မိုင်းယောင်းမြို့၌ ပထမဆုံးအကြိမ် ကျင်းပသည့် ပြည်သူ့စကားဝိုင်းတွင် ဒေသတွင်း မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ပေးရေး အစီအစဉ်ကို ဒေသခံများ မေးမြန်း ဆွေးနွေး

မိုင်းယောင်းမြို့၌ ပထမဆုံးအကြိမ် ကျင်းပသည့် ပြည်သူ့စကားဝိုင်းတွင် ဒေသတွင်း မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ပေးရေး အစီအစဉ်ကို ဒေသခံများ မေးမြန်း ဆွေးနွေး
ဇှနျ 8, 2018
By Tachileik News Agency




အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မိုင်းယောင်းမြို့နယ်မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်က အမျိုးသားရေးတာဝန်အကြောင်းကို လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက မူးယစ်ဆေးဝါးပပျောက်ရေး မဟာဗျူဟာ နည်းဗျူဟာအကြောင်းကိုလည်းကောင်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး အောင်နိုင်ဝင်းက မူးယစ်ဆေးဝါးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းသိန်းက လူငယ်နှင့် မူးယစ်ဆေးဝါးအကြောင်းကိုလည်းကောင်း၊ မြို့နယ်တရားသူကြီး ဦးမျိုးသိန်းဦးက မူးယစ်ဆေးဝါး သမိုင်းကြောင်းကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးစိုင်းသီဟက မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပြစ်ဒဏ်များ အကြောင်းကိုလည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် ဒေသတွင်းမှ မူးယစ်ဆေးစွဲနေသူများ ဆေးဖြတ်ပေးနိုင်ရေး အစီအစဉ်များ အကြောင်း မေးမြန်းခဲ့ကြကြောင်း သိရသည်။


တာချီလိတ်ခရိုင်တစ်ခုလုံးအနေဖြင့် တာချီလိတ်မြို့တွင် မြို့ပေါ်၌ (၁)ကြိမ်၊ ကျေးရွာ၌ (၁)ကြိမ် စုစုပေါင်း (၂)ကြိမ်ကျင်းပခဲ့ပြီး မိုင်းယောင်း၊ မိုင်းယုမြို့တွင် တစ်ကြိမ်စီကျင်းပခဲ့ပြီးဖြစ်ရာ စုစုပေါင်း (၄)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး မကြာမီကာလများတွင် တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းဖြတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့များတွင်လည်း ပြည်သူ့စကားဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ကျင်းပသည့် လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် မူးယစ်ဆေးဖြတ်ပေးနိုင်မည့် အစီအစဉ်များကို ဒေသခံများက မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းအား ၂၀၁၈ ခုနှစ် ဇွန်လ (၈) ရက်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်သူ စုစုပေါင်း (၁၅၀)ဦးရှိကြောင်း သိရသည်။

“မိုင်းယောင်းမြို့နယ်အတွင်းက မူးယစ်ဆေးဖြတ်ချင်သူများရှိရင် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးတွေကို စာရင်းပေးပါ။ ရပ်/ကျေးတွေကနေ မြို့နယ်ထွေအုပ်ကို တင်ပြပြီးရင် ကျွန်တော်တို့ကနေ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအဖွဲ့ကို တင်ပြပြီးမှ ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပါမယ်”ဟု မိုင်းယောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက မူးယစ်ဆေးဖြတ်ပေးနိုင်မည့် အစီအစဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦး၏ ဆွေးနွေးမှုများ ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မိုင်းယောင်းမြို့နယ်မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်က အမျိုးသားရေးတာဝန်အကြောင်းကို လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက မူးယစ်ဆေးဝါးပပျောက်ရေး မဟာဗျူဟာ နည်းဗျူဟာအကြောင်းကိုလည်းကောင်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး အောင်နိုင်ဝင်းက မူးယစ်ဆေးဝါးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းသိန်းက လူငယ်နှင့် မူးယစ်ဆေးဝါးအကြောင်းကိုလည်းကောင်း၊ မြို့နယ်တရားသူကြီး ဦးမျိုးသိန်းဦးက မူးယစ်ဆေးဝါး သမိုင်းကြောင်းကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးစိုင်းသီဟက မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒပြေစ်ဒဏ်များ အကြောင်းကိုလည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် ဒေသတွင်းမှ မူးယစ်ဆေးစွဲနေသူများ ဆေးဖြတ်ပေးနိုင်ရေး အစီအစဉ်များ အကြောင်း မေးမြန်းခဲ့ကြကြောင်း သိရသည်။

ပြည်သူ့စကားဝိုင်းသို့ မိုင်းယောင်းမြို့နယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မျိုးဆက်သစ်ရောင်နီ ပရဟိတလူမှုကူညီရေးအသင်း၊ စာပေချစ်မြတ်နိုးသူ BOOK CLUB၊ YOUTH CKUB အသင်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

တာချီလိတ်ခရိုင်တစ်ခုလုံးအနဖြေင့် တာချီလိတ်မြို့တွင် မြို့ပေါ်၌ (၁)ကြိမ်၊ ကျေးရွာ၌ (၁)ကြိမ် စုစုပေါင်း (၂)ကြိမ်ကျင်းပခဲ့ပြီး မိုင်းယောင်း၊ မိုင်းယုမြို့တွင် တစ်ကြိမ်စီကျင်းပခဲ့ပြီးဖြစ်ရာ စုစုပေါင်း (၄)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး မကြာမီကာလများတွင် တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းဖြတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့များတွင်လည်း ပြည်သူ့စကားဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~