ၿခိမ္းေျခာက္ေငြေတာင္းသည့္ ရႈေထာင့္ မႈခင္းသတင္းေထာက္ႏွင့္ အဖြဲ႕ဝင္ (၃) ဦးတို႔ကို ဖမ္းဆီးအေရးယူ

ၿခိမ္းေျခာက္ေငြေတာင္းသည့္ ရႈေထာင့္ မႈခင္းသတင္းေထာက္ႏွင့္ အဖြဲ႕ဝင္ (၃) ဦးတို႔ကို ဖမ္းဆီးအေရးယူ
ဇွန် 26, 2018
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဗန္းေမာက္ၿမိဳ႕နယ္တြင္ သစ္သယ္ယူသူမ်ားကို ၿခိမ္းေျခာက္ေငြေတာင္းသည့္ ရႈေထာင့္မႈခင္းသတင္းေထာက္ႏွင့္ အဖြဲ႕ဝင္(၃)ဦးတုိ႔ကို ဗန္းေမာက္ၿမိဳ႕မရဲစခန္း၌ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၅) ရက္ေန႔က ဖမ္းဆီးအေရးယူလိုက္ေၾကာင္း သိရသည္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဗန္းေမာက္ၿမိဳ႕နယ္၊ ေအာင္သာကုန္းေက်း႐ြာေန ဦးေအာင္ထြန္းသည္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၆) ရက္ေန႔ ည (၁၀)နာရီအခ်ိန္တြင္ နားေတာေက်း႐ြာေန ဦးသိန္းေ႐ႊ၊ ဦးစံတဲ၊ ဦးေမာင္အုန္းတို႔ႏွင့္အတူ နားေတာေက်း႐ြာ၊ မူလတန္းလြန္ေက်ာင္း စာေရးခုံမ်ားျပဳျပင္ရန္အတြက္ ပ်ဥ္တိုပ်ဥ္စပ်ဥ္ ေဟာင္းမ်ားအား ပရိေဘာဂဆိုင္သို႔ပို႔ရန္ တုန္းဖုန္းယာဥ္ျဖင့္ သယ္ေဆာင္လာစဥ္ ရႈေထာင့္မႈခင္းသတင္းေထာက္အမည္ပါ ဝတ္စုံ ဝတ္ဆင္ထားသူ(၁)ဦးအပါအဝင္ စုစုေပါင္း(၄)ဦးတို႔က ကား၊ ဆိုင္ကယ္တို႔ျဖင့္ ေရာက္ရွိလာၿပီး “အမႈလိုတယ္၊ ေငြမလိုဘူး။ တာဝန္ရွိသူေတြကို ပိုက္ဆံေပးထား သလား”ဟု ေျပာဆိုကာ ေထာင္ (၁၀)ႏွစ္ထိ က်ႏိုင္သည့္ ဥပေဒျဖင့္ ဖမ္းဆီးမည္ဟု ၿခိမ္းေျခာက္ကာ ဗန္းေမာက္ၿမိဳ႕၊ ျမနႏၵာရပ္ကြက္ရွိ လိပ္စာမသိ ဆိုင္းဘုတ္ေထာင္ထားသည့္ အေဆာက္အဦးအတြင္း ေခၚေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပ်ဥ္တို ပ်ဥ္စမ်ား သယ္ေဆာင္လာသူ ဦးေအာင္ထြန္းတို႔အဖြဲ႕အား အေဆာက္အဦးအတြင္း၌ ထိုင္ခိုင္းကာ ေဇာ္လင္းထြန္းဆိုသူက ၎သည္ ခ႐ိုင္သတင္းေထာက္ဥကၠဌ ျဖစ္ေၾကာင္းေျပာဆို၍ ဦးေအာင္ထြန္း၏ လြယ္အိတ္ကိုရွာေဖြကာ “မင္းတို႔အဖမ္းမခံရေအာင္ဘယ္လိုညႇိမလဲ”ဟု ေျပာဆိုခဲ့ရာ  ဦးေအာင္ထြန္းႏွင့္ အဖြဲ႕က ေငြ (၁)သိန္းက်ပ္ေပးေသာ္လည္း လက္မခံဘဲ ေငြ(၅)သိန္းက်ပ္ေပးရန္ေျပာသျဖင့္ ေငြ(၅)သိန္းက်ပ္ ထုတ္ေပးခဲ့ရေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ေဇာ္လင္းထြန္းပါ(၄)ဦးအား အေရးယူေပးရန္ ဗန္းေမာက္ၿမိဳ႕မရဲစခန္းတြင္ ဇြန္လ (၂၃) ရက္ေန႔၌ အမႈဖြင့္တုိင္ၾကားလာသျဖင့္ ရဲတပ္ဖြဲ႕က စစ္ေဆးေဖၚထုတ္ၿပီးေနာက္ ရႈေထာင့္မႈခင္း သတင္းေထာက္ျဖစ္သူ ေဇာ္လင္းထြန္းႏွင့္အတူ ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္ သူမ်ားျဖစ္ေသာ မိုးေက်ာ္ေက်ာ္ဦး၊ ရႈိင္းကိုကို(ခ) ကိုရႈိင္း၊ ျမင့္သူ(ခ)ျမမိုးတို႔အား ဇြန္လ (၂၅) ရက္ေန႔တြင္ အမႈျဖင့္ ဖမ္းဆီးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ထံမွ သက္ေသခံေငြက်ပ္ (၅)သိန္း၊ အခင္းျဖစ္စဥ္ ဝတ္ဆင္ခဲ့သည့္ ဝတ္စုံအပါအဝင္ ရႈေထာင့္မႈခင္း SHတံဆိပ္ပါ ပိကက္(၂)လုံး၊ SH သတင္းေထာက္ လက္ေမာင္းတံဆိပ္ပါ အနက္ေရာင္အက်ႌ (၂)ထည္၊ ရႈေထာင့္မႈခင္း SH တံဆိပ္ပါ အနက္ေရာင္ လက္တိုအက်ႌ(၂)ထည္၊ အနက္ေရာင္ေဘာင္းဘီရွည္(၂)ထည္၊ ျပစ္မႈက်ဴးလြန္ရာ၌အသုံးျပဳခဲ့ေသာ YGN-6F/8908 နံပါတ္ပါ NISSAN PRIMERA အနက္ေရာင္ ေမာ္ေတာ္ယာဥ္ (၁)စီးႏွင့္ နံပါတ္မပါ PANGBO-125 နီနက္က်ားဆိုင္ကယ္(၁)စီးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

မႈခင္းသတင္းေထာက္မ်ား အပါအဝင္ သတင္းေထာက္အသင္းဝင္မ်ား အေနျဖင့္ ႏိုင္ငံေတာ္လုံၿခဳံေရး အဖြဲ႕အစည္းမ်ားႏွင့္ အသြင္သ႑ာန္တူေသာ ဝတ္စုံမ်ားဝတ္ျခင္းႏွင့္ ဥပေဒမဲ့ေငြေၾကးေတာင္းခံျခင္း၊ အမႈမ်ားတြင္ အမႈလိုက္အက်ိဳးေဆာင္အျဖစ္လုပ္ကိုင္ျခင္း စသည့္ဥပေဒမဲ့လုပ္ရပ္မ်ား လုပ္ကိုင္ျခင္းတို႔ အေပၚ စိစစ္ေတြ႕ရွိပါက တည္ဆဲဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ (၁၇) ရက္ေန႔ကတစ္ႀကိမ္ႏွင့္ ဇြန္လ (၁၆)ရက္ေန႔တုိ႔တြင္ အသိေပးေၾကညာထားျခင္း ျဖစ္သည္။

မႈခင္းက်ဆင္းေရး ပရဟိတကူညီေရးအဖြဲ႕၊ ေနျပည္ေတာ္တုိင္းမ္ဂ်ာနယ္အမည္ျဖင့္ မႈခင္းသတင္းေထာက္ အသင္း အစရိွသည့္ အသင္းအဖြဲ႕မ်ားက သတင္းမီဒီယာအမည္ ယူထားေသာ္လည္း တရားမဝင္ လုပ္ငန္းမ်ားထံမွ ေငြေတာင္းခံျခင္း၊ ေငြညႇစ္ျခင္းစသည္တုိ႔ အပါအဝင္ သတင္းသမားက်င့္ဝတ္ ေဖါက္ဖ်က္ကာ လုပ္ေဆာင္မႈမ်ားႏွင့္ ပတ္သက္၍ ေဒသအသီးသီးမွ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီသို႔ တုိင္ၾကားမႈမ်ား ရိွလာေနေၾကာင္းႏွင့္ သတင္းမီဒီယာက်င့္ဝတ္အရ မီဒီယာလုပ္ငန္းလုပ္ကိုင္သူမ်ားသည္ ရဲတပ္ဖြဲ႕ႏွင့္ အျခားအာဏာပိုင္ အဖြဲ႕အစည္းမ်ား၏ သတင္းေပးအျဖစ္ ေဆာင္ရြက္ျခင္းမျပဳရဆိုသည့္ အခ်က္ပါဝင္ေနရာ ျပည္ထဲေရးဝန္ႀကီးဌာနအေနျဖင့္ MCRA အား ရဲတပ္ဖြဲ႕၏ အရန္အင္အားအျဖစ္ အမွန္တကယ္ အသိအမွတ္ျပဳထားပါက သတင္းေထာက္အဖြဲ႕အစည္းအျဖစ္ တြဲဖက္အသိအမွတ္ မျပဳသင့္ေၾကာင္းႏွင့္ ၎တို႔၏ အသင္းဝင္မ်ား အေနျဖင့္ ဥပေဒျပင္ပမွ လုပ္ေဆာင္ေနမႈမ်ားကို စိစစ္ထိန္းေက်ာင္းႏုိင္ရန္ ျပည္ထဲေရးဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီးထံသို႔ ျမန္မာႏုိင္ငံသတင္း မီဒီယာေကာင္စီက ၂၀၁၈ ခုႏွစ္ ေမလ (၁၇)ရက္ေန႔တြင္ တင္ျပထားခဲ့ျခင္းျဖစ္သည္။

အဆိိုပါ တင္ျပခ်က္ႏွင့္ ပတ္သက္၍ ျပည္ထဲေရးဝန္ႀကီးဌာနက တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ စိစစ္မႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ သတင္းရယူေဆာင္႐ြက္ရာတြင္ ဥပေဒႏွင့္ မညီေသာ ျပဳလုပ္မႈမ်ားေၾကာင့္ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းမ်ားမွ ေက်နပ္မႈ မရွိသျဖင့္ တိုင္းေဒသႀကီး/ ျပည္နယ္မ်ား အလိုက္ တည္ဆဲဥပေဒမ်ားအရ အေရးယူေပးရန္ တိုင္ၾကားမႈ (၁၂) မႈ ရွိခဲ့ၿပီး သတင္းေထာက္ (၁၅) ဦး၊ မီဒီယာ အသင္း၀င္ (၁) ဦး စုစုေပါင္း (၁၆) ဦးတို႔အား အေရးယူခဲ့ရေၾကာင္း စိစစ္ေတြ႕ရွိရသည္ဟု ျပည္ထဲေရးဝန္ႀကီးဌာန၏ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၆) ရက္ေန႔ ထုတ္ျပန္ခ်က္အရ သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - ျပည္ထဲေရး


~~~~~~~~⊰❂ unicode ~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် သစ်သယ်ယူသူများကို ခြိမ်းခြောက်ငွေတောင်းသည့် ရှုထောင့်မှုခင်းသတင်းထောက်နှင့် အဖွဲ့ဝင်(၃)ဦးတို့ကို ဗန်းမောက်မြို့မရဲစခန်း၌ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့က ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ အောင်သာကုန်းကျေးရွာနေ ဦးအောင်ထွန်းသည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့ ည (၁၀)နာရီအချိန်တွင် နားတောကျေးရွာနေ ဦးသိန်းရွှေ၊ ဦးစံတဲ၊ ဦးမောင်အုန်းတို့နှင့်အတူ နားတောကျေးရွာ၊ မူလတန်းလွန်ကျောင်း စာရေးခုံများပြုပြင်ရန်အတွက် ပျဉ်တိုပျဉ်စပျဉ် ဟောင်းများအား ပရိဘောဂဆိုင်သို့ပို့ရန် တုန်းဖုန်းယာဉ်ဖြင့် သယ်ဆောင်လာစဉ် ရှုထောင့်မှုခင်းသတင်းထောက်အမည်ပါ ဝတ်စုံ ဝတ်ဆင်ထားသူ(၁)ဦးအပါအဝင် စုစုပေါင်း(၄)ဦးတို့က ကား၊ ဆိုင်ကယ်တို့ဖြင့် ရောက်ရှိလာပြီး “အမှုလိုတယ်၊ ငွေမလိုဘူး။ တာဝန်ရှိသူတွေကို ပိုက်ဆံပေးထား သလား”ဟု ပြောဆိုကာ ထောင် (၁၀)နှစ်ထိ ကျနိုင်သည့် ဥပဒဖြေင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ ဗန်းမောက်မြို့၊ မြနန္ဒါရပ်ကွက်ရှိ လိပ်စာမသိ ဆိုင်းဘုတ်ထောင်ထားသည့် အဆောက်အဦးအတွင်း ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျဉ်တို ပျဉ်စများ သယ်ဆောင်လာသူ ဦးအောင်ထွန်းတို့အဖွဲ့အား အဆောက်အဦးအတွင်း၌ ထိုင်ခိုင်းကာ ဇော်လင်းထွန်းဆိုသူက၎င်းသည် ခရိုင်သတင်းထောက်ဥက္ကဌ ဖြစ်ကြောင်းပြောဆို၍ ဦးအောင်ထွန်း၏ လွယ်အိတ်ကိုရှာဖွေကာ “မင်းတို့အဖမ်းမခံရအောင်ဘယ်လိုညှိမလဲ”ဟု ပြောဆိုခဲ့ရာ ဦးအောင်ထွန်းနှင့် အဖွဲ့က ငွေ (၁)သိန်းကျပ်ပေးသော်လည်း လက်မခံဘဲ ငွေ(၅)သိန်းကျပ်ပေးရန်ပြောသဖြင့် ငွေ(၅)သိန်းကျပ် ထုတ်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဇော်လင်းထွန်းပါ(၄)ဦးအား အရေးယူပေးရန် ဗန်းမောက်မြို့မရဲစခန်းတွင် ဇွန်လ (၂၃) ရက်နေ့၌ အမှုဖွင့်တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်ပြီးနောက် ရှုထောင့်မှုခင်း သတင်းထောက်ဖြစ်သူ ဇော်လင်းထွန်းနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင် သူများဖြစ်သော မိုးကျော်ကျော်ဦး၊ ရှိုင်းကိုကို(ခ) ကိုရှိုင်း၊ မြင့်သူ(ခ)မြမိုးတို့အား ဇွန်လ (၂၅) ရက်နေ့တွင် အမှုဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ထံမှ သက်သေခံငွေကျပ် (၅)သိန်း၊ အခင်းဖြစ်စဉ် ဝတ်ဆင်ခဲ့သည့် ဝတ်စုံအပါအဝင် ရှုထောင့်မှုခင်း SHတံဆိပ်ပါ ပိကက်(၂)လုံး၊ SH သတင်းထောက် လက်မောင်းတံဆိပ်ပါ အနက်ရောင်အင်္ကျီ (၂)ထည်၊ ရှုထောင့်မှုခင်း SH တံဆိပ်ပါ အနက်ရောင် လက်တိုအင်္ကျီ(၂)ထည်၊ အနက်ရောင်ဘောင်းဘီရှည်(၂)ထည်၊ ပြစ်မှုကျူးလွန်ရာ၌အသုံးပြုခဲ့သော YGN-6F/8908 နံပါတ်ပါ NISSAN PRIMERA အနက်ရောင် မော်တော်ယာဉ် (၁)စီးနှင့် နံပါတ်မပါ PANGBO-125 နီနက်ကျားဆိုင်ကယ်(၁)စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မှုခင်းသတင်းထောက်များ အပါအဝင် သတင်းထောက်အသင်းဝင်များ အနဖြေင့် နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများနှင့် အသွင်သဏ္ဍာန်တူသော ဝတ်စုံများဝတ်ခြင်းနှင့် ဥပဒေမဲ့ငွေကြေးတောင်းခံခြင်း၊ အမှုများတွင် အမှုလိုက်အကျိုးဆောင်အဖြစ်လုပ်ကိုင်ခြင်း စသည့်ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့ အပေါ် စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့ကတစ်ကြိမ်နှင့် ဇွန်လ (၁၆)ရက်နေ့တို့တွင် အသိပေးကြေညာထားခြင်း ဖြစ်သည်။

မှုခင်းကျဆင်းရေး ပရဟိတကူညီရေးအဖွဲ့၊ နပြေည်တော်တိုင်းမ်ဂျာနယ်အမည်ဖြင့် မှုခင်းသတင်းထောက် အသင်း အစရှိသည့် အသင်းအဖွဲ့များက သတင်းမီဒီယာအမည် ယူထားသော်လည်း တရားမဝင် လုပ်ငန်းများထံမှ ငွေတောင်းခံခြင်း၊ ငွေညှစ်ခြင်းစသည်တို့ အပါအဝင် သတင်းသမားကျင့်ဝတ် ဖောက်ဖျက်ကာ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဒေသအသီးသီးမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားမှုများ ရှိလာနေကြောင်းနှင့် သတင်းမီဒီယာကျင့်ဝတ်အရ မီဒီယာလုပ်ငန်းလုပ်ကိုင်သူများသည် ရဲတပ်ဖွဲ့နှင့် အခြားအာဏာပိုင် အဖွဲ့အစည်းများ၏ သတင်းပေးအဖြစ် ဆောင်ရွက်ခြင်းမပြုရဆိုသည့် အချက်ပါဝင်နေရာ ပြည်ထဲရေးဝန်ကြီးဌာနအနဖြေင့် MCRA အား ရဲတပ်ဖွဲ့၏ အရန်အင်အားအဖြစ် အမှန်တကယ် အသိအမှတ်ပြုထားပါက သတင်းထောက်အဖွဲ့အစည်းအဖြစ် တွဲဖက်အသိအမှတ် မပြုသင့်ကြောင်းနှင့်၎င်းတို့၏ အသင်းဝင်များ အနဖြေင့် ဥပဒပြေင်ပမှ လုပ်ဆောင်နေမှုများကို စိစစ်ထိန်းကျောင်းနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးထံသို့ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက ၂၀၁၈ ခုနှစ် မေလ (၁၇)ရက်နေ့တွင် တင်ပြထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တင်ပြချက်နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စိစစ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် သတင်းရယူဆောင်ရွက်ရာတွင် ဥပဒေနှင့် မညီသော ပြုလုပ်မှုများကြောင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ ကျေနပ်မှု မရှိသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် တည်ဆဲဥပဒေများအရ အရေးယူပေးရန် တိုင်ကြားမှု (၁၂) မှု ရှိခဲ့ပြီး သတင်းထောက် (၁၅) ဦး၊ မီဒီယာ အသင်းဝင် (၁) ဦး စုစုပေါင်း (၁၆) ဦးတို့အား အရေးယူခဲ့ရကြောင်း စိစစ်တွေ့ရှိရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - ပြည်ထဲရေး 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~