ထိုင္းႏုိင္ငံအတြင္း တရားမဝင္ ဝင္ေရာက္မႈ၊ ခြင့္ျပဳရက္ေက်ာ္လြန္ေနထုိင္မႈတုိ႔ျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၅)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး

ထိုင္းႏုိင္ငံအတြင္း တရားမဝင္ ဝင္ေရာက္မႈ၊ ခြင့္ျပဳရက္ေက်ာ္လြန္ေနထုိင္မႈတုိ႔ျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၅)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး
ဇွန် 12, 2018
By Tachileik News Agency

ထိုင္းႏုိင္ငံ ခ်င္းရိုင္း၊ လမ္းပန္းႏွင့္ ခ်င္းမုိင္ခရိုင္မ်ားအတြင္း ခြင့္ျပဳရက္ထက္ေက်ာ္လြန္ေနထိုင္မႈ၊ တရားမဝင္ ဝင္ေရာက္မႈတို႔ျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၅)ဦးအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၂)ရက္ေန႔တြင္ ထုိင္းနုိင္ငံက လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

လႊဲေျပာင္းေပးလာသူမ်ားတြင္ ခြင့္ျပဳရက္ထက္ ေက်ာ္လြန္ေနထိုင္သူ (၂၂)ဦးႏွင့္ တရားမဝင္သြားေရာက္သူ (၃)ဦးတို႔ ပါဝင္ၿပီး ရခိုင္ျပည္နယ္မွ (၁)ဦး၊ ရွမ္းျပည္နယ္အတြင္းမွ (၁၉)ဦး၊ ပဲခူးတုိင္းေဒသႀကီးမွ (၂)ဦး၊ ကခ်င္ျပည္နယ္မွ (၁)ဦး၊ ကယားျပည္နယ္မွ (၁)ဦး၊ ကရင္ျပည္နယ္မွ (၁)ဦးတို႔ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသား  (၁၅)ဦးႏွင့္ အမ်ိဳးသမီး (၁၀)ဦးတို႔အား ထိုင္းနုိင္ငံ မယ္ဆုိင္ၿမိဳ႕ လူဝင္မႈႀကီးၾကပ္ေရးမွ အရာရိွ ခ်ိန္နလြန္ဖူမိေပါ ဦးစီးသည့္အဖြဲ႕က လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာႏုိင္ငံမွ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ တာခ်ီလိတ္ခ႐ိုင္လဝက ဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္း ႏွင့္ အဖြဲ႕၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊  လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးအဖြဲ႔စိတ္(၁) တာခ်ီလိတ္၏ မွ ရဲအုပ္လွဘုန္း ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရးေကာ္မတီ(CNCMC)မွ ေကာ္မတီ၀င္မ်ားက ႀကိဳဆို လက္ခံခဲ့ၾကသည္။

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံက လႊဲေျပာင္းေပးေလ့ရိွရာ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးလာသည့္ ဦးေရမွာ ၂၀၁၈ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၁၁)ရက္ေန႔အထိ အမ်ိဳးသား(၂၅၂)ဦး၊ အမ်ိဳးသမီး(၁၂၅)ဦးႏွင့္ ကေလး(၁၅) ဦး၊ စုစုေပါင္း ( ၃၉၂) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု -  ၿမိဳ႕နယ္ေထြ/အုပ္



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ချင်းရိုင်း၊ လမ်းပန်းနှင့် ချင်းမိုင်ခရိုင်များအတွင်း ခွင့်ပြုရက်ထက်ကျော်လွန်နေထိုင်မှု၊ တရားမဝင် ဝင်ရောက်မှုတို့ဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၂၅)ဦးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် ဇွန်လ (၁၂)ရက်နေ့တွင် ထိုင်းနိုင်ငံက လွှဲပြောင်းပေးလာကြောင်း သိရသည်။

လွှဲပြောင်းပေးလာသူများတွင် ခွင့်ပြုရက်ထက် ကျော်လွန်နေထိုင်သူ (၂၂)ဦးနှင့် တရားမဝင်သွားရောက်သူ (၃)ဦးတို့ ပါဝင်ပြီး ရခိုင်ပြည်နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်အတွင်းမှ (၁၉)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၂)ဦး၊ ကချင်ပြည်နယ်မှ (၁)ဦး၊ ကယားပြည်နယ်မှ (၁)ဦး၊ ကရင်ပြည်နယ်မှ (၁)ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသား (၁၅)ဦးနှင့် အမျိုးသမီး (၁၀)ဦးတို့အား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးမှ အရာရှိ ချိန်နလွန်ဖူမိပေါ ဦးစီးသည့်အဖွဲ့က လာရောက်လွှဲပြောင်းပေးရာ မြန်မာနိုင်ငံမှ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်ခရိုင်လဝက ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း နှင့် အဖွဲ့၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့စိတ်(၁) တာချီလိတ်၏ မှ ရဲအုပ်လှဘုန်း နှင့် တပ်ဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)မှ ကော်မတီဝင်များက ကြိုဆို လက်ခံခဲ့ကြသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်းနယ်စပ်မြို့များသို့ ထိုင်းနိုင်ငံက လွှဲပြောင်းပေးလေ့ရှိရာ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည့် ဦးရေမှာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ အမျိုးသား(၂၅၂)ဦး၊ အမျိုးသမီး(၁၂၅)ဦးနှင့် ကလေး(၁၅) ဦး၊ စုစုပေါင်း ( ၃၉၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မြို့နယ်ထွေ/အုပ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~