လူငယ် (၁၃)ဦး ပိတ်မိနေသည့် မယ်ဆိုင်ဂူမှ ထွက်ပေါက်ရှိနိုင်သည့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ လှိုဏ်ဂူအတွင်း ရှာဖွေမှုများ စတင်နေ

လူငယ် (၁၃)ဦး ပိတ်မိနေသည့် မယ်ဆိုင်ဂူမှ ထွက်ပေါက်ရှိနိုင်သည့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ လှိုဏ်ဂူအတွင်း ရှာဖွေမှုများ စတင်နေ
ဇှနျ 28, 2018
By Tachileik News Agency

လူငယ်(၁၃)ဦး ပိတ်မိနေသည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ လှိုဏ်ဂူ၏ ထွက်ပေါက်မှာ အိမ်နီးချင်း မြန်မာနိုင်ငံ တာချီလိတ်ခရိုင်အတွင်းရှိသည်ဟု ယူဆရသဖြင့် မြန်မာနိုင်ငံဘက်ခြမ်းတွင် ကူညီရှာဖွေမှုများ လုပ်ဆောင်ပေးရန် ထိုင်းနိုင်ငံတာဝန်ရှိသူများက ၂၀၁၈ ခုနှစ်၊ဇွန်လ (၂၈)ရက်နေ့တွင် ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် မြန်မာနိုင်ငံဘက်ခြမ်းမှ တာဝန်ရှိသူများက ရှာဖွေမှုများ စတင်နေပြီ ဖြစ်သည်။


ဇွန်လ (၂၈)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်ခရိုင်၏ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘမိုးမြင့် နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် အပါအ၀င်များ၊ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ နှင့် အလင်းရောင်ပရဟိတအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်း နှင့် လူမှုကူညီရေး အဖွဲ့များဖြင့် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်းရှိ ငွေစေတီကုန်း၏ လှိုဏ်ဂူတွင် ရှာဖွေမှုများကို စတင်နေပြီဖြစ်သည်။

မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးကို (၆)ရက်မြောက်နေ့အဖြစ် ထိုင်းနိုင်ငံအတွင်းမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာမှ ကူညီသူများပူးပေါင်းပြီး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေပြီး အိမ်နီးချင်း မြန်မာနိုင်ငံဘက်ခြမ်းတွင် ရှာဖွေရေးကိုလည်း ယနေ့စတင်လိုက်ခြင်းဖြစ်သည်။

သတင်း - #ချယ်ရီထိုက်
ဓါတ်ပုံ - #ဇောင်းညီ


~~~~~~~~⊰❂ unicode ~~~~~~~~


လူငယ်(၁၃)ဦး ပိတ်မိနေသည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ လှိုဏ်ဂူ၏ ထွက်ပေါက်မှာ အိမ်နီးချင်း မြန်မာနိုင်ငံ တာချီလိတ်ခရိုင်အတွင်းရှိသည်ဟု ယူဆရသဖြင့် မြန်မာနိုင်ငံဘက်ခြမ်းတွင် ကူညီရှာဖွေမှုများ လုပ်ဆောင်ပေးရန် ထိုင်းနိုင်ငံတာဝန်ရှိသူများက ၂၀၁၈ ခုနှစ်၊ဇွန်လ (၂၈)ရက်နေ့တွင် ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် မြန်မာနိုင်ငံဘက်ခြမ်းမှ တာဝန်ရှိသူများက ရှာဖွေမှုများ စတင်နပြေီ ဖြစ်သည်။

"ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပူးပေါင်းကူညီဖို့ အဆင်သင့်ရှိကြောင်း ထိုင်းနိုင်ငံဘက်ကို နှစ်နိုင်ငံနယ်ခြား ကော်မတီ (TBC) ချင်း ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့ရာမှာ အခုပဲ ထိုင်းဘက်ကနေ ကျွန်တော်တို့ဘက်ကို ဆက်သွယ် အကြောင်းကြားလာတာပါ။ သူတို့ပြောတာက ဒီတာချီလိတ်ဘက်မှာ အခုကျောင်းသားတွေ ပိတ်မိနေတဲ့ဂူရဲ့ထွက်ပေါက်ရှိတယ်လို့ ကြားတယ်ပေါ့။ ဒီတော့ မြန်မာဘက်က တာဝန်ရှိသူတွေအနေနဲ့ မြန်မာဘက်ခြမ်းကို သူတို့တွေ ရောက်လာသလားဆိုတာ ကူညီရှာဖွေပေးဖို့ပါ။ ကျွန်တော်တို့ ဒီဘက်က ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ဒီဒေသအကြောင်းသိတဲ့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး ရှာဖွေပေးဖို့ ဆောင်ရွက်နေပါပြီ”ဟု တာချီလိတ်ခရိုင်၏ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇွန်လ (၂၈)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်ခရိုင်၏ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘမိုးမြင့် နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် အပါအဝင်များ၊ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ နှင့် အလင်းရောင်ပရဟိတအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်း နှင့် လူမှုကူညီရေး အဖွဲ့များဖြင့် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်းရှိ ငွေစေတီကုန်း၏ လှိုဏ်ဂူတွင် ရှာဖွေမှုများကို စတင်နပြေီဖြစ်သည်။

မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးကို (၆)ရက်မြောက်နေ့အဖြစ် ထိုင်းနိုင်ငံအတွင်းမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာမှ ကူညီသူများပူးပေါင်းပြီး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နပြေီး အိမ်နီးချင်း မြန်မာနိုင်ငံဘက်ခြမ်းတွင် ရှာဖွေရေးကိုလည်း ယနေ့စတင်လိုက်ခြင်းဖြစ်သည်။

သတင်း - #ချယ်ရီထိုက်
ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~