေးယူထား

တာလေ - ကျိုင်းလပ်ကားလမ်းဘေး ကုန်ဆာရွာတွင် လမ်းဘေးနေအိမ်မှ ကလေးတစ်ဦးအား ကားဖြင့် ဝင်တိုက်မိ၍ ယာဉ်မောင်းကို အရေးယူထား
ဇှနျ 4, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ မိုင်းလင်း(အနောက်အုပ်စု)အတွင်း တာလေ - ကျိုင်းလပ်ကားလမ်းဘေး ကုန်ဆာရွာတွင်  မော်တော်ယာဉ်တစ်စီးက လမ်းဘေးနေအိမ်မှ ထွက်လာသည့် ကလေးတစ်ဦးအား ဝင်တိုက်မိပြီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျသွားကြောင်း သိရသည်။


ကားဖြင့် ၀င်တိုက်ခံရသည့် စိုင်းခမ်းလျှိုးအား တာလေပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားပြီး ဒဏ်ရာများမှာ စိုးရိမ်ဖွယ် မရှိကြောင်း သိရသည်။


ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ တာလမြေို့ရှိ မိုင်းလင်း(အနောက်အုပ်စု)အတွင်း တာလေ - ကျိုင်းလပ်ကားလမ်းဘေး ကုန်ဆာရွာတွင် မော်တော်ယာဉ်တစ်စီးက လမ်းဘေးနေအိမ်မှ ထွက်လာသည့် ကလေးတစ်ဦးအား ဝင်တိုက်မိပြီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျသွားကြောင်း သိရသည်။

တာလေ - ကျိုင်းလပ်ကားလမ်းအတိုင်း မိုင်းလင်းဘက်မှ တာလေဘက်သို့ ၂၀၁၈ ခုနှစ် ဇွန်လ (၃)ရက်နေ့တွင် အသက်(၂၂)နှစ်အရွယ် စိုင်းဝင်းမီ မောင်းနှင်လာသည့် မော်တော်ယာဉ်သည် ကုန်ဆာရွာ အရောက်တွင် လမ်းဘေးနေအိမ်ခြံဝန်းမှ ထွက်လာသည့် အသက် (၁၃)နှစ်အရွယ် စိုင်းခမ်းလျှိုးအား ဝင်တိုက်မိပြီး ကားမှာ လမ်းညာဘက် ရေမြောင်းအတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကားဖြင့် ဝင်တိုက်ခံရသည့် စိုင်းခမ်းလျှိုးအား တာလပြေည်သူ့ဆေးရုံတွင် ပို့ဆောင်ထားပြီး ဒဏ်ရာများမှာ စိုးရိမ်ဖွယ် မရှိကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့် ယာဉ်မောင်း စိုင်းဝင်းမီအား မိုင်းလင်းနယ်မြေရဲစခခန်းတွင် ယာဉ်(ပ) ၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~