က်ိဳင္းတံု ပန္စြန္ရြာအနီး မူးယစ္သတင္းေက်ာ္ေဇာသည့္ ေနရာတြင္ လူငယ္တစ္ဦးအား စိတ္ၾကြေဆးျပားမ်ားျဖင့္ ဖမ္းမိ

က်ိဳင္းတံု ပန္စြန္ရြာအနီး မူးယစ္သတင္းေက်ာ္ေဇာသည့္ ေနရာတြင္ လူငယ္တစ္ဦးအား စိတ္ၾကြေဆးျပားမ်ားျဖင့္ ဖမ္းမိ
ဇွန် 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ မုိင္းဇင္းေက်းရြာအုပ္စု၊ ပန္စြန္ရြာအနီး ဝါးရံုေတာတြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၃)ရက္ေန႔ နံနက္(၁၀)နာရီခြဲ၌ ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးရာ အမ်ိဳးသားတစ္ဦးအား စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

သက္ေသမ်ားႏွင့္အတူ ပန္စြန္ရြာအနီး ဝါးရံုေတာတြင္ မူးယစ္ေဆးဝါးေရာင္းဝယ္သူမ်ားရိွေနေၾကာင္း သတင္းအရ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ဝင္ေရာက္ရွာေဖြရာ စိုင္းရွဲန္တစ္(ခ) အုိက္ရွဲန္အား ေတြ႔ရၿပီး ထြက္ေျပးရန္ ႀကိဳးစားစဥ္ ဖမ္းဆီးရမိၿပီး ၎ထံမွ စိတ္ၾကြရူးသြပ္ေဆးျပား (၅၀)ျပားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၂၈)ႏွစ္အရြယ္ စိုင္းရွဲန္တစ္(ခ)အုိက္ရွဲန္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၈၇/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်စွန်ရွာအနီး ဝါးရုံတောတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့ နံနက်(၁၀)နာရီခွဲ၌ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

သက်သေများနှင့်အတူ ပန်စွန်ရွာအနီး ဝါးရုံတောတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူများရှိနေကြောင်း သတင်းအရ ကျိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဝင်ရောက်ရှာဖွေရာ စိုင်းရှဲန်တစ်(ခ) အိုက်ရှဲန်အား တွေ့ရပြီး ထွက်ပြေးရန် ကြိုးစားစဉ် ဖမ်းဆီးရမိပြီး၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၅၀)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၈)နှစ်အရွယ် စိုင်းရှဲန်တစ်(ခ)အိုက်ရှဲန်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၈၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~