မကွေးတိုင်းဒေသကြီးအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသူများအား ကူညီနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနက ကွင်းဆင်းဝန်ထမ်း ၁၃ ဦးထားရှိ

မကွေးတိုင်းဒေသကြီးအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသူများအား ကူညီနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနက ကွင်းဆင်းဝန်ထမ်း ၁၃ ဦးထားရှိ
ဇှနျ 8, 2018
By Tachileik News Agency


"ကျွန်မတို့ဌာနက တိုင်းအဆင့်ပဲရှိတဲ့အတွက် သက်ငယ်မုဒိမ်းမှုဖြစ်ပွားရာ တိုင်းအတွင်းမှာရှိတဲ့မြို့နယ်၊ ကျေးရွာအသီးသီးကို အချိန်မီသွားရောက်နိုင်ရေးအတွက် အခက်အခဲရှိပေမဲ့ ဌာနဆိုင်ရာများ၊ INGO များနှင့် ပူးပေါင်းချိတ်ဆက်ပေးနိုင်ဖို့အတွက် Case Manager (ကွင်းဆင်းဝန်ထမ်း)(၁၃) ဦးကို မြို့နယ်အလိုက် တာဝန်ချပေးထားပါတယ်" ဟု မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန်က ပြောသည်။



သက်ငယ်မုဒိမ်းမှု ပေါ်ပေါက်ပါက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကျူးလွန်ခံရသော ကလေးအတွက် တရားရေးဆိုင်ရာ ကိစ္စရပ်များ ရဲစခန်းနှင့်ဆက်နွှယ်သည့် ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်း မာရေးဆိုင်ရာ ကိစ္စရပ်များကို ဌာနမှ တိုက်ရိုက်သော် လည်းကောင်း၊ သက်ဆိုင်ရာ INGO အဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပေး၍သော် လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တိုင်ကြားလာသည့် အမှုများအား ဌာနမှ ဆောင်ရွက်ပေးနေရာ ၂၀၁၇ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှု (၃၂)မှု ဌာနသို့ တိုင်ကြားလာ၍ ကူညီဆောင်ရွက်ထောက်ပံ့ပေးထားကြောင်း သိရသည်။

ပြည်သူ့စကားဝိုင်းတွင် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာများကို ရှင်းလင်း၍ သက်ငယ် မုဒိမ်းမှုအား ကာကွယ်နိုင်ရန် အဖော်မဲ့ သွားလာခြင်းမျိုး ရှောင်ရှား၍ ဖြစ်ပွားမည့် အ ရိပ်အယောင် တွေ့ရှိပါက ရပ်ရွာလူထုမှ ကာကွယ်မှုပေးခြင်း၊ မိဘအုပ်ထိန်းသူအနေဖြင့် ကလေးကိုတစ် ယောက်တည်း ထားရှိခြင်းမျိုး မပြုဘဲ တစ်ဦးတည်းအပေါ်တွင် ယုံကြည်၍ အပ်နှံထားခဲ့ခြင်းမျိုးမှလည်း ရှောင်ရှားခြင်း၊ ကလေးကို ထိတွေ့ မခံသင့်သည့် မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ရှင်းလင်းပြောပြပြီး ထိတွေ့မှု ရှိလာပါက အော်ဟစ်ငြင်းဆန်ခြင်း၊ လူကြီးမိဘများအား အသိပေးတိုင်တန်းခြင်းပြုရန် သင်ကြား ပေးထားခြင်းတို့ ဆောင်ရွက်သင့်ကြောင်း ဦးဆောင်ဆွေးနွေးသူများက ဆွေးနွေးကြကြောင်း သိရသည်။

သတင်း -  ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ၊ INGO များနှင့် ပူးပေါင်းချိတ်ဆက်ပေးနိုင်မည့် ကွင်းဆင်းဝန်ထမ်း (၁၃) ဦးကို မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ်အလိုက် တာဝန်ချထားပေးထားကြောင်းအား မကွေးမြို့တွင် လူမှုအသိုင်းအဝိုင်းနှင့် သက်ငယ်မုဒိမ်းခေါင်းစဉ်ဖြင့် ကျင်းပသည့် ပြည်သူ့စကားဝိုင်းမှ သိရသည်။

"ကျွန်မတို့ဌာနက တိုင်းအဆင့်ပဲရှိတဲ့အတွက် သက်ငယ်မုဒိမ်းမှုဖြစ်ပွားရာ တို်င်းအတွင်းမှာရှိတဲ့မြို့နယ်၊ ကျေးရွာအသီးသီးကို အချိန်မီသွားရောက်နို်င်ရေးအတွက် အခက်အခဲရှိပေမဲ့ ဌာနဆိုင်ရာများ၊ INGO များနှင့် ပူးပေါင်းချိတ်ဆက်ပေးနိုင်ဖို့အတွက် Case Manager (ကွင်းဆင်းဝန်ထမ်း)(၁၃) ဦးကို မြို့နယ်အလိုက် တာဝန်ချပေးထားပါတယ်" ဟု မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန္ဒါနွယ်ဟန်က ပြောသည်။

မကွေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၁၈ ခုနှစ် ဇွန်လ(၈)ရက်နေ့၌ လူမှုအသိုင်းအဝိုင်းနှင့် သက်ငယ်မုဒိမ်း ခေါင်းစဉ်ဖြင့် ကျင်းပသည့် ပြည်သူ့စကားဝိုင်းတွင် ပြောလိုက်ခြင်း ဖြစ်သည်။

"၂၀၁၇ ဘက်ဂျက်နှစ်ကစပြီး သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး ငွေကြေးထောက်ပံ့မှု အစီအစဉ်ပါ ရှိလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ကျူးလွန်ခံရတဲ့ ကလေးမိဘတွေ အရေးပေါ်ကိစ္စအတွက် သုံးစွဲနိုင်ဖို့ တစ်ဦးကို ကျပ်တစ်သိန်းနှုန်းနဲ့ (၂၂)ဦး ထောက်ပံ့ပေးခဲ့ပြီး မီးဖွားတဲ့အဆင့်ကိုရောက်ရှိသွားသူများအတွက် တစ်ဦးကို ကျပ်(၅)သိန်းနှုန်းနဲ့ (၉)ဦးထောက်ပံ့ပေးခဲ့ရပါတယ်"ဟု ဒေါ်နန္ဒါနွယ်ဟန်က ပြောသည်။

သက်ငယ်မုဒိမ်းမှု ပေါ်ပေါက်ပါက လူမှုဝန်ထမ်းဦးစီးဌာနအနဖြေင့် ကျူးလွန်ခံရသော ကလေးအတွက် တရားရေးဆိုင်ရာ ကိစ္စရပ်များ ရဲစခန်းနှင့်ဆက်နွှယ်သည့် ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်း မာရေးဆိုင်ရာ ကိစ္စရပ်များကို ဌာနမှ တိုက်ရိုက်သော် လည်းကောင်း၊ သက်ဆို်င်ရာ INGO အဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပေး၍သော် လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တို်င်ကြားလာသည့် အမှုများအား ဌာနမှ ဆောင်ရွက်ပေးနေရာ ၂၀၁၇ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှု (၃၂)မှု ဌာနသို့ တိုင်ကြားလာ၍ ကူညီဆောင်ရွက်ထောက်ပံ့ပေးထားကြောင်း သိရသည်။

ပြည်သူ့စကားဝိုင်းတွင် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာများကို ရှင်းလင်း၍ သက်ငယ် မုဒိမ်းမှုအား ကာကွယ်နိုင်ရန် အဖော်မဲ့ သွားလာခြင်းမျိုး ရှောင်ရှား၍ ဖြစ်ပွားမည့် အ ရိပ်အယောင် တွေ့ရှိပါက ရပ်ရွာလူထုမှ ကာကွယ်မှုပေးခြင်း၊ မိဘအုပ်ထိန်းသူအနဖြေင့် ကလေးကိုတစ် ယောက်တည်း ထားရှိခြင်းမျိုး မပြုဘဲ တစ်ဦးတည်းအပေါ်တွင် ယုံကြည်၍ အပ်နှံထားခဲ့ခြင်းမျိုးမှလည်း ရှောင်ရှားခြင်း၊ ကလေးကို ထိတွေ့ မခံသင့်သည့် မိမိ၏ ခန္ဓာကိုယ်အစိတ်အပို်င်းများအား ရှင်းလင်းပြောပြပြီး ထိတွေ့မှု ရှိလာပါက အော်ဟစ်ငြင်းဆန်ခြင်း၊ လူကြီးမိဘများအား အသိပေးတိုင်တန်းခြင်းပြုရန် သင်ကြား ပေးထားခြင်းတို့ ဆောင်ရွက်သင့်ကြောင်း ဦးဆောင်ဆွေးနွေးသူများက ဆွေးနွေးကြကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~