ပင္ေလာင္းတြင္ ညီျဖစ္သူက အစ္ကိုအား သတ္ၿပီး သၿဂဳႋလ္ထားမႈကို အေလာင္းျပန္ေဖၚ စစ္ေဆးေန

ပင္ေလာင္းတြင္ ညီျဖစ္သူက အစ္ကိုအား သတ္ၿပီး သၿဂဳႋလ္ထားမႈကို အေလာင္းျပန္ေဖၚ စစ္ေဆးေန
ဇွန် 27, 2018
By Tachileik News Agency

ပင္ေလာင္းတြင္ ညီျဖစ္သူက အစ္ကိုအား သတ္ၿပီး သၿဂဳႋလ္ထားမႈကို အေလာင္းျပန္ေဖၚ စစ္ေဆးေန
ရွမ္းျပည္နယ္( ေတာင္ပိုင္း) ပင္ေလာင္းၿမိဳ႕နယ္၊ စင္းေတာင္းေက်းရြာအုပ္စု၊ ထီတလီေက်းရြာတြင္ ညီျဖစ္သူက အစ္ကိုျဖစ္သူအား လြန္ခဲ့သည့္လက သတ္၍ သၿဂိဳလ္ထားသျဖင့္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၇)ရက္ေန႔တြင္ သက္ဆိုင္ရာတာဝန္ရိွသူမ်ားက ျပန္လည္ တူးေဖၚစစ္ေဆးေနေၾကာင္း သိရသည္။

ထီတလီေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ မတ္လ (၈)ရက္ေန႔က ဦးတီးေပဆိုသူသည္ အရက္အလြန္အကၽြံ ေသာက္စားကာ ဝက္ရူးျပန္ေရာဂါထၿပီး ေနအိမ္တြင္ ေသဆံုးသြားေၾကာင္း ေက်းရြာသူႀကီး ဦးသက္ထြန္းႏိုင္ထံ သတင္းပို႔သျဖင့္ ရြာသားမ်ားႏွင့္အတူ သြားေရာက္ၾကည့္ရႈကာ ယင္းေန႔မွာပင္ ဦးတီးေပအား သၿဂိဳလ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးတီးေပ ေသဆံုးျခင္းမွာ ၎၏ ညီျဖစ္သူ ဆိုးေပႏွင့္ စကားမ်ားရန္ျဖစ္ၿပီး အိမ္အေပၚထပ္မွ ျပဳတ္က်ေသဆံုးေၾကာင္း ေက်းရြာသားမ်ား၏ ေျပာစကားအရ သိရသျဖင့္ ေက်းရြာသူႀကီး ဦးသက္ထြန္းႏုိင္က ျဖစ္စဥ္အား စံုစမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးတီးေပသည္ မတ္လ (၂၇)ရက္ေန႔ ည(၁၀)နာရီခန္႔တြင္ အရက္အလြန္အကၽြံေသာက္ကာ ညီျဖစ္သူႏွင့္ စကားမ်ား ရန္ျဖစ္၍ ညီျဖစ္သူ ဆိုးေပက ဦးတီးေပအား လက္သီးျဖင့္ ထိုးႀကိတ္၊ သံတူရြင္းျဖင့္ ရိုက္လိုက္ရာ ဦးေခါင္းတြင္ ဒဏ္ရာရၿပီး ေနအိမ္ အေပၚထပ္မွ ေလွကားအတိုင္း ျပဳတ္က်ေသဆံုးသြားျခင္းျဖစ္ေၾကာင္း ဇြန္လ (၂၆)ရက္ေန႔တြင္ စစ္ေဆးသိရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်းရြာသူႀကီး ဦးသက္ထြန္းႏုိင္က အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ အေရးယူေပးပါရန္ ပင္ေလာင္းၿမိဳ႕မ ရဲစခန္းသို႔ ဇြန္လ (၂၆)ရက္ေန႔တြင္ တုိင္ၾကားလာသျဖင့္ (ပ)၂၈/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၂၀၁ ျဖင့္ အမႈဖြင့္ကာ ဆိုးေပအား ဖမ္းဆီးစစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)



~~~~~~~~⊰❂ unicode ~~~~~~~~

ပင်လောင်းတွင် ညီဖြစ်သူက အစ်ကိုအား သတ်ပြီး သင်္ဂြိုလ်ထားမှုကို အလောင်းပြန်ဖော် စစ်ဆေးနေ
ရှမ်းပြည်နယ်( တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာအုပ်စု၊ ထီတလီကျေးရွာတွင် ညီဖြစ်သူက အစ်ကိုဖြစ်သူအား လွန်ခဲ့သည့်လက သတ်၍ သဂြိုလ်ထားသဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် တူးဖော်စစ်ဆေးနေကြောင်း သိရသည်။

ထီတလီကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ မတ်လ (၈)ရက်နေ့က ဦးတီးပေဆိုသူသည် အရက်အလွန်အကျွံ သောက်စားကာ ဝက်ရူးပြန်ရောဂါထပြီး နေအိမ်တွင် သေဆုံးသွားကြောင်း ကျေးရွာသူကြီး ဦးသက်ထွန်းနိုင်ထံ သတင်းပို့သဖြင့် ရွာသားများနှင့်အတူ သွားရောက်ကြည့်ရှုကာ ယင်းနေ့မှာပင် ဦးတီးပေအား သဂြိုလ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးတီးပေ သေဆုံးခြင်းမှာ၎င်း၏ ညီဖြစ်သူ ဆိုးပေနှင့် စကားများရန်ဖြစ်ပြီး အိမ်အပေါ်ထပ်မှ ပြုတ်ကျသေဆုံးကြောင်း ကျေးရွာသားများ၏ ပြောစကားအရ သိရသဖြင့် ကျေးရွာသူကြီး ဦးသက်ထွန်းနိုင်က ဖြစ်စဉ်အား စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးတီးပေသည် မတ်လ (၂၇)ရက်နေ့ ည(၁၀)နာရီခန့်တွင် အရက်အလွန်အကျွံသောက်ကာ ညီဖြစ်သူနှင့် စကားများ ရန်ဖြစ်၍ ညီဖြစ်သူ ဆိုးပေက ဦးတီးပေအား လက်သီးဖြင့် ထိုးကြိတ်၊ သံတူရွင်းဖြင့် ရိုက်လိုက်ရာ ဦးခေါင်းတွင် ဒဏ်ရာရပြီး နေအိမ် အပေါ်ထပ်မှ လှေကားအတိုင်း ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း ဇွန်လ (၂၆)ရက်နေ့တွင် စစ်ဆေးသိရှိရခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာသူကြီး ဦးသက်ထွန်းနိုင်က အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူပေးပါရန် ပင်လောင်းမြို့မ ရဲစခန်းသို့ ဇွန်လ (၂၆)ရက်နေ့တွင် တိုင်ကြားလာသဖြင့် (ပ)၂၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ကာ ဆိုးပေအား ဖမ်းဆီးစစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~