ပခုကၠဴၿမဳိ႕နယ္တြင္ ကန္ေတာ္ဆည္ ေရပိုလႊဲ က်ဳိးေပါက္မႈ ျဖစ္ပြား

ပခုကၠဴၿမဳိ႕နယ္တြင္ ကန္ေတာ္ဆည္ ေရပိုလႊဲ က်ဳိးေပါက္မႈ ျဖစ္ပြား
ဇွန် 6, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ပခုကၠဴၿမဳိ႕နယ္၊ ကန္ေတာ္ေက်းရြာရွိ ကန္ေတာ္ဆည္ေျမသားေရေလွာင္ကန္၏ ေရပိုလႊဲမွာ ၂၀၁၈ ခုႏွစ္ ဇြန္လ (၆)ရက္ေန႔ နံနက္(၅)နာရီဝန္းက်င္က က်ိဳးေပါက္သြား၍ ပခုကၠဴ- ကမၼ ကားလမ္းပိုင္းတြင္ လမ္းပိတ္ဆို႔မႈမ်ားျဖစ္ပြားေနေၾကာင္း ပခုကၠဴၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

အဆိုပါ ေရေလွာင္ကန္က်ိဳးေပါက္မႈေၾကာင့္ ကန္ေအာက္ပိုင္းရွိေက်းရြာမ်ား အႏၱရာယ္ မက်ေရာက္ေစေရးအတြက္ ေရေၾကာင္းေျပာင္းလြဲေစရန္ ကန္ေဘာင္အား သဲအိတ္မ်ားျဖင့္ ပိတ္ဆို႔ ေပးထားေၾကာင္း သိရသည္။

"လမ္းပိတ္ဆို႔မႈမျဖစ္ေအာင္ ဆည္ေျမာင္းဌာန၊ ၿမိဳ႕နယ္ေထြအုပ္က တာဝန္ရိွသူေတြ၊ မီးသတ္၊ ေဒသခံျပည္သူမ်ားနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြပါ ဝိုင္းဝန္းၿပီး ကန္ေဘာင္ကို သဲအိတ္ေတြနဲ႔ ကာေနပါတယ္။ မိုးမ်ားၿပီးေျမသားေရေလွာင္ကန္ က်ိဳးေပါက္သြားတာပါ" ဟု ပခုကၠဴၿမိဳ႕နယ္၏ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ထူးေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေရေလွာင္ကန္သည္ အက်ယ္ (၁)မိုင္ပတ္လည္ခန္႔ရွိၿပီး ေရပိုလႊဲက်ဳိးေပါက္မႈေၾကာင့္ ပခုကၠဴႏွင့္ ေပါက္ၿမိဳ႕နယ္ ဆက္သြယ္ထားသည့္ ပခုကၠဴ - ကမၼကားလမ္း မိုင္တိုင္အမွတ္ ၁၁/၂ ကန္ေတာ္ေက်းရြာ အနီး ကားလမ္းပိုင္းတြင္ လမ္းပိတ္ဆို႔မႈျဖစ္ပြားေနေၾကာင္း သိရသည္။

သတင္း  - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ ကန်တော်ဆည်မြေသားရေလှောင်ကန်၏ ရေပိုလွှဲမှာ ၂၀၁၈ ခုနှစ် ဇွန်လ (၆)ရက်နေ့ နံနက်(၅)နာရီဝန်းကျင်က ကျိုးပေါက်သွား၍ ပခုက္ကူ- ကမ္မ ကားလမ်းပိုင်းတွင် လမ်းပိတ်ဆို့မှုများဖြစ်ပွားနေကြောင်း ပခုက္ကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ရေလှောင်ကန်ကျိုးပေါက်မှုကြောင့် ကန်အောက်ပိုင်းရှိကျေးရွာများ အန္တရာယ် မကျရောက်စေရေးအတွက် ရေကြောင်းပြောင်းလွဲစေရန် ကန်ဘောင်အား သဲအိတ်များဖြင့် ပိတ်ဆို့ ပေးထားကြောင်း သိရသည်။

"လမ်းပိတ်ဆို့မှုမဖြစ်အောင် ဆည်မြောင်းဌာန၊ မြို့နယ်ထွေအုပ်က တာဝန်ရှိသူတွေ၊ မီးသတ်၊ ဒေသခံပြည်သူများနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ ဝိုင်းဝန်းပြီး ကန်ဘောင်ကို သဲအိတ်တွေနဲ့ ကာနေပါတယ်။ မိုးများပြီးမြေသားရေလှောင်ကန် ကျိုးပေါက်သွားတာပါ" ဟု ပခုက္ကူမြို့နယ်၏ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထူးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ရေလှောင်ကန်သည် အကျယ် (၁)မိုင်ပတ်လည်ခန့်ရှိပြီး ရေပိုလွှဲကျိုးပေါက်မှုကြောင့် ပခုက္ကူနှင့် ပေါက်မြို့နယ် ဆက်သွယ်ထားသည့် ပခုက္ကူ - ကမ္မကားလမ်း မိုင်တိုင်အမှတ် ၁၁/၂ ကန်တော်ကျေးရွာ အနီး ကားလမ်းပိုင်းတွင် လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~